Local News

ရေနစ်နေတဲ့ ပေါင် ၄၀၀ ရှိ အနက်ရောင်ဝက်ဝံကို ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသားတစ်ဦး

ရေနစ်နေတဲ့ ပေါင် ၄၀၀ ရှိ အနက်ရောင်ဝက်ဝံကို ကယ်တင်နိုင်ခဲ့တဲ့ အမျိုးသားတစ်ဦး

ဝက်ဝံတွေဟာ အလွန်ကြောက်စရာကောင်းတဲ့ တိရိစ္ဆာန်တွေလည်း ဖြစ်နိုင်ပါတယ်။ ၎င်းတို့ဟာ အလွန်ကြီးမားတဲ့ သူတို့ရဲ့ခြေသည်းများ နဲ့ ထက်မြက်တဲ့သွားများ ပိုင်ဆိုင်ထားပြီး သူတို့အရွယ်အစားတွေက သင်ထင်တာထက် ပိုပြီးအားသန်ပါတယ်။ ဝက်ဝံနက်တွေက ၆ ပေအထိအမြင့်ရှိနိုင်ပြီး ပေါင် ၂၀၀ မှ ၆၀၀ ကြားရှိနိုင်ပါတယ်။

သူတို့ဟာ တော်တော်ကြီးမာတဲ့ တိရိစ္ဆာန် တွေဘဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဝက်ဝံနက်များကို မကြာခဏတွေ့ရလေ့ရှိပါတယ်။သို့ပေမဲ့ ဝက်ဝံကို မကြာသေးမီက ဖလော်ရီဒါပြည်နယ်မှာ တွေ့ရှိတဲ့အခါ ဒေသခံများအားလုံးက စိုးရိမ်နေကြပါတယ်။ ဖလော်ရီဒါပြည်နယ်၊ Alligator Point ရှိ ရပ်ကွက်တစ်ခုမှာ မကြာမီက ကြီးမားတဲ့ဝက်ဝံကြီးတစ်ကောင် ရေနစ်နေတာကိုတွေ့ရှိခဲ့ပါတယ်။

တောရိုင်းတိရစ္ဆာန်များမှ တာဝန်ရှိသူတွေဟာ ၎င်းတိရိစ္ဆာန်ကို ကယ်တင်နိုင်ရန် ရွေးချယ်စရာနည်းလမ်း မရှိတာကြောင်း အလွန်ရဲရင့်တဲ့အာဒံ အမည်ရှိ ဇီဝဗေဒပညာရှင် အမျိုးသားတစ်ဦးက သမုဒ္ဒရာသို့ ပြေးဝင်ပြီး ပင်လယ်ကွေ့ကို ထပ်မံ ရေကူးသွားကာ ကယ်တင်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် အာဒံဟာ ပေါင် ၄၀၀ ဝက်ဝံ နဲ့ အတူ ၇၅ ပေခန့် ရေကူးလာပြီး ဝက်ဝံကို ဆွဲခေါ် လာဖို့ ခက်ခဲသော်လည်း အာဒံဟာ ဘယ်တော့မျှ အရှုံးမပေးခဲ့တာကြောင့် နောက်ဆုံးမှာ ဝက်ဝံကိုရေထဲမှ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဝက်ဝံဟာ မြေပေါ်ကို ရောက်ရှိတာ နဲ့တစ်ပြိုင်နက် Osceolaအမျိုးသားသစ်တောအဖွဲ့တွေဟာ ဝက်ဝံကိုသစ်တောထဲသို့ လွှဲပြောင်းစေ ခဲ့ပါတယ်။

Zawgyi






crd