ဗဟုသုတ

သွေးတိုးကျစေရုံသာမက ဆီးချိုပါထိန်းပေးတဲ့ “စောင်းလျားသီး”

(၁) အူမကြီးကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း။ စောင်းလျားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက ကင်ဆာရောဂါမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဆေးသိပ္ပံလေ့လာမှုတွေအရ စောင်းလျားသီးမှာပါတဲ့အမျှင်ဓာတ်ကအစာအိမ်အူလမ်းကြောင်းကအဆိပ်အတောက်တွေကိုနည်းပါးစေကာကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

(၂) အရောင်ကျစေခြင်း၊စောင်းလျားသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ဓာတ်တွေနဲ့ Flavonoidsတွေကြောင့်ရောင်ရမ်းမှုတွေကိုသက်သာစေပါတယ်။အထူး သဖြင့်အရေပြား ရောင်ရမ်းလူနာတွေစားသင့်ပါတယ်။ ဒါ့အပြင်စောင်းလျားသီးမှာ ဗီတာမင်စီများစွာပါတာမို့ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။

(၃) နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ်ပါတာမို့ သွေးတိုးကိုထိန်းညှီကာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

(၄) နို့တိုက်မိခင်တွေစားသင့်၊ စောင်းလျားသီးစားတဲ့ နို့တိုက်မိခင်တွေမှာ နို့ပိုထွက်ဖို့အထောက်အကူပြုတယ်လို့ သိရပါတယ်။

(၅) အလေးချိန်ကျစေခြင်း၊ စောင်းလျားသီးမှာကယ်လိုရီ၊ ကာဗွန်ဟိုက်ဒြိတ်နည်းပါးပြီး အမျှင်နဲ့အာဟာရဓာတ်များစွာပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့အစာခြေချက်မှုကိုအားပေးကာ ဝိတ်ကျစေနိုင်ပါတယ်။

(၆) ကိုယ်ခံအားကောင်းစေခြင်း၊ စောင်းလျားသီးမှာ ဗီတာမင်စီပါဝင်မှုများတာမို့ ပုံမှန်စားရင်ကိုယ်ခံအားကောင်းစေကာ ရောဂါတွေအလွယ်တကူဝင်လို့မရတော့ပါဘူး။

(၇) သွေးပေါင်ထိန်းညှီပေးခြင်း၊ စောင်းလျားသီးမှာပါတဲ့ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေက နှလုံးသွေးကြောကျဉ်းတာ သွေးတိုးတာတွေကို ကာကွယ်ပေးပါတယ်။

(၈) အစာကြေ၊ဝမ်းမှန်စေခြင်း၊ စောင်းလျားသီးမှာ အမျှင်ဓာတ်များစွာပါတာမို့ ပုံမှန်စားရင်လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှာကင်းဝေးစေမှာပါ။

(၉) ဆီးချိုကိုထိန်းညှီပေးခြင်း၊ စောင်းလျားသီးမှာအမျှင်ဓာတ်နဲ့ တခြားဓာတ်တွေများစွာပါတာမို့ ဆီးချိုသမားတွေ ဆီးချိုတက်နေရင်နေ့စဉ်တစ်လုံး ပုံမှန်စားသင့်ပါတယ်။

(၁၀) အဆီဓာတ်ကိုချပေးခြင်း၊ စောင်းလျားသီးပုံမှန်စားရင် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီLDLကိုချပေးပြီး ကောင်းတဲ့အဆီHDLကို တက်စေပါတယ်။ အသည်းအဆီဖုံးရောဂါကို လျော့ပါးစေတယ်လို့ ကြွက်တွေနဲ့လေ့လာထားမှုအရသိရပါတယ်။

(၁၁) ခန္ဓာကိုယ်ကိုသန့်စင်ပေးခြင်း၊ စောင်းလျားသီးကဆီးသွားများစေပါတယ်။ ခန္ဓာကိုယ်ထဲပိုနေတဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲပါကာသန့်စင်ပေးနိုင်ပါတယ်။

(၁၂) လည်ချောင်းနာခြင်းကို သက်သာစေခြင်း၊ စောင်းလျားသီးမှာ အရောင်ကျစေတဲ့အာနိသင်ရှိတာမို့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ တံတွေးပိုမိုထွက်စေကာ မကောင်းတဲ့ပိုးမွှားတွေကို နည်းပါးစေပါတယ်။

(၁၃) အိပ်ရေးဝစေခြင်း၊ စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်၀စွာပါ၀င်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

(၁၄)မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဗီတာမင်အေကြွယ်၀စွာပါ၀င်လို့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဆေးဖက်အဖြစ်အသုံးပြုပုံ၊ စောင်းလျားသီးမှဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့်ချက်စားက ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့်သည်းခြေအိတ်တို့တွင် ကျောက်တည်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

