Local News

ညဘက်တွေမှာ မီးပိတ်ပြီး အမှောင်ထဲမှာဖုန်းကို အလွန်အကျွံသုံးတဲ့အတွက်ကြောင့် မျက်စိကွယ်လုနီးပါးဖြစ်သွားတဲ့ အမျိုးသား

တရုတ်နိုင်ငံ Shaanxi မြို့က အမျိုးသားတစ်ဦးဟာ ညနေစောင်းရင် ဖုန်းကို အဆက်မပြတ် သုံးလေ့ရှိတဲ့အတွက်ကြောင့် မျက်စိကွယ်သွားပါပြီ ။ အထူးသဖြင့် ဖုန်းအသုံးများတဲ့ လူငယ်တွေ အထူးသတိပြုသင့်ပါတယ် ။

South China Morning Post သတင်းအရ မစ္စတာ Wangဟာ မိုဘိုင်းဖုန်းအလွန်အကျွံသုံးစွဲပြီး ညတိုင်းအိပ်ရာမဝင်ခင် ညနက်တဲ့အထိ ဖုန်းကိုဆော့လေ့ရှိပါတယ် ။ သူဟာ မကြာခဏ မီးပိတ်ပြီး အမှောင်ထဲမှာ ဂိမ်းဆော့ရင်း တစ်ညလုံး အိပ်ရာထဲမှာ လှဲနေလေ့ရှိပါတယ် ။ တစ်မနက်မှာအိပ်ရာကနိုးလာတဲ့အခါ သူ့မျက်လုံးတွေက မသက်မသာ ရှုတ်ထွေးနေပြီး သူ့ပတ်ဝန်းကျင်က အရာအားလုံး မှုန်ဝါးနေတာကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ် ။

မျက်စိစစ်ဆေးမှုခံယူရန် ဆွေမျိုးများက ဆေးရုံသို့ ချက်ခြင်းခေါ်ဆောင်ခဲ့ရာ ဆရာဝန်များက မျက်လုံးလေဖြတ်ခြင်းဖြစ်ပြီး မျက်စိအမြင်အာရုံကြောများ ပိတ်ဆို့ကာ မြင်လွှာအတွင်း အောက်ဆီဂျင်ပြတ်တောက်မှု ပြင်းထန်စွာ ပိတ်ဆို့သွားကြောင်း ဆရာဝန်များက တွေ့ရှိခဲ့ပါတယ် ။

အဆိုပါအမျိုးသားက ညဘက်မှာ ဖုန်းကို အလွန်အကျွံအသုံးပြုကာ ဖုန်းမျက်နှာပြင်ကို အလွန်အကျွံ အာရုံစိုက်မိခြင်းကြောင့် ညောင်းညာကိုက်ခဲခြင်းနဲ့ မျက်စိညောင်းညာခြင်းတို့ကို ဖြစ်စေကြောင်း ဆရာဝန်များက ပြောကြားခဲ့ပါတယ် ။ Wang ရဲ့အခြေအနေကို ယခုအချိန်မှာ တိတိကျကျမသိရသေးသော်လည်း အိပ်ရာမဝင်မီ ဖုန်းအသုံးပြုမှုကို ကန့်သတ်ရန် ဆရာဝန်များက အကြံပြုထားပါတယ် ။

ဗဟိုမျက်စိဆေးရုံမှာ အလုပ်လုပ်နေသော သက်ကြီးဆရာဝန် Thanh Nien မှ အချက်အလက်များအရ “မင်းရဲ့ဖုန်းကို အမှောင်ထဲမှာအချိန်အကြာကြီး မသုံးပါနဲ့။ အလင်းရောင်ကောင်းစွာရနိုင်တဲ့နေရာမှာ ဖုန်း သို့မဟုတ် နည်းပညာစက်ပစ္စည်းကို အသုံးပြုတဲ့အခါမှာပင် မိနစ် 30 ၊45 မိနစ် လောက်သာအသုံးပြုရန် အကြံပြုထားပြီး၊ ထို့နောက် သင့်မျက်လုံးများကို အနားယူရန် မိနစ်အနည်းငယ်အချိန်ယူပါ”လို့ ပြောထားပါတယ် ။

ညအိပ်ရာမဝင်ခင် ဖုန်းသုံးတတ်တဲ့ အလေ့အကျင့်ရှိတယ်ဆိုရင် ဖုန်းစခရင်ကို night mood ပြောင်းပါ ။ ဖုန်းစခရင်ကိုရဲ့ အလင်းကိုလည်းလျှော့သုံးပါ ။ လှဲလျောင်းနေစဥ် ဖုန်းကို အသုံးမပြုတာက အကောင်းဆုံးပါဘဲ ။

