Local News

မိခင်ဖြစ်သူသေဆုံးပြီးနောက် လမ်းမပေါ်ထွက်ကာ အကူအညီတောင်းနေခဲ့တဲ့ ကြံ့သငယ်

မိခင်ဖြစ်သူသေဆုံးပြီးနောက် လမ်းမပေါ်ထွက်ကာ အကူအညီတောင်းနေခဲ့တဲ့ ကြံ့သငယ်

မိခင်ဖြစ်သူ သေဆုံးသွားပြီး အကူအညီမဲ့နေတဲ့ ကြံ့တစ်ကောင်ဟာ အကူအညီရရှိဖို့အတွက် လမ်းမပေါ်သို့လမ်းလျှောက်ထွက်ပြီးအသက်ရှင်ရန် နည်းလမ်းများကို ရှာဖွေခဲ့ပါတယ်။ ကံကောင်းတာကတော့ Liam Burrough ဆိုတဲ့အမျိုးသားက ၎င်းကြံ့ကို တွေ့ရှိကာ ကယ်တင်လိုက်ပါတယ်။

ကြံ့လေးရဲ့ကိုယ်ခန္ဓာက အနည်းငယ်ဒဏ်ရာများရရှိခဲ့ပြီရေကိုလည်းဆာနေပုံရပါတယ်။Liam ဟာဒီကြံ့လေး လိုအပ်နေတဲ့ရေအချို့ကိုလည်း ပေးခဲ့ပါတယ်။ Liam ဟာ သူ့ရဲ့Facebook စာမျက်နှာမှာသွားပြီး ၎င်းရှာဖွေတွေ့ရှိချက်များကိုသူဘယ်လောက်စိတ်ပျက်ကြောင်း လူသိများစေရန် နဲ့ တိရိစ္ဆာန်တွေကို ကျွန်‌တော်တို့ ကောင်းကောင်းမွန်မွန် နဲ့ စောင့်ရှောက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ဥယျာဉ်မှူးတွေဟာ ကုသပေးနေစဉ် ၎င်းကြံ့သငယ်လေးဟာ အလွန်အေးဆေးတည်ငြိမ်စွာ နေခဲ့ပါတယ်။

ထို့ကြောင့် ကျန်းမာစေရန် ကျွမ်းကျင်ပညာရှင်တစ် ဦးက ၎င်းအား ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီကြံ့သငယ်လေးဟာရေရရှိနိုင်ခဲ့တာကြောင့် အလွန်ဝမ်းမြောက်နေပါတယ်။ကြံ့သငယ်ကို မကြာမီမှာဘဲ တောရိုင်းအာဖရိက ရဲ့ပြန်လည်ထူထောင်ရေးစင်တာမှာ နေထိုင်စေခဲ့ပါတယ်။ Shadow ဆိုပြီး နာမည်မှည့်ပေးကာ သူမဟာ အသက်ငယ်နေသေးဒါကြောင့် ပိုမိုကျန်းမာလာသည် နဲ့ အမျှ သူမတောကို ပြန်သွားနိုင်လိမ့်မှာ ဖြစ်ပါတယ်။

တိရိစ္ဆာန်များဟာ အလွန်အားနည်းတဲ့ သတ္တဝါများဖြစ်ကြပြီးကျွန်တော်တို့လူသားမျိုးနွယ်အနေဖြင့်၎င်းတို့ကိုမစောင့်ရှောက်ပါကမည်သူတစ်ဦးတစ်ယောက်ကမှ အလိုမရှိပါဘူး။

Zawgyi




