Local News

ရတဲ့မုန့်ဖိုးတွေကို စုဆောင်းပြီး မိခင်အတွက် စိန်လက်စွပ်လှလှလေးတစ်ကွင်း ဝယ်ပေးခဲ့တဲ့ အသက် ၁၀နှစ်အရွယ် ကောင်လေး (ရုပ်သံ)

ရတဲ့မုန့်ဖိုးတွေကို စုဆောင်းပြီး မိခင်အတွက် စိန်လက်စွပ်လှလှလေးတစ်ကွင်း ဝယ်ပေးခဲ့တဲ့ အသက် ၁၀နှစ်အရွယ် ကောင်လေး (ရုပ်သံ)

မိခင်တစ်ယောက်အနေနဲ့ မိသားစုတွေအတွက်သာ ရုန်းကန်လှုပ်ရှားနေရတာမို့ကိုယ့်အတွက်ကိုတောင်လှလှပပပြင်ဆင်ဖို့ ရွှေတွေဆင်မြန်းဖို့ မေ့နေကြပါတယ်။ ဒါပေမဲ့ ခုတခါမှာ ၁၀နှစ်အရွယ်ကောင်လေးငယ်တစ်ဦးက သူ့ရဲ့မိခင်ကို စပရိုက်ဖြစ်စေခဲ့ပါတယ်။ လူအများစုကတော့ ကလေးငယ်တွေကို ဆော့ကစားတာတွေ၊ ပျော်ပျော်ရွှင်ရွှင်နေတာတွေ နဲ့ မုန့်ဖိုးတွေတောင်းပြီး ဖြုန်းမှုတွေပြုလုပ်နေတယ်လိုဘဲ သဘောထားကြတာပါ။

ဒါပေမဲ့ တရုတ်နိုင်ငံက ဒီ ၁၀နှစ်အရွယ်ကောင်လေး Hubei ဟာ ကလေးငယ်တွေ မလုပ်ဆောင်နဲ့ဘူးဆိုပြီး ထင်နေတဲ့အရာတွေကိုသက်သေပြလိုက်ပါတယ်။ ကောင်လေးငယ်က သူရရှိတဲ့မုန့်ဖိုးကနေ စုဆောင်းပြီး သူ့ရဲ့မိခင်အတွက် စိန်လက်ကို ဝယ်ယူပေးလိုက်တဲ့အခါမှာ လူအများရဲ့ ချီးမွမ်းခြင်းခံနေရပါတယ်။ သူရရှိခဲ့တဲ့မုန့်ဖို့တွေကို ယမ် ၈,၈၀၀ (US ဒေါ်လာ ၁,၂၀၀) စုဆောင်းရရှိခဲ့ပါတယ်။

ဆိုင်ငယ်တစ်ဆိုင်နား လမ်းလျှောက်သွားနေစဥ် ကောင်လေးက သူ့ရဲ့ မိခင်ကို လက်ဝတ်ရတနာဆိုင် ထဲ ဆွဲခေါ်သွားခဲ့ပါတယ်။ မိခင်ကိုလှပတဲ့ လက်စွပ်ရွှေးချယ်စေခဲ့ပါတယ်။ အများကြီးတွေးမနေတော့ဘဲ သူမဟာ လက်စွပ်တစ်ကွင်းကို ရွှေးလိုက်ပြီး ပြုံးရွှင်နေတဲ့မျက်နှာနဲ့ သားငယ်ကို ကျေးဇူးတင်ခဲ့ပါတယ်။

အမေဖြစ်သူက “ပိုက်ဆံကိုတော့ ခိုးထားတာမဟုတ်ပါဘူးနော်” ဆိုပြီး နောက်ပြောင်ကျီစယ်လ်ုက်တဲ့အခါမှာ ကောင်လေးက ငိုယိုပြီး သူမကို ပွေ့ဖက်နေခဲ့ပါတယ်။ ကောင်လေးက ဘာကြောင့် သူ့မိခင်အတွက် စိန်လက်စွပ်ကွင်းဝယ်ပေးချင်တာလဲ ဆိုတော့ သူ့ရဲ့အတန်းဖော်မိခင်က စိန်လက်စွပ်ဝတ်ထားတာကြောင့် သူ့မိခင်ကို စိတ်ဓာတ်မကျစေချင်တာကြောင့်ဖြစ်ပါတယ်။

မိခင်က ယမ် ၅၀,၀၀၀ (US ဒေါ်လာ ၇,၄၅၅) စျေးနှုန်းလောက်ရှိတဲ့ စိန်လက်စွပ်ကွင်းကို လိုချင်ပေမဲ့ သူမကသားလေးကို ပိုက်ဆံပိုမကုန်စေချင်တာကြောင့် နောက်ပိုင်ကျမှ ဝယ်ဖို့ သူမရဲ့ သားကို ဖျောင်းဖျခဲ့ပါတယ်။

“အမေ့ ဒီတစ်ခုကို ကြိုက်တယ်။ သားပိုက်ဆံတွေကို ပိုစုထားလိုက်ဦး။ နောက်မှဘဲ အမေ့တွက် ဒီလက်စွပ်ကွင်းကို ဝယ်ပေးနော်” ဆိုပြီး မိခင်ဖြစ်သူပြောဆိုခဲ့ပါတယ်။ ကောင်လေးက သူ့မိခင်အတွက် အမှန်တကယ် ဝယ်ပေးချင်ခဲ့တာကြောင့် ပိုက်ဆံလုံလုံလောက်လောက်စုဆောက်ူနိုင်ခဲ့ပြီး မိခင်အတွက် ဝယ်ယူပေးနိုင်ခဲ့ပါတယ်။

crd