Local News

7 ပေအရှည်ရှိတဲ့မိကျောင်းနဲ့အတူ 39 နှစ်ခန့် တစ်အိမ်ထဲအတူနေထိုင်ခဲ့ကြတဲ့ မိသားစု(ရုပ်သံ)

7 ပေအရှည်ရှိတဲ့မိကျောင်းနဲ့အတူ 39 နှစ်ခန့် တစ်အိမ်ထဲအတူနေထိုင်ခဲ့ကြတဲ့ မိသားစု(ရုပ်သံ)

ဂျပန်နိုင်ငံ ၊ Kure မြို့မှာ နေထိုင်လျက်ရှိတဲ့ Nobumitsu Murabayashi အမည်ရှိတဲ့ အမျိုးသားဟာ သားငယ်လေးရဲ့ ပူဆာမှုကြောင့် အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်မှ မိကျောင်းတစ်ကောင်ကို ဝယ်ယူခဲ့ပါတယ် ။

ယခုအချိန်မှာတော့ အဆိုပါမိကျောင်းဟာ ၎င်းတို့နဲ့အတူနေထိုင်ခဲ့တာနှစ်ပေါင်း 40 ခန့်ရှိနေပါပြီ ။အဆိုပါမိကျောင်းမှာအရှည် 7 ပေခန့် (6 ပေ 8 လက်မ) ရှိပြီး ၊ ကိုယ်အလေးချိန် 45kg ခန့်ရှိကာ သိမ်မွေ့ညင်သာကာ မည်သူ့ကိုမှ ထိခိုက်နာကျင်စေခဲ့ခြင်းမရှိပါဘူး ။

Caiman-sanအမည်ရှိတဲ့အဆိုပါမိကျောင်းဟာ သခင်ဖြစ်သူနဲ့အတူ အပြင်လမ်းလျှောက်ထွက်လေ့ရှိပြီး ၊ ကလေးငယ်များ ထိတွေ့ခြင်းမျိုး ခွင့်ပြုပေးတဲ့အပြင် ၊ ကိုယ်ပေါ် တက်စီးခွင့်လည်း ပေးထားပါတယ် ။

သို့ပေမဲ့လည်း မိကျောင်းကို အပြင်ခေါ်သွားခွင့်ရဖို့ အစိုးရထံကနေ ခွင့်ပြုချက်ရယူထားရကြောင်း နှင့် တစ်စုံတစ်ခုဖြစ်ပျက်ပါက သခင်ဖြစ်သူက တာဝန်ယူ ရမှာဖြစ်ကြောင်း ကတိရေးထိုးခဲ့ရကြောင်း သိရှိရပါတယ် ။

သခင်ဖြစ်သူရဲ့ပြောပြချက်အရ ‘ သူဒီလောက်ကြီးလာမယ်လို့ ကျွန်တော်မထင်ထားဘူး ၊ကျွန်တော်သူ့ကို ရခဲ့တာ 34 နှစ်ရှိပါပြီ ၊ သူ့ကို ခြေဟန်လက်ဟန်တွေနဲ့ ပြောဆိုဆက်ဆံနိုင်အောင်ကြိုးစားပါတယ် ၊ သွားတိုက်ပေးသလိုပေါ့ ၊ ကျွန်တော့်ဇနီးက နေ့တိုင်း ကျွန်တော်နဲ့အတူနေရတာ စိတ်ကုန်လွန်းလို့ ကျွန်တော် မိကျောင်းနဲ့အနေများပါတယ် ‘ ဆိုပြီး ပြောပြခဲ့ပါတယ် ။

အဆိုပါမိကျောင်းဟာ ငယ်ရွယ်စဉ်အချိန်က သူ့ရဲ့သားကို ကိုက်ဖူးခဲ့ကြောင်း ၊ သို့ပေမဲ့လည်း မိကျောင်းကို မစွန့်လွတ်ခဲ့ပဲ နောက်တစ်ကြိမ် အခွင့်အရေးပေးခဲ့ကြောင်း ၊ ယခုအချိန်မှာတော့ မိကျောင်ဟာ အလွန်တည်ငြိမ်ပြီး ကလေးငယ်များနှင့်လည်းအတူ နေထိုင်လျက်ရှိကြောင်း သိရပါတယ် ။

crd