News

“တဖြည်းဖြည်း ထိရောက် မှန်ကန်လာသော ပုဂံသစ္စာ ၊ ပုဂံကျိန်စာ”

{၆-၃-၂၀၂၁ နေ့ သစ္စာဆိုခဲ့ကြသည်~~} ယခုသစ္စာဆိုခဲ့သည့်အတိုင်း အမှန်ဖြစ်နေပါသည်။

ပြည်သူ့သစ္စာစူးပါက အောက်ပါအတိုင်း ခံစားကြရသည်~~~

(၁) လမ်းလွဲနေသောကျည်ဆံပင် ဖြစ်လင့်ကစား အတည့်လာမှန်၏။ မည်သို့ပင် ရှောင်စေကာမူ မလွတ်ကုန်။

(၂) ရန်သူကို မမြင်ရပဲ ရန်သူ၏အမြင်ကိုသာ ခံရ၏။ ထို့ကြောင့် ရန်သူ၏သုတ်သင် သတ်ဖြတ်ခြင်းကိုသာ ခံရကုန်၏။

(၃) မိမိတပ်ဖွဲ့ဝင် အချင်းချင်းကို ရန်သူဟု့ အထင်မှား အမြင်မှားဖြစ်ကာ ပစ်ခတ်ဗုံးကျဲ သေပွဲဝင်ရာ၏။

(၄) မြေကြီးနင်းလျှင်မိုင်းကွဲ၍ ရေထဲဆင်းလျှင် ညောင့်စူးကြကုန်၏။

(၅) တိုက်သည့်တိုက်ပွဲတိုင်း ရူံး၏။ မရူမလှ ခွေးသေဝက်သေ အသေဆိုးဖြင့်သာ သေဆုံးရ၏။

(၆) သေသောအခါ၌လည်း မိမိ၏အလောင်းကို လမ်းဘေးတွင်လည်းကောင်း၊ မြစ်ချောင်းတို့တွင်လည်းကောင်း၊ အိမ်သာမစင်ကျင်းတို့တွင်လည်းကောင်း၊ ပစ်ချစွန့်ပစ်ခြင်းကိုသာ ခံကြရကုန်၏။

(၇)မိမိအသေဆိုးဖြင့်သေသည့် သတင်းကို အရပ်လေးမျက်နှာမှ လူပုဂ္ဂိုလ်အများ ကြားရသည်ရှိသော် နှစ်ထောင်းအားရဖြစ်ကာ လက်ပမ်းဖေါက်လျှက် ဝမ်းသာရွှင်မြူးကြကုန်၏။ မသနားသည့်အပြင် ဆဲရေးတိုင်းထွာကဲ့ရဲ့ခြင်းပင် ပြုကြ၏။

(၈) ဒဏ်ရာရသော် ခြေပြတ်လက်ပြတ်ဖြစ်ကာ သူဖုန်စားအဖြစ် လှည့်လှည်တောင်းစားရ၏။

(၉)မလုံမခြုံနေထိုင်ကြရပြီး စိုးရွံထိတ်လန့်မူသာ အချိန်ပြည့်ခံစားရကုန်၏။

(၁၀) မိမိ၏မိသားစု့ဝင်များနှင့် အဆွေအမျိုးတို့သည် အရပ်တကာတွင် ခေါင်းငုံ့ ရှက်ရွံ့စွာဖြင့် ဂုဏ်ငယ်ကြရကုန်၏။

(၁၁)သစ္စာစူးမူ့ဒဏ်ကြောင့် သေသော် ငရဲ၌ မကျွတ်တမ်း မလွတ်တမ်း ခံစားရကုန်၏။

🔥🔥🔥🔥🔥🔥🔥🔥

ဤသည်ကား ပြည်သူ့သစ္စာစူးခြင်းကြောင့် ခံစားရမည့်ရလဒ်များဖြစ်သည်~~~

Photo : ပုဂံတွင် ပြည်သူများက ကျိန်စာတိုက် ခဲ့သည့် ဓာတ်ပုံ

crd :::::::::