Local News

မုဆိုးတွေရဲ့လက်ချက်ကြောင့် မိခင်တွေဆုံးပါးသွားပြီး ကျန်ရစ်နေတဲ့ ကြံ့ငယ်လေးတွေအတွက် ခိုလှုံရာနေရားများစွာကို ထူထောင်ခဲ့တဲ့ ကြင်နာတက်သူများ

နှစ်စဉ်နှစ်တိုင်း ကြံ့အများအပြားက မုဆိုးများရဲ့ လက်ချက်နဲ့ ဆုံးပါးသွားလေ့ရှိပြီး မိဘမဲ့ကြံ့ကလေးများဟာ သူတို့ကိုယ်သူတို့မကျွေးမွေးနိုင်ဘဲကျန်ရစ်ခဲ့ရပါတယ် ။ ကျေးဇူးတင်စွာဖြင့် ကူညီရန် ကြံ့မိဘမဲ့ဂေဟာများ ရှိသော်လည်း ပြဿနာက အလွန်ကြီးမားဆဲဖြစ်ပါတယ် ။

ကြံ့နွားကလေးဟာ သူတို့ရဲ့မိခင် ဆုံးပြီးတဲ့နောက် လူ့မိသားစုအသစ်နဲ့အတူ နေထိုင်နေပါတယ် ။ ကြံ့ချိုများက မှောင်ခိုဈေးကွက်မှာ ရွှေထက်ပိုမိုတန်ဖိုးရှိပြီး တစ်ခုလျှင် ဒေါ်လာထောင်နဲ့ချီပြီး ရရှိနေပါတယ် ။

အထူးသဖြင့် ဇင်ဘာဘွေမှ မိဘမဲ့ကြံ့လေးဟာ သူ့အမေက ဆုံးသွားပေမဲ့လည်း သူ့ကို ပြုစုစောင့်ရှောက်ပေးသူ မိသားစုအသစ်ရဲ့ ကျေးဇူးကြောင့်ယခုအခါမှာ သူ့ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန် နွေးထွေးတဲ့ အိမ်နဲ့ မိသားစုတစ်ခု ရှိနေပြီဖြစ်ပါတယ် ။

မုဆိုးများအမဲလိုက်ခြင်းကြောင့် မိခင်များဆုံးရှုံးသွားတဲ့ ကြံ့ငယ်လေးများကို ပြုစုစောင့်ရှောက်ရန်‘ဒဏ္ဍာရီကြံ့မိဘမဲ့ကျောင်း’ နဲ့ ‘ကြံ့ကျောင်းဆောင်’စတဲ့ အဖွဲ့အစည်းများစွာကို ထူထောင်ထားရပါတယ် ။

ကြံ့ခိုးယူမှုပြဿနာကအခုအချိန်မှာအရမ်းဆိုးရွားနေဆဲပါ ။ကံမကောင်းစွာပဲ၊ဒါဟာကိုင်တွယ်ဖြေရှင်းဖို့လွယ်ကူတဲ့အရာမဟုတ်ပါဘူး ။မကြာခဏဆိုသလို၊ ပစ္စုပ္ပန်ရဲ့ ရေတိုအကျိုးအမြတ်တွေဟာ ကျွန်ုပ်တို့ရဲ့ အနာဂတ်ကမ္ဘာကြီးရဲ့ ကုန်ကျစရိတ်နဲ့ ရောက်လာတတ်ပါတယ် ။

Reference : goodtimes

Zawgyi

ႏွစ္စဥ္ႏွစ္တိုင္း ႀကံ့အမ်ားအျပားက မုဆိုးမ်ားရဲ႕ လက္ခ်က္နဲ႔ ဆုံးပါးသြားေလ့ရွိၿပီး မိဘမဲ့ႀကံ့ကေလးမ်ားဟာ သူတို႔ကိုယ္သူတို႔ မေကြၽးေမြးႏိုင္ဘဲ က်န္ရစ္ခဲ့ရပါတယ္ ။ ေက်းဇူးတင္စြာျဖင့္ ကူညီရန္ ႀကံ့မိဘမဲ့ေဂဟာမ်ား ရွိေသာ္လည္း ျပႆနာက အလြန္ႀကီးမားဆဲျဖစ္ပါတယ္ ။

ႀကံ့ႏြားကေလးဟာ သူတို႔ရဲ႕မိခင္ ဆုံးၿပီးတဲ့ေနာက္ လူ႔မိသားစုအသစ္နဲ႔အတူ ေနထိုင္ေနပါတယ္ ။ ႀကံ့ခ်ိဳမ်ားက ေမွာင္ခိုေဈးကြက္မွာ ေ႐ႊထက္ပိုမိုတန္ဖိုးရွိၿပီး တစ္ခုလွ်င္ ေဒၚလာေထာင္နဲ႔ခ်ီၿပီး ရရွိေနပါတယ္ ။

အထူးသျဖင့္ ဇင္ဘာေဘြမွ မိဘမဲ့ႀကံ့ေလးဟာ သူ႔အေမကဆုံးသြားေပမဲ့လည္း သူ႔ကို ျပဳစုေစာင့္ေရွာက္ေပးသူ မိသားစုအသစ္ရဲ႕ ေက်းဇူးေၾကာင့္ယခုအခါမွာ သူ႔ကို ေကာင္းမြန္စြာ ျပဳစုေစာင့္ေရွာက္ရန္ ေႏြးေထြးတဲ့ အိမ္နဲ႔ မိသားစုတစ္ခု ရွိေနၿပီျဖစ္ပါတယ္ ။

မုဆိုးမ်ားအမဲလိုက္ျခင္းေၾကာင့္ မိခင္မ်ားဆုံးရႈံးသြားတဲ့ ႀကံ့ငယ္ေလးမ်ားကို ျပဳစုေစာင့္ေရွာက္ရန္ ‘ဒ႑ာရီႀကံ့မိဘမဲ့ေက်ာင္း’ နဲ႔ ‘ႀကံ့ေက်ာင္းေဆာင္’စတဲ့ အဖြဲ႕အစည္းမ်ားစြာကို ထူေထာင္ထားရပါတယ္ ။

ႀကံ့ခိုးယူမႈျပႆနာက အခုအခ်ိန္မွာ အရမ္းဆိုး႐ြားေနဆဲပါ ။ ကံမေကာင္းစြာပဲ၊ ဒါဟာကိုင္တြယ္ေျဖရွင္းဖို႔လြယ္ကူတဲ့အရာမဟုတ္ပါဘူး ။ မၾကာခဏဆိုသလို၊ ပစၥဳပၸန္ရဲ႕ ေရတိုအက်ိဳးအျမတ္ေတြဟာ ကြၽႏ္ုပ္တို႔ရဲ႕ အနာဂတ္ကမာၻႀကီးရဲ႕ ကုန္က်စရိတ္နဲ႔ ေရာက္လာတတ္ပါတယ္ ။

JRose (KB Chimmy One)