မိုးညှင်းက တပ်ရင်းနှစ်ခု သိမ်းခံရတယ်ဆိုလို့ပါ
တပ်ရင်း တရင်းမှာ စခအင်အား ၁၂၀ – ၁၄၀ ထိ ရှိပြီး ရှေ့တန်းထွက်နိုင်တဲ့ စစ်ထွက်အင်အားက ၉၀ – ၁၀၀ ရှိတတ်တယ်၊ သူတို့ပြောပြောနေတဲ့ အရံအင်အား ရဲမေတွေကိုပါ ထည့်ပေါင်းရင် အင်အား နှစ်ရာနီးပါးရှိတယ်
အဲဒီလို တပ်ရင်းတရင်း ကျဖို့ဆိုတာ အတော်မလွယ်တာကျပြီဆိုရင် အဲဒီနယ်တနယ်လုံးက တပ်ရင်းတွေအကုန် စိတ်ဓာတ်ကျမှာပဲ တပ်ရဲမေတွေဆိုရင် ပိုဆိုးတယ်
အရင်ကတည်းက ကြောက်လို့ရယ်၊ လင်ကိုမခွဲနိုင်လို့ရယ်၊ အပြင်မှာ နေစရာမရှိလို့ရယ်ကြောင့် အောင့်အီးသီးခံပြီး ကျွန်ဝယ်ရာအဆစ်ပါတဲ့ စစ်ကျွန်အဆစ်တွေဆိုတော့ ဒီလိုအခြေအနေမှာ တပ်ရင်းကို ကာကွယ်ဖို့ထက် လွတ်မြောက်ဖို့ပဲ စဉ်းစားကြလိမ့်မယ်
အိချောပိုတို့၊ စိုးမြတ်သူဇာတို့နဲ့ ရိုက်ပြီးလွှင့်တဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည်ဆိုတဲ့ နောက်ချန် ရဲမေတွေက သေနတ်ကိုင်ပြီးခုခံကြတဲ့ ဝါဒဖြန့်ကားထဲကလိုတော့ ဘယ်သူမှ စိတ်ဓာတ်မရှိကြတော့ပါဘူး၊ အတော်ကို ရှားရှားပါးပါးဖြစ်ရပ်မို့လို့ အဖြစ်မှန်ဆိုရင်တောင် တခါပဲဖြစ်ဖူးပါလိမ့်မယ်
ခေတ်က အရင်တုန်းကလို သောင်းကျန်းသူလို့ ခေါင်းစဉ်တပ်ခံထားရတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ဖြစ်တဲ့ စစ်ပွဲမဟုတ်တော့ဘူး
သူတို့အတွက် ဒီတိုက်ပွဲဟာပြည်သူတရပ်လုံးက ပါဝင်ပြီး ထောက်ခံအားပေးတဲ့ PDFတွေနဲ့ တိုက်ရတဲ့ စစ်ပွဲ ပြည်သူ့သွေးသား PDFတွေကို လက်ခံစောင့်ရှောက်ပေးနေတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဖြစ်တဲ့စစ်ပွဲ
သူတို့ အဘတွေ ဘယ်တုန်းကမှ တိုက်လို့မနိုင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်တဲ့ပွဲ တကမ္ဘာလုံးက မတရားအာဏာသိမ်းတယ်လို့ လက်ခံထားပြီး
ရှုတ်ချပြစ်တင်ခံနေရတဲ့ စစ်ကောင်စီဘက်ကနေ တိုက်ရတဲ့ပွဲ
တပ်ပြင်ထွက်လိုက်ရင်တောင် ပြည်သူထဲကို ရဲရဲမသွားရဲတဲ့အခြေအနေမှာ တိုက်ရမယ့်ပွဲ !
သူတို့နောက်မှာ ပြည်သူတွေက အရင်လို သပြေပန်းကိုင်ပြီး ရှိနေခဲ့တာမဟုတ်တော့ပဲ လက်သီးလက်မောင်းတန်းပြီး မုန်းတီးနာကျည်းစွာရှိနေတဲ့ တိုက်ပွဲ !
အနယ်နယ်အရပ်ရပ်မှာ တပ်နဲ့တပ်မိသားစုတွေကို ရွံမုန်းနေကြပြီး ပြည်သူ့ဘက်ကို ကူးလိုက်ရင်တော့ နွေးထွေးပျူငှာစွာကြိုဆိုနေတဲ့ ရွေးချယ်စရာ အခြေအနေရှိနေတဲ့ တိုက်ပွဲဖြစ်တယ်
အဲတော့ ဒီလိုအခြေအနေတွေကို သိနေတဲ့ ရဲမေတွေက လင်တိုက်ပွဲကျလို့ လင့်သေနတ်ကောက်ကိုင်ပြီး တိုက်ပွဲဝင်ကြမယ်ဆိုတာမျိုးက အတော်ကို စိတ်ကူးယဉ်ဆန်တဲ့ကိစ္စဖြစ်သွားပြီ၊ အခုတောင် ထွက်ပြေးချင်နေကြတဲ့ အနေအထား၊ မယုံလို့ တပ်ရင်းတံခါးဖွင့်ပေးကြည့်ပါလား၊ အထုပ်ဆွဲပြီး ပြေးထွက်လာကြလိမ့်မယ်
ဆိုတော့.. ငပွကြီးတို့အဖွဲ့ရဲ့ ဇာတ်သိမ်းခန်းက တဖြည်းဖြည်းနီးလာပြီပြောရမယ်
ဂေါင်းကြီးတို့ကတော့ မြေပုံပေါ်လက်ထောက်ပြီး ဒီနေရာသူ့တပ်တွေရှိတယ်၊ ဟိုနေရာမှာ သူ့တပ်တွေရှိတယ်လို့ တွေးပြီး နယ်မြေစိုးမိုးနိုင်တယ်ထင်ချင်ထင်နေလိမ့်မယ်၊ တကယ်တမ်းအခြေအနေက သူ့တပ်တွေက တပ်စွဲထားပြီး အပြင်တောင် မထွက်ရဲကြဘူး
ဘေးပတ်ပတ်လည်မှာ PDFတွေချည်းပဲ ကျက်စားနေကြတာ
ဂေါင်းကြီးတို့က ဟန်ပဲရှိတော့တာ
အခြေအနေ။ နိုင်တော့မှာ။
ခေတ် ငြိမ်း