စောင်းလျားသီးကိုစားပေးခြင်းဖြင့် ဆီးရောဂါ၊ဝမ်းရောဂါ၊ သည်းခြေ၊ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါရှိသူများ စောင်းလျားသီးအစိမ်းကို ငါးပြေမသို့မဟုတ် အခြားငါးများနဲ့ ဓါတ်စာအဖြစ် မကြာခဏချက်စားပါ။ ရောဂါကိုထိန်းပေးနိုင်ပါတယ်။

အသီးမှည့်ကိုစားပေးခြင်းဖြင့် ဝမ်းချုပ်ရောဂါ၊ ရေငတ်ရောဂါပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့်ကို သကြားနှင့်စားပါက အော့အန်ခြင်း၊အစာမကြေခြင်းကို ပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့် ရှာလပတ်ရည်သောက်ပေးပါက အဖျားကိုပျောက်စေသည်။

စောင်းလျားသီးကို အခြားဟင်းလျာများနှင့် ချက်၍စားပါက နှုတ်ကိုမြိန်စေသည်။ အတွင်းလိပ်ခေါင်းရောဂါအတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ်စားပေးရသည်။ စောင်းလျားသီးကို ချဉ်ရည်ဟင်းချက်စားပေးပါက ဆီးနှင့်ဝမ်းကိုမှန်စေသည်။

နှုတ်မမြိန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမကြေခြင်းဖြစ်လျှင် စောင်းလျားသီးအစိမ်းကိုပါးပါးလှီး၍ ငါးနှင့်ချက်စားခြင်းဖြင့်ပျောက်နိုင်သည်။ ရင်ဘတ်နာ၊လေနာ၊ မီးယပ်ဝမ်းပျက်၊ အသံပျက်ရောဂါများအတွက် စောင်းလျားသီးမှည့်၂၀လုံး၊ သကြား၅ကျပ်သား၊ ပျားရည်၁၂ကျပ်ခွဲသား၊ စမုန်စပါး၊ စမုန်နီ၊စမုန်ဖြူ၊ စမြိတ်မှုန့်၂ပဲစီထည့်၍ မွှေပြီးဆယ်ရက်ခန့်ထားပါ။

ထို့နောက်ည၊နံနက် ဆေးရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျသောက်ပေးခြင်းဖြင့် အဆိုပါရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

Credit.

(၁)အူမကြီးကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း။ စောင်းလျားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက ကင်ဆာရောဂါမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဆေးသိပ္ပံလေ့လာမှုတွေအရ စောင်းလျားသီးမှာပါတဲ့အမျှင်ဓာတ်က အစာအိမ်အူလမ်းကြောင်းက အဆိပ်အတောက်တွေကိုနည်းပါးစေကာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ဆိုပါတယ်။

(၂)အရောင်ကျစေခြင်း၊ စောင်းလျားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေနဲ့ Flavonoidsတွေကြောင့် ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အထူးသဖြင့်အရေပြား ရောင်ရမ်းလူနာတွေစားသင့်ပါတယ်။ ဒါ့အပြင်စောင်းလျားသီးမှာ ဗီတာမင်စီများစွာပါတာမို့ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။

(၃)နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ်ပါတာမို့ သွေးတိုးကိုထိန်းညှီကာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

(၄)နို့တိုက်မိခင်တွေစားသင့်၊ စောင်းလျားသီးစားတဲ့ နို့တိုက်မိခင်တွေမှာ နို့ပိုထွက်ဖို့အထောက်အကူပြုတယ်လို့ သိရပါတယ်။

(၅)အလေးချိန်ကျစေခြင်း၊ စောင်းလျားသီးမှာကယ်လိုရီ၊ ကာဗွန်ဟိုက်ဒြိတ်နည်းပါးပြီး အမျှင်နဲ့အာဟာရဓာတ်များစွာပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့အစာခြေချက်မှုကိုအားပေးကာ ဝိတ်ကျစေနိုင်ပါတယ်။

(၆)ကိုယ်ခံအားကောင်းစေခြင်း၊ စောင်းလျားသီးမှာ ဗီတာမင်စီပါဝင်မှုများတာမို့ ပုံမှန်စားရင်ကိုယ်ခံအားကောင်းစေကာ ရောဂါတွေအလွယ်တကူဝင်လို့မရတော့ပါဘူး။

(၇)သွေးပေါင်ထိန်းညှီပေးခြင်း၊ စောင်းလျားသီးမှာပါတဲ့ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေက နှလုံးသွေးကြောကျဉ်းတာ သွေးတိုးတာတွေကို ကာကွယ်ပေးပါတယ်။

