အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးတွေဟာ အခန့်ငြားဆုံးနဲ့ သိပ်ကို သစ္စာရှိတတ်ကြပါတယ်။ သူတို့ဟာ လူတိုင်းကို ခင်တတ်ပေမယ့် သူတို့တကယ်ချစ်ရတဲ့သူ ဆိုရင် ထူးခြားတဲ့ အမူအရာလေးတွေ လုပ်ပြတတ်ကြပါတယ်။ တကယ်လို့ သင့်မှာခွေးလေးတစ်ကောင် ပိုင်တယ်ဆိုရင် သင့်ရဲ့ခွေးလေးက သင့်ကိုချစ်တယ် ဆိုတာကို ဘယ်လို ဖော်ပြနေလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။
၁။ သင့်အနားမှာပဲ အိပ်ချင်တယ်။
သင့်ရဲ့ခွေးက သင့်ကိုချစ်တယ်ဆိုတဲ့ လက္ခဏာတစ်ခုက ညတိုင်းသင့်နားမှာပဲအိပ်ချင်နေတာပဲ ဖြစ်ပါတယ်။ ခွေးတွေဟာသူတို့ချစ်ရတဲ့သူ နားမှာပဲအိပ်တတ်ကြတာပါ။ တကယ်လို့ သင်နဲ့ အိပ်ယာတစ်ခုတည်း တူတူအိပ်လို့မရဘူး ဆိုရင်တောင်မှ သင့်အခန်း သင့်ကုတင်အောက်မှာ အိပ်နေပါလိမ့်မယ်။
၂။ သူတို့ သင့်ကို တွေ့ရတာ စိတ်လှုပ်ရှားနေတယ်။
ခွေးလေးတွေဟာ ပိုင်ရှင်ကို တွေ့ရင် ပီတိတွေဖြာပြီး အမြီးတွေကို လှုပ်ရမ်းနေတတ်ကြပါတယ်။ တကယ်လို့သင်ကအဝေးတစ်နေရာရာကို သွားရင်လည်း လွမ်းနေတတ်ကြပါတယ်။ အမြီးကို လှုပ်ခါတာက သူတို့ရဲ့ စိတ်ခံစားချက်တွေကို ပြသဖို့ ခွေးတွေ သုံးလေ့ရှိတဲ့ နည်းလမ်းတစ်ခုပါ။
၃။ သင်နဲ့ မျက်လုံးချင်းဆုံတယ်။
ခွေးလေးဟာ သင်နဲ့ အကြည့်ချင်းစုံအောင် လိုက်လုပ်နေတယ်ဆိုတာ သင့်ကိုချစ်ကြောင်း ပြသချင်လို့ပါပဲ။ သူတို့နဲ့ကစားပေးရင် (ဒါမှမဟုတ်)သူတို့ရဲ့ အမွှေးတွေကို ပွတ်ပေးရင် သင့်ကို ပိုချစ်လာပါလိမ့်မယ်။
၄။ သင့်ကို အမြဲတမ်း စောင့်ကြည့်နေတယ်။
သင် ချက်ပြုတ်နေတာပဲဖြစ်ဖြစ်၊ သန့်ရှင်းရေး လုပ်နေတာပဲဖြစ်ဖြစ်၊ နောက်ဆုံး အိမ်သာသွားတာတောင် သင့်ခွေးလေးက သင့်နောက် လိုက်နေတယ်ဆိုရင် ခွေးလေးက သင့်ကို ဂရုစိုက်လို့ပါပဲ။ သင့်နားမှာ နေရတာ ပျော်ရွှင်စရာကောင်းတယ် ဆိုတာကိုလည်း ဖော်ပြနေပါတယ်။
၅။ သူတို့ စိတ်ကြိုက် အရုပ်တွေ ယူလာပေးတယ်။
သင့်ရဲ့ ခွေးလေးက သူအကြိုက်ဆုံးအရုပ်လေးကိုသင့်ဆီကိုယူလာပေးတယ်၊ ကစားဖို့အမြဲတမ်း လာလာခေါ်နေတယ်ဆိုရင်တော့ သင်ဟာအရမ်းကို ကံကောင်းတဲ့သူပါပဲ။ ခွေးလေးတွေဟာ သူတို့ချစ်တဲ့ အရာတွေကို ဘယ်သူ့ကိုမှ ထိကိုင်ခွင့် မပြုပါဘူး။
Zombie (lovemedia)
for zawgyi
