Local News

ဆိုင်ခန်းငယ်လေးထဲနေပြီး ကိုယ်တိုင် ဈေးရောင်းနေတဲ့ လိမ္မာလွန်းတဲ့ ခွေးလေး (ရုပ်သံ)

ဆိုင်ခန်းငယ်လေးထဲနေပြီး ကိုယ်တိုင် ဈေးရောင်းနေတဲ့ လိမ္မာလွန်းတဲ့ ခွေးလေး (ရုပ်သံ)

3 နှစ်သားအရွယ်သာရှိသေးတဲ့ခွေးလေးကိုယ်တိုင်အစားအစာရောင်းတဲ့ဆိုင်လေးကိုဂျပန်နိုင်ငံမှာသာတွေ့ဖူးမှာပါ။အခြားတော့မဟုတ်ပါဘူး၊ခွေးလေးက ကန် စွန်းဥမီးဖုတ် လေးတွေကိုရောင်းချနေတာပါ ။ @hina-shii-ver2 အမည်နဲ့ Twitter အသုံးပြုသူအမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဖြစ်သူက ခွေးလေး ကန်စွန်းဥတွေရောင်းနေတဲ့ ဆိုတဲ့စာသားလေး နဲ့ ဓာတ်ပုံပေးပို့လာခဲ့ပါတယ် ။

အစပိုင်းမှာတော့ စနောက်နေတာလို့ တွေးထင်ခဲ့ပေမဲ့လည်း တစ်ကယ့်ကိုပဲ ခွေးလေးဟာ ဆိုင်ခန်းငယ်လေးထဲမှာ နေပြီး ဗိုက်ဆာနေတဲ့ customer တွေကို စောင့်ဆိုင်းနေခဲ့တာပါ ။ ကိုယ်ပိုင်စီးပွားရေးရှိတဲ့ ခွေးလေးလို့ ပြောရမှာပါပဲ ။

အမှန်တကယ်တော့ ခွေးလေးရဲ့အမည်က Ken-Kun ဖြစ်ပြီး ၊ သူရဲ့အလုပ်ကတော့ customerတွေအတွက် ချစ်ဖို့ကောင်းအောင် နေထိုင်ပြဖို့ပါပဲ ။ ကန်စွန်းဥမီးဖုတ်တွေကိုတော့ ဆိုင်ရဲ့အပြင်ဖက်မှာရှိတဲ့ သေတ္တာလေးထဲမှာ ထည့်ထားပြီး ကိုယ်တိုင်ယူစနစ်နဲ့ရောင်းချနေတာပါ ။တစ်ခုကို 100 yen ကျသင့်မှာ ဖြစ်ပြီး ပိုက်ဆံကို သေတ္တာထဲကိုယ်တိုင်ထည့်ရမှာဖြစ်ပြီး ၊ ပြန်အမ်းငွေကိုတော့ ခွေးလေးက ပြန်အမ်းပေးတတ်မှာ မဟုတ်ပါဘူး ။

ဘယ်သူကမှ ခွေးလေးကိုမလှည့်စားရက်တဲ့အတွက် ခွေးလေးရဲ့စီးပွားရေးကအဆင်ပြေနေတယ်လို့ပြောရမှာပါပဲ ။တစ်နေ့တာအလုပ်ပြီးဆုံးရင်တော့ ခွေးလေးဟာ သူ့ရဲ့သခင်နဲ့အတူ လမ်းလျှောက်ထွက်ရကြောင်း သိရပါတယ် ။ ခွေးလေးရဲ့ဆိုင်ဟာ အတော်လေးကို ရေပန်းစားသွားခဲ့ပြီး ဂျပန်နိုင်ငံရဲ့ TV Channel တွေမှာပါ ပါရှိလာခဲ့ကြောင်း သိရပါတယ် ။

Zawgyi

ဆိုင္ခန္းငယ္ေလးထဲေနၿပီး ကိုယ္တိုင္ ေဈးေရာင္းေနတဲ့ လိမၼာလြန္းတဲ့ ေခြးေလး (႐ုပ္သံ)

3 ႏွစ္သားအ႐ြယ္သာရွိေသးတဲ့ ေခြးေလးကိုယ္တိုင္ အစားအစာေရာင္းတဲ့ ဆိုင္ေလးကို ဂ်ပန္ႏိုင္ငံမွာသာေတြ႕ဖူးမွာပါ ။ အျခားေတာ့မဟုတ္ပါဘူး ၊ ေခြးေလးက ကန္စြန္းဥမီးဖုတ္ ေလးေတြကိုေရာင္းခ်ေနတာပါ ။ @hina-shii-ver2 အမည္နဲ႔ Twitter အသုံးျပဳသူအမ်ိဳးသမီးဟာ သူမရဲ႕ခင္ပြန္းျဖစ္သူက ေခြးေလး ကန္စြန္းဥေတြေရာင္းေနတဲ့ ဆိုတဲ့စာသားေလး နဲ႔ ဓာတ္ပုံေပးပို႔လာခဲ့ပါတယ္ ။

အစပိုင္းမွာေတာ့ စေနာက္ေနတာလို႔ ေတြးထင္ခဲ့ေပမဲ့လည္း တစ္ကယ့္ကိုပဲ ေခြးေလးဟာဆိုင္ခန္းငယ္ေလးထဲမွာ ေနၿပီး ဗိုက္ဆာေနတဲ့ customer ေတြကို ေစာင့္ဆိုင္းေနခဲ့တာပါ ။ ကိုယ္ပိုင္စီးပြားေရးရွိတဲ့ ေခြးေလးလို႔ ေျပာရမွာပါပဲ ။

အမွန္တကယ္ေတာ့ ေခြးေလးရဲ႕အမည္က Ken-Kun ျဖစ္ၿပီး ၊ သူရဲ႕အလုပ္ကေတာ့ customer ေတြအတြက္ ခ်စ္ဖို႔ေကာင္းေအာင္ ေနထိုင္ျပဖို႔ပါပဲ ။ ကန္စြန္းဥမီးဖုတ္ေတြကိုေတာ့ ဆိုင္ရဲ႕အျပင္ဖက္မွာရွိတဲ့ ေသတၱာေလးထဲမွာ ထည့္ထားၿပီး ကိုယ္တိုင္ယူစနစ္နဲ႔ေရာင္းခ်ေနတာပါ ။ တစ္ခုကို 100 yen က်သင့္မွာ ျဖစ္ၿပီး ပိုက္ဆံကို ေသတၱာထဲကိုယ္တိုင္ထည့္ရမွာျဖစ္ၿပီး ၊ ျပန္အမ္းေငြကိုေတာ့ ေခြးေလးက ျပန္အမ္းေပးတတ္မွာ မဟုတ္ပါဘူး ။

ဘယ္သူကမွ ေခြးေလးကိုမလွည့္စားရက္တဲ့အတြက္ ေခြးေလးရဲ႕စီးပြားေရးက အဆင္ေျပေနတယ္လို႔ေျပာရမွာပါပဲ ။ တစ္ေန႔တာအလုပ္ၿပီးဆုံးရင္ေတာ့ ေခြးေလးဟာ သူ႔ရဲ႕သခင္နဲ႔အတူ လမ္းေလွ်ာက္ထြက္ရေၾကာင္း သိရပါတယ္ ။ ေခြးေလးရဲ႕ဆိုင္ဟာ အေတာ္ေလးကို ေရပန္းစားသြားခဲ့ၿပီး ဂ်ပန္ႏိုင္ငံရဲ႕ TV Channel ေတြမွာပါ ပါရွိလာခဲ့ေၾကာင္း သိရပါတယ္ ။