Local News

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀ ကျော်မြင့်တဲ့ ချောက်ကမ်းပါးပေါ်မှာ မင်္ဂလာဆောင် ဓာတ်ပုံရိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ စုံတွဲနှစ်ဦး

တရုတ်နိုင်ငံက စိတ်အားထက်သန်လွန်းတဲ့စုံတွဲဟာ နှစ်ယောက်စလုံးက ဓာတ်ပုံရိုက်ဖို့ ရွေးချယ်ခဲ့တဲ့ချောက်ကမ်းပါးကပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၀ ကျော်မြင့်တယ်လို့ သိရှိရပါတယ် ။ ချောက်ကမ်းပါးများရဲ့ မတ်စောက်မှုကြောင့် ဓါတ်ပုံရိုက်ရာမှာ အဆက်မပြတ်ပြောင်းလဲနေတဲ့ လေတိုက်ခတ်မှုနဲ့အတူ ခက်ခဲကြမ်းတမ်းလှပါတယ် ။

တစ်ချိန်တည်းမှာပင် ပူပြင်းတဲ့နေရောင်အောက်မှာ အဆက်မပြတ်ဆွဲထားရတဲ့ အခြေအနေက အထူးသဖြင့် သတို့သမီးများအတွက် စိန်ခေါ်မှုကြီးတစ်ခုလည်းဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သတို့သမီးက မကျေနပ်ဖြစ်တာတို့မရှိဘဲ ဆန့်ကျင်ဘက်အနေနဲ့ အမြဲတမ်း တောက်ပစွာ ပြုံးနေခဲ့ပါတယ် ။

အဆိုပါ ဓာတ်ပုံများရိုက်ရန်အတွက် ၎င်းတို့နှစ်ဦးက ပရော်ဖက်ရှင်နယ်တောင်တက်သမား ၁၀ဝကျော်ရဲ့ အကူအညီကို တောင်းခံခဲ့ကြောင်းသိရှိရပါတယ် ။ ပြင်ဆင်ချိန်မှ ပြီးဆုံးချိန်အထိ ၂ နာရီကျော်ကြာပြီး တစ်ချိန်တည်းမှာပင် အကောင်းဆုံး ဓာတ်ပုံများ ရိုက်ယူနိုင်ရန် ဓာတ်ပုံဆရာ ကေဘယ်ကားကို အသုံးပြုခဲ့ရပါတယ် ။

အင်တာနက်သုံးစွဲသူတွေကလည်း ဒီဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ရောထွေးတဲ့ထင်မြင်ချက်တွေရှိနေပါတယ် ။သမားရိုးကျ မင်္ဂလာဆောင်ဓာတ်ပုံများမှာ ငြီးငွေ့မှုကို လျှော့ချပေးတဲ့ ထိုဖန်တီးမှုဓာတ်ပုံက အလွန်စိတ်ဝင်စားဖွယ်ကောင်းတယ်လို့ ထောက်ခံတဲ့သူများလည်း ရှိပါတယ် ။

Reference : yan

Zawgyi

တ႐ုတ္ႏိုင္ငံက စိတ္အားထက္သန္လြန္းတဲ့စုံတြဲဟာ ႏွစ္ေယာက္စလုံးက ဓာတ္ပုံ႐ိုက္ဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့ ေခ်ာက္ကမ္းပါးက ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ ၂၀ ေက်ာ္ျမင့္တယ္လို႔ သိရွိရပါတယ္ ။ ေခ်ာက္ကမ္းပါးမ်ားရဲ႕ မတ္ေစာက္မႈေၾကာင့္ ဓါတ္ပုံ႐ိုက္ရာမွာ အဆက္မျပတ္ေျပာင္းလဲေနတဲ့ ေလတိုက္ခတ္မႈနဲ႔အတူ ခက္ခဲၾကမ္းတမ္းလွပါတယ္ ။

တစ္ခ်ိန္တည္းမွာပင္ ပူျပင္းတဲ့ေနေရာင္ေအာက္မွာ အဆက္မျပတ္ဆြဲထားရတဲ့ အေျခအေနက အထူးသျဖင့္ သတို႔သမီးမ်ားအတြက္ စိန္ေခၚမႈႀကီးတစ္ခုလည္းျဖစ္ပါတယ္ ။ ဒါေပမဲ့လည္း သတို႔သမီးက မေက်နပ္ျဖစ္တာတို႔မရွိဘဲ ဆန႔္က်င္ဘက္အေနနဲ႔ အၿမဲတမ္း ေတာက္ပစြာ ၿပဳံးေနခဲ့ပါတယ္ ။

အဆိုပါ ဓာတ္ပုံမ်ား႐ိုက္ရန္အတြက္ ၎တို႔ႏွစ္ဦးက ပေရာ္ဖက္ရွင္နယ္ေတာင္တက္သမား ၁၀ဝ ေက်ာ္ရဲ႕ အကူအညီကို ေတာင္းခံခဲ့ေၾကာင္း သိရွိရပါတယ္ ။ ျပင္ဆင္ခ်ိန္မွ ၿပီးဆုံးခ်ိန္အထိ ၂ နာရီေက်ာ္ၾကာၿပီး တစ္ခ်ိန္တည္းမွာပင္ အေကာင္းဆုံး ဓာတ္ပုံမ်ား ႐ိုက္ယူႏိုင္ရန္ ဓာတ္ပုံဆရာ ေကဘယ္ကားကို အသုံးျပဳခဲ့ရပါတယ္ ။ အင္တာနက္သုံးစြဲသူေတြကလည္း ဒီဓာတ္ပုံေတြနဲ႔ ပတ္သက္ၿပီး ေရာေထြးတဲ့ထင္ျမင္ခ်က္ေတြ ရွိေနပါတယ္ ။

သမား႐ိုးက် မဂၤလာေဆာင္ဓာတ္ပုံမ်ားမွာ ၿငီးေငြ႕မႈကို ေလွ်ာ့ခ်ေပးတဲ့ ထိုဖန္တီးမႈဓာတ္ပုံက အလြန္စိတ္ဝင္စားဖြယ္ေကာင္းတယ္လို႔ ေထာက္ခံတဲ့သူမ်ားလည္း ရွိပါတယ္ ။

JRose (KB Chimmy One)