ေခြးေလးေတြက သင့္ကိုခ်စ္ရင္ လုပ္ျပတတ္တဲ့ အမူအရာ (၅) ခု
အိမ္ေမြးတိရစာၦန္ေတြထဲမွာ ေခြးေတြဟာ အခန႔္ျငားဆုံးနဲ႔ သိပ္ကို သစၥာရွိတတ္ၾကပါတယ္။ သူတို႔ဟာ လူတိုင္းကိုခင္တတ္ေပမယ့္ သူတို႔တကယ္ခ်စ္ရတဲ့သူ ဆိုရင္ ထူးျခားတဲ့ အမူအရာေလးေတြ လုပ္ျပတတ္ၾကပါတယ္။ တကယ္လို႔ သင့္မွာ ေခြးေလးတစ္ေကာင္ ပိုင္တယ္ဆိုရင္ သင့္ရဲ႕ေခြးေလးက သင့္ကိုခ်စ္တယ္ ဆိုတာကို ဘယ္လို ေဖာ္ျပေနလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။
၁။ သင့္အနားမွာပဲ အိပ္ခ်င္တယ္။
သင့္ရဲ႕ေခြးက သင့္ကိုခ်စ္တယ္ဆိုတဲ့ လကၡဏာတစ္ခုက ညတိုင္းသင့္နားမွာပဲ အိပ္ခ်င္ေနတာပဲ ျဖစ္ပါတယ္။ ေခြးေတြဟာ သူတို႔ခ်စ္ရတဲ့သူ နားမွာပဲ အိပ္တတ္ၾကတာပါ။ တကယ္လို႔ သင္နဲ႔ အိပ္ယာတစ္ခုတည္း တူတူအိပ္လို႔မရဘူး ဆိုရင္ေတာင္မွ သင့္အခန္း သင့္ကုတင္ေအာက္မွာ အိပ္ေနပါလိမ့္မယ္။
၂။ သူတို႔ သင့္ကို ေတြ႕ရတာ စိတ္လႈပ္ရွားေနတယ္။
ေခြးေလးေတြဟာ ပိုင္ရွင္ကို ေတြ႕ရင္ ပီတိေတြျဖာၿပီး အၿမီးေတြကို လႈပ္ရမ္းေနတတ္ၾကပါတယ္။ တကယ္လို႔သင္က အေဝးတစ္ေနရာရာကို သြားရင္လည္း လြမ္းေနတတ္ၾကပါတယ္။ အၿမီးကို လႈပ္ခါတာက သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို ျပသဖို႔ ေခြးေတြ သုံးေလ့ရွိတဲ့ နည္းလမ္းတစ္ခုပါ။
၃။ သင္နဲ႔ မ်က္လုံးခ်င္းဆုံတယ္။
ေခြးေလးဟာ သင္နဲ႔ အၾကည့္ခ်င္းစုံေအာင္ လိုက္လုပ္ေနတယ္ဆိုတာ သင့္ကိုခ်စ္ေၾကာင္း ျပသခ်င္လို႔ပါပဲ။ သူတို႔နဲ႔ကစားေပးရင္ (ဒါမွမဟုတ္)သူတို႔ရဲ႕ အေမႊးေတြကို ပြတ္ေပးရင္ သင့္ကို ပိုခ်စ္လာပါလိမ့္မယ္။
၄။ သင့္ကို အၿမဲတမ္း ေစာင့္ၾကည့္ေနတယ္။
သင္ ခ်က္ျပဳတ္ေနတာပဲျဖစ္ျဖစ္၊ သန႔္ရွင္းေရး လုပ္ေနတာပဲျဖစ္ျဖစ္၊ ေနာက္ဆုံး အိမ္သာသြားတာေတာင္ သင့္ေခြးေလးက သင့္ေနာက္ လိုက္ေနတယ္ဆိုရင္ ေခြးေလးက သင့္ကို ဂ႐ုစိုက္လို႔ပါပဲ။ သင့္နားမွာ ေနရတာ ေပ်ာ္႐ႊင္စရာေကာင္းတယ္ ဆိုတာကိုလည္း ေဖာ္ျပေနပါတယ္။
၅။ သူတို႔ စိတ္ႀကိဳက္ အ႐ုပ္ေတြ ယူလာေပးတယ္။
သင့္ရဲ႕ ေခြးေလးက သူအႀကိဳက္ဆုံး အ႐ုပ္ေလးကို သင့္ဆီကို ယူလာေပးတယ္၊ ကစားဖို႔ အၿမဲတမ္း လာလာေခၚေနတယ္ ဆိုရင္ေတာ့ သင္ဟာ အရမ္းကို ကံေကာင္းတဲ့သူပါပဲ။ ေခြးေလးေတြဟာ သူတို႔ခ်စ္တဲ့ အရာေတြကို ဘယ္သူ႔ကိုမွ ထိကိုင္ခြင့္ မျပဳပါဘူး။
Zombie (lovemedia)