ဗဟုသုတ

“ဘာကြောင့် စာဖတ်ဖို့လိုသလဲ” အရမ်းတန်ဖိုးရှိလို့ အချိန် ၂မိနစ်လောက်ပေးပြီး ဖတ်ကြည့်နော်….

“ဘာကြောင့် စာဖတ်ဖို့လိုသလဲ” အရမ်းတန်ဖိုးရှိလို့ အချိန် ၂မိနစ်လောက်ပေးပြီး ဖတ်ကြည့်နော်….

ဆရာကြီးဦးအောင်သင်းရဲ့ အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကား… လူနဲ့တိရစ္ဆာန် ဘယ်သူသာလဲမေးရင်??? လူကသာတယ်လိုပဲ ဖြေကြတယ်…

စဉ်းစားကြည့်ရအောင်… မြင်းလောက်အပြေးသန်သလား? – ဆင်လောက်ခွန်အားကြီးသလား? – ငါးလောက်ရေကူးကျွမ်းသလား? – ကျီးကန်တို့လဒတို့လောက် မျက်စိလျှင် လား? – အယ်ဇေးရှင်းခွေးလောက် အနံ့ခံကောင်းလား?

အဖွဲ့အစည်းနဲ့ ဘာနဲ့ ညာနဲ့ စည်းလုံးတယ် ဘာညာနဲ့ မပြောနဲ့… ပျားတွေလောက် မစည်းလုံးဘူးနော်… ပျားတွေဟာ သိပ်ဝီရိယကောင်းတယ် ပန်းပွင့်မညိုးခင် မနက်စောစော ကတည်းက လုံ့လစိုက်ပြီး အလုပ်လုပ်တယ်။

ပျားတစ်ကောင်ဟာ ပန်းဝတ်ရည်ကို တွေ့လာရင် သတင်းလာပို့တယ်… သူက ဦးဆောင်ခေါ်သွားတယ် နောက်ကပျားတွေကလည်း ထပ်ကြပ်မကွာလိုက်တယ်… သူတို့ယူလာတဲ့ ဝတ်ရည်ကို သိုလှောင်တဲ့နေရာမှ အတိအကျထားတယ်…

ဘယ်ပျားကမှ မခိုးဘူး ။ မှောင်ခိုမချဘူး ကောင်းလိုက်တဲ့ဗီဇ… ရှဉ့်လျှောက်လို့ရအောင် လမ်းချန်ပေးထားတယ်… သူများသွားလမ်း ပိတ်မထားဘူး။ လူတွေလို ဘယ်သူသေသေ ပြီးပြီးရောဆိုတဲ့ စိတ်ယုတ်မရှိဘူး။

ပျားအုံကိုထိရင် အသေခံကာကွယ်တယ်။ ပျားတွေ နိုင်ငံတော်သည် ဘယ်လောက် အားကျဖို့ကောင်းလဲ? ဘယ်လောက် အတုယူဖို့ကောင်းလဲ ကောင်းပြီ ဆက်စဉ်းစားကြရအောင်….. လူတွေဟာ တိရစ္ဆာန်တွေထက် ဘယ်နေရာသာသလဲ အဖြေထုတ်ကြည့်ရင် သုံးမျိူးပဲရှိတယ်…

၁- အလှအပကို ခံစားတတ်ခြင်း ဖန်တီးတတ်ခြင်း။

၂- ကိုယ့်ကျင့်တရားရှိခြင်း။

၃- ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း ဉာဏ်ပညာရှိခြင်း။

လူတွေဟာ အလှအပကို ခံစားတတ်တယ် ဖန်တီးတတ်တယ်… တိရစ္ဆာန်တွေမှာ ကိုယ်ကျင့်တရားမရှိဘူး.. ကြီးနိုင်ငယ်ညှင်းတယ်… မကောင်းတာကောင်းတာ သူတို့မသိဘူး… ကိုယ့်ကျင့်တရားဆိုတာလည်း မရှိဘူး…

လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင် တိရစ္ဆာန်နဲ့ မခြားနားဘူး… ကျိုးကြောင်းဆင်ခြင်ဉာဏ် ပညာကြီးတယ်။ ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်။

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို ချွန်ပေါက်ပြီး သစ်ဆွဲခိုင်းတယ်… မြင်းကိုပါးချုပ်တပ်ပြီး ခွစီးတယ် လှည်းတပ်ဆွဲခိုင်းတယ်… ရေကူးကျွမ်းတဲ့ငါးကို ငါးမျှားချိတ်နဲ့မျှားတယ် ပိုက်နဲ့ဖမ်းတယ်…

ကိုယ့်ထက် စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်… ဒါဘာလို့လဲ??? လူတွေက တိရစ္ဆာန်တွေထက် အကျိူးအကြောင်း ဆင်ခြင်နိုင်လို့ ဉာဏ်ပညာကြီးလို့ပေါ့… လူတွေကတိရစ္ဆာန်တွေအပေါ် လွှမ်းမိုးနိုင်တာဟာ ဉာဏ်ပိုကြီးလို့ ဒါဆိုရင် လူအချင်းချင်းရော??? စဉ်းစားနော်သေချာစဉ်းစား…

လူတွေမှာလည်း ပညာကြီးတဲ့လူက ပညာနည်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့… သူများနိုင်ငံမှာသွားပြီး ပညာသင်ရတယ်… သူများနိုင်ငံမှာသွားပြီး အောက်ကျို့ခံ အလုပ်လုပ်ရတယ် သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ ဒါကို တို့နိုင်ငံက လူတွေက အခုချိန်ထိပညာကို တန်ဖိုးထားရကောင်းမှန်းမသိဘူး…

အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့… အဲ့ဒီတော့ သူများလွှမ်းမိုးတာ မခံရအောင် သူများခေါင်းပုံဖြတ်တာ မခံရအောင် သူများလူလည်ကျတာ မခံရအောင် သူများအနိုင်ကျင့်တာ မခံရအောင် ပညာတတ်ဖို့ အမြင်ကျယ်ဖို့ အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်… ဘာလုပ်ရမလဲ???

စာဖတ်ရမှာပေါ့… စာဖတ်တယ်ဆိုတာ သူများအမှား ကိုယ်ဆက်မမှားအောင်လုပ်တာ… သူများအတွေအကြုံ ကိုယ့်အတွေအကြုံအဖြစ် ရယူတာ… စာဖတ်တဲ့နေရာမှာ ဦးနှောက်ကို ခွန်အားဖြစ်စေမယ့် စာမျိူး များများဖတ်ပါ ။ဘဝကိုဦးနှောက်က ဦးဆောင်တာ အသိပညာရစေမယ် စာတွေ များများဖတ်စေချင်တယ်…

ဆရာကြီးအားလေးစားလျက်