News

“ဗမာလူမျိုး တိုင်းရင်းသား လက်နက်ကိုင်တပ်မတော် (သို့မဟုတ်) သူရဲကောင်းတို့မွေးဖွားရာမြေ စစ်ကိုင်းတိုင်း….”

လက်ရှိ ပကတိအခြေအနေမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် မှတ်ကျောက်တင်ခံရသည့် တစ်ခု့တည်းသော တိုင်းသည် စစ်ကိုင်းတိုင်းဖြစ်တယ်။

မအလအား တော်လှန် တိုက်ထုတ်ရန်အတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံတွင် လက်နက်ကိုင်တပ်ဖွဲ့များ အသီးသီး ရှိနေကြသော်လည်း ဗမာလူမျိုးတစ်ခု့တည်း၌သာ ကိုယ်ပိုင် လက်နက်ကိုင် တော်လှန်ရေးတပ် မရှိပေ။ ထိုလိုအပ်ချက်သည် ယခု့အခါ စစ်ကိုင်းတိုင်းကြောင့် ပိုင်ဆိုင်ခွင့် ရလာပြီဖြစ်တယ်။

လွန်ခဲ့သော ၅လ ၆လောက်က အင်မတန်မှ ရိုးသားသော တောသူတောင်သား အညာသားများဟာ လေးခွကိုကိုင် ဓါးမခါးကြားထိုးပြီး လက်နက်ရှိသူနှင့်အတူ ပြေးရင်းလွှားရင်း မအလတပ်အား ခုခံစစ်ကို ဆင်နွှဲခဲ့တယ်။ပိုင်ဆိုင်သမျှကို မီးအရိူ့ခံ၊ အဖျက်ဆီးခံ၊ အလု့ယက်ခံရပြီးသည့်နောက် ဒီအတိုင်း လည်စင်းကာ အသေခံပေးရမှာထက် သေကာမှသေရော ပြန်ချတဲ့လမ်းကို ရွေးချယ်ခဲ့ကြတယ်။

ဒါကြောင့် ဒီနေ့အချိန်မှာတော့ အခြေအနေများဟာ လုံးဝပြောင်းလဲသွားပြီးဖြစ်ကာ ဒေသထွက် သေနတ်မျိုးစုံ၊ ကျည်မျိုးစုံ၊ လက်နက်ကြီးမျိုးစုံ၊ မိုင်းမျိုးစုံ၊ ဗုံးမျိုးစုံကိုသာမက ရေမြုပ်ဗုံးများကိုပါ တီထွင်လာကြပြီးဖြစ်သလို မအလရဲ့ ချင်းတွင်းမြစ်ထဲက သဘ်ောတွေကို ရေမြုပ်ပစ်နိုင်တဲ့အထိ ပျောက်ကျားစစ်က အံ့မခန်းတိုးတက်လာတယ်။

ရေကြောင်း ကြည်းကြောင်းမှာ မအလတပ်တွေကို လမ်းပေါ်တက်တာနဲ့ လူရောကားပါ အသက်ပျောက်အောင် တီးထားနိုင်တဲ့ စစ်ကိုင်းတိုင်းရဲ့ အထူးလိုအပ်ချက်က လေယဥ်ပစ်လက်နက်တွေပါပဲ။ စစ်ကိုင်းPDFအဖွဲ့တွေဟာ သူတို့ကို လာရောက်ပစ်ခတ်ရင်း မသာတွေကို ပြန်သယ်သွားတဲ့ မအလရဲ့ စစ်လေယဥ်တွေကို ကြည့်ပြီး လက်ယားကာ “တောက်” တချီးချီး ခေါက်နေရတယ်။

ဒီလိုအပ်ချက်သာ ပြည့်ခဲ့ရင် စစ်ကိုင်းတိုင်းသည် သေချာပေါက် ဗမာလူမျိုးတိုင်းရင်းသားတို့ရဲ့ လွတ်မြောက်ဒေသ အစစ်ဖြစ်ပြီ။ ကိုယ်ပိုင်လက်နက်ကိုင်တပ်ရှိရင် စိုးမိုးရာနေရာကတဆင့် ကိုယ်ပိုင်လွတ်မြောက်ရာနယ်မြေကို ရရှိဖို့ဆိုတာ သိပ်မခက်ခဲတော့ပါ။

ဒါကြောင့် လွတ်မြောက်လိုပါသလား..?

စစ်ကိုင်းကို အင်းအားတိုးအောင် ပူးပေါင်း ပါဝင်ပါ။

လိုအပ်တဲ့ လက်နက်နဲ့ စားရေးရိက္ခါအတွက် စစ်ကိုင်းကို ပုံအောလူုပါ။

မအလကို အမြစ်ဖြတ်ဖို့အတွက် စစ်ကိုင်းက တော်လှန်ရေးအဖွဲ့တွေကို ဒီအချိန်မှာ ဘက်ပေါင်းစုံကနေ အစွမ်းကုန် ထောက်ပံ့ကြပါလို့ တိုက်တွန်းရင်း
စစ်ကိုင်းတိုင်းကို ဂုဏ်ယူ ဦးညွှတ်လျှက်

ချစ်ကိုကြီး

၂၄.၁၂.၂၁