Reference : bestie

Zawgyi

တ႐ုတ္ႏိုင္ငံ Shaanxi ၿမိဳ႕က အမ်ိဳးသားတစ္ဦးဟာ ညေနေစာင္းရင္ ဖုန္းကို အဆက္မျပတ္ သုံးေလ့ရွိတဲ့အတြက္ေၾကာင့္ မ်က္စိကြယ္သြားပါၿပီ ။အထူးသျဖင့္ ဖုန္းအသုံးမ်ားတဲ့ လူငယ္ေတြ အထူးသတိျပဳသင့္ပါတယ္ ။ South China Morning Post သတင္းအရ မစၥတာ Wang ဟာမိုဘိုင္းဖုန္းအလြန္အကြၽံသုံးစြဲၿပီး ညတိုင္း အိပ္ရာမဝင္ခင္ ညနက္တဲ့အထိ ဖုန္းကို ေဆာ့ေလ့ရွိပါတယ္ ။

သူဟာ မၾကာခဏ မီးပိတ္ၿပီး အေမွာင္ထဲမွာ ဂိမ္းေဆာ့ရင္း တစ္ညလုံး အိပ္ရာထဲမွာ လွဲေနေလ့ရွိပါတယ္။တစ္မနက္မွာ အိပ္ရာကႏိုးလာတဲ့အခါ သူ႔မ်က္လုံးေတြက မသက္မသာ ရႈတ္ေထြးေနၿပီး သူ႔ပတ္ဝန္းက်င္က အရာအားလုံး မႈန္ဝါးေနတာကို ေတြ႕လိုက္ရတယ္လို႔ ဆိုပါတယ္ ။

မ်က္စိစစ္ေဆးမႈခံယူရန္ ေဆြမ်ိဳးမ်ားက ေဆး႐ုံသို႔ ခ်က္ျခင္းေခၚေဆာင္ခဲ့ရာ ဆရာဝန္မ်ားက မ်က္လုံးေလျဖတ္ျခင္းျဖစ္ၿပီး မ်က္စိအျမင္အာ႐ုံေၾကာမ်ား ပိတ္ဆို႔ကာ ျမင္လႊာအတြင္း ေအာက္ဆီဂ်င္ျပတ္ေတာက္မႈ ျပင္းထန္စြာ ပိတ္ဆို႔သြားေၾကာင္း ဆရာဝန္မ်ားက ေတြ႕ရွိခဲ့ပါတယ္ ။

အဆိုပါအမ်ိဳးသားက ညဘက္မွာ ဖုန္းကို အလြန္အကြၽံအသုံးျပဳကာ ဖုန္းမ်က္ႏွာျပင္ကို အလြန္အကြၽံအာ႐ုံစိုက္မိျခင္းေၾကာင့္ ေညာင္းညာကိုက္ခဲျခင္းနဲ႔ မ်က္စိေညာင္းညာျခင္းတို႔ကို ျဖစ္ေစေၾကာင္း ဆရာဝန္မ်ားက ေျပာၾကားခဲ့ပါတယ္ ။ Wang ရဲ႕ အေျခအေနကို ယခုအခ်ိန္မွာ တိတိက်က်မသိရေသးေသာ္လည္း အိပ္ရာမဝင္မီ ဖုန္းအသုံးျပဳမႈကို ကန႔္သတ္ရန္ ဆရာဝန္မ်ားက အႀကံျပဳထားပါတယ္ ။

ဗဟိုမ်က္စိေဆး႐ုံမွာ အလုပ္လုပ္ေနေသာ သက္ႀကီးဆရာဝန္ Thanh Nien မွ အခ်က္အလက္မ်ားအရ “မင္းရဲ႕ဖုန္းကို အေမွာင္ထဲမွာ အခ်ိန္အၾကာႀကီး မသုံးပါနဲ႔။ အလင္းေရာင္ေကာင္းစြာရႏိုင္တဲ့ေနရာမွာ ဖုန္း သို႔မဟုတ္ နည္းပညာစက္ပစၥည္းကို အသုံးျပဳတဲ့အခါမွာပင္ မိနစ္ 30 ၊45 မိနစ္ ေလာက္သာအသုံးျပဳရန္ အႀကံျပဳထားၿပီး၊ ထို႔ေနာက္ သင့္မ်က္လုံးမ်ားကို အနားယူရန္ မိနစ္အနည္းငယ္အခ်ိန္ယူပါ”လို႔ ေျပာထားပါတယ္ ။

ညအိပ္ရာမဝင္ခင္ ဖုန္းသုံးတတ္တဲ့ အေလ့အက်င့္ရွိတယ္ဆိုရင္ ဖုန္းစခရင္ကို night mood ေျပာင္းပါ ။ ဖုန္းစခရင္ကိုရဲ႕အလင္းကိုလည္း ေလွ်ာ့သုံးပါ ။လွဲေလ်ာင္းေနစဥ္ ဖုန္းကို အသုံးမျပဳတာက အေကာင္းဆုံးပါဘဲ ။

JRose (KB Chimmy One)