စစ်ရေးအခြေအနေ မကောင်းပါ…
ထိုင်းမြန်မာနယ်စပ် စစ်ရေးအခြေအနေတင်းမာစပြုနေ….💥
ထိုင်းမြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲ့ဆောက်ဖက်ခြမ်းကို အကြမ်းဖက်စစ်ကောင်စီဘက်က ပစ်ခတ်သောလက်နက်ကြီးကျည် စုစုပေါင်း ၁၅ လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထိုင်းဘုရင့်တပ်မတော်မှ
အထူးစစ်သုံးတင့်ကားများ မြန်မာနယ်စပ်နှင့်အနီးဆုံးမယ်ထော်သလေးရွာနှင့် မျက်နှာချင်းဆိုင် မယ့်ကုတ်ကင်းရွာဘက်သို့ အင်အားများစွာဖြင့် ယခုလက်ရှိထွက်ခွာနေပါသည်။
ဓာတ်ပုံ- zaymyo (မဲဆောက်)
သတင်း….
အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက်ကြီးထိုင်းနိုင်ငံအတွင်းရှိ လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲ…
မြဝတီတောင်ဘက် သေဘောဘိုးတပ်စခန်းကုန်းမှ ယနေ့ ဒီဇင်ဘာလ ၂၅ရက်၊ နံနက် ၉ နာရီ ၄၀ မိနစ်ခန့် အချိန်တွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံး ထိုင်းနိုင်ငံဘက်ခြမ်း မော်လီချိုင်းကျေးရွာအတွင်းနေအိမ်တစ်လုံးအပေါ်သို့ ကျရောက်ပေါက်ကွဲ၍ ထိခိုက်ပျက်စီးသည့် မြင်ကွင်း။
(ပုံ-ဒေသခံ)
ရဲမင်း(AAC)—🚩
25/12/2021….