Local News

လမ်းဘေးမီးတိုင်အောက်မှာစာလုပ်နေတဲ့ကလေးကိုအိမ် တစ်လုံးဆောက်ပြီးလှူဒါန်းလိုက်တဲ့သူဌေး






နရောတှမှောအခုလိုထောကပြံ့ပေးလိုကတြဲ့ Yaqoob Yusuf Ahmedရဲ့စိတဓြာတလြေးကတော့တကယ့ကြိုခွီးကွူးခငွစြရာပါပဲ။

zawgyi

လမ်းဘေးမီးတိုင်အောက်မှာစာလုပ်နေတဲ့ကလေးကိုအိမ် တစ်လုံးဆောက်ပြီးလှူဒါန်းလိုက်တဲ့သူဌေး

မကြာသေးခင်ကာလက လမ်းဘေးမီးတိုင်အောက်မှာ စာလုပ်နေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ပုံဟာ အွန်လိုင်းမှာပြန့်နှံ့ခဲ့ပါတယ်။ အဆိုပါစာလုပ်နေတဲ့ကောင်လေးဟာပီရူးနိုင်ငံကအသက် ၁၁နှစ်အရွယ်Victor Martin Angulo Cordobaဆိုတဲ့ကောင်လေးဖြစ်ပါတယ်။

Victor ရဲ့လမ်းဘေးမှာစိတ်ပါလက်ပါစာလုပ်နေတဲ့ပုံဟာပီရူးနိုင်ငံတစ်ခုတင်မကဘဲတစ်ကမ္ဘာလုံးလိုလိုပြန့်နှံ့သွားခဲ့ပါတယ်။

Yaqoob ဟာ ictorလေးရဲ့ ပုံတွေကို ကြည့်ပြီးကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူကိုယ်တိုင်ကလည်း တစ်နိုင်တစ်ပိုင်ပရဟိတလုပ်ငန်းတွေကို လမ်းကမ်းမှီသ လောက်လိုက်လံဆောင်ရွက်ပေးနေသူဖြစ်တာကြောင့်Victorလေးအတွက်အိမ်ဆောက်လှူဒါန်းဖို့ဘာရိန်းကနေပီရူးမှာရှိတဲ့ Moche နယ်မြို့လေးကိုရောက် လာခဲ့ပါတယ်။

အဲ့ဒီနောက် Victorလေးတို့မိသားစုနေတဲ့ သာမန်အိမ်လေးကို နှစ်ထပ်အိမ်လေးအဖြစ်ဆောက်ပေးခဲ့ပြီး လျှပ်စစ်မီးပါတစ်ခါတည်ရသွားအောင်ဆောင်ရွက်ပေးခဲ့ပါတယ်။Yaqoob ဟာ Victorလေးအတွက် အိမ်လေးတစ်လုံးဆောက်ပေးရုံတင်မကပါဘူး သူတက်နေတဲ့ကျောင်းကိုပါ ပညာရေးဆိုင်ရာထောက်ပံ့ပစ္စည်းတွေထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရပါတယ်။ဒီလိုတကယ်လိုအပ်နေတဲ့

နေရာတွေမှာအခုလိုထောက်ပံ့ပေးလိုက်တဲ့ Yaqoob Yusuf Ahmed ရဲ့စိတ်ဓာတ်လေးကတော့တကယ့်ကိုချီးကျူးချင်စရာပါပဲ။