(၈)အစာကြေ၊ဝမ်းမှန်စေခြင်း၊ စောင်းလျားသီးမှာ အမျှင်ဓာတ်များစွာပါတာမို့ ပုံမှန်စားရင်လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှာကင်းဝေးစေမှာပါ။

(၉)ဆီးချိုကိုထိန်းညှီပေးခြင်း၊ စောင်းလျားသီးမှာအမျှင်ဓာတ်နဲ့ တခြားဓာတ်တွေများစွာပါတာမို့ ဆီးချိုသမားတွေ ဆီးချိုတက်နေရင်နေ့စဉ်တစ်လုံး ပုံမှန်စားသင့်ပါတယ်။

(၁၀)အဆီဓာတ်ကိုချပေးခြင်း၊ စောင်းလျားသီးပုံမှန်စားရင် ခန္ဓာကိုယ်အတွက်မကောင်းတဲ့ အဆီLDLကိုချပေးပြီး ကောင်းတဲ့အဆီ HDLကို တက်စေပါတယ်။ အသည်းအဆီဖုံးရောဂါကို လျော့ပါးစေတယ်လို့ ကြွက်တွေနဲ့လေ့လာထားမှုအရသိရပါတယ်။

(၁၁)ခန္ဓာကိုယ်ကိုသန့်စင်ပေးခြင်း၊ စောင်းလျားသီးက ဆီးသွားများစေပါတယ်။ ခန္ဓာကိုယ်ထဲပိုနေတဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲပါကာသန့်စင်ပေးနိုင်ပါတယ်။

(၁၂)လည်ချောင်းနာခြင်းကို သက်သာစေခြင်း၊ စောင်းလျားသီးမှာ အရောင်ကျစေတဲ့အာနိသင်ရှိတာမို့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ တံတွေးပိုမိုထွက်စေကာ မကောင်းတဲ့ပိုးမွှားတွေကို နည်းပါးစေပါတယ်။

(၁၃)အိပ်ရေးဝစေခြင်း၊ စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်ဝစွာပါဝင်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။ (၁၄)မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဗီတာမင်အေကြွယ်ဝစွာပါဝင်လို့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဆေးဖက်အဖြစ်အသုံးပြုပုံ၊ စောင်းလျားသီးမှဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့်ချက်စားက ကျောက်ကပ်ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့်သည်းခြေအိတ်တို့တွင် ကျောက်တည်ခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။

စောင်းလျားသီးကိုစားပေးခြင်းဖြင့် ဆီးရောဂါ၊ဝမ်းရောဂါ၊ သည်းခြေ၊ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါရှိသူများ စောင်းလျားသီးအစိမ်းကို ငါးပြေမသို့မဟုတ် အခြားငါးများနဲ့ ဓါတ်စာအဖြစ် မကြာခဏချက်စားပါ။ ရောဂါကိုထိန်းပေးနိုင်ပါတယ်။

အသီးမှည့်ကိုစားပေးခြင်းဖြင့် ဝမ်းချုပ်ရောဂါ၊ ရေငတ်ရောဂါပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့်ကို သကြားနှင့်စားပါက အော့အန်ခြင်း၊အစာမကြေခြင်းကို ပျောက်ကင်းစေသည်။ စောင်းလျားသီးမှည့် ရှာလပတ်ရည်သောက်ပေးပါက အဖျားကိုပျောက်စေသည်။

စောင်းလျားသီးကို အခြားဟင်းလျာများနှင့် ချက်၍စားပါက နှုတ်ကိုမြိန်စေသည်။ အတွင်းလိပ်ခေါင်းရောဂါအတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ်စားပေးရသည်။ စောင်းလျားသီးကို ချဉ်ရည်ဟင်းချက်စားပေးပါက ဆီးနှင့်ဝမ်းကိုမှန်စေသည်။

နှုတ်မမြိန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမကြေခြင်းဖြစ်လျှင် စောင်းလျားသီးအစိမ်းကိုပါးပါးလှီး၍ ငါးနှင့်ချက်စားခြင်းဖြင့်ပျောက်နိုင်သည်။ ရင်ဘတ်နာ၊လေနာ၊ မီးယပ်ဝမ်းပျက်၊ အသံပျက်ရောဂါများအတွက် စောင်းလျားသီးမှည့်၂၀လုံး၊ သကြား၅ကျပ်သားပျားရည်၁၂ကျပ်ခွဲသား၊စမုန်စပါး၊ စမုန်နီ၊စမုန်ဖြူ၊ စမြိတ်မှုန့်၂ပဲစီထည့်၍ မွှေပြီးဆယ်ရက်ခန့်ထားပါ။

ထို့နောက်ည၊နံနက် ဆေးရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျသောက်ပေးခြင်းဖြင့် အဆိုပါရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

Credit.