Local News

နှင်းတောထဲမှာ ချမ်းလွန်းလို့ အိမ်ထဲဝင်ခွင့်ပေးဖို့ အသနားခံခဲ့တဲ့ စွန့်ပစ်ခံကြောင်ကလေး

ကြောင်ကလေးတွေဟာ လူသားတွေအတွက် ကောင်းမွန်တဲ့ အိမ်မွေးတိရစ္ဆာန် အဖော်မွန်လေးတွေပါပဲ။ လူသားတွေနဲ့ အနီးကပ်နေပြီး ချစ်စရာကောင်းတဲ့ အပြုအမူတွေနဲ့ သူတို့သခင်တွေအပေါ် ချွဲတတ်တာလည်း ကြောင်ကလေးတွေပါပဲ။

အမြဲလိုလိုချောင်တစ်နေရာရာမှာ ခွေခေါက်နေနေတတ်ပေမယ့် အစားစားချိန်တို့၊အပြင်ထွက်ချင်တဲ့ အချိန်တွေရောက်ရင်သခင်အနားကို အလိုလိုရောက်လာပြီးပွတ်သီပွတ်သပ်နေနေတတ်တာလည်းသူတို့လေးတွေပါပဲ။အခုပြောပြချင်တဲ့ကြောင်ကလေးတစ်ကောင်ကတော့နှင်းတောထဲမှာဒုက္ခရောက်နေတဲ့ ကြောင်ကလေးတစ်ကောင်အကြောင်းပါပဲ။

အဆိုပါကြောင်ကလေးကတော့ ကနေဒါနိုင်ငံ၊ Quebec မြို့ရှိ Aslan လို့ အမည်ရတဲ့ လိမ္မော်ရောင် ကြောင်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။ Aslan ဟာ အစွန့်ပစ်ခံကြောင်ကလေးတစ်ကောင်ဖြစ်ပြီး နှင်းတောထဲမှာ အချိန်တော်တော်ကြာ ရှင်သန်ခဲ့ရတဲ့ လမ်းဘေးကြောင်းကလေးတစ်ကောင် ဖြစ်ပါတ.် Aslan ဟာ နှင်းတောထဲမှာ အရမ်းချမ်းလွန်းတဲ့ တစ်နေ့မှာတော့ သူမြင်ရတဲ့ အိမ်တစ်အိမ်ဆီရောက်အောင်သွားပြီး အဆိုပါ အိမ်ထဲကို ဝင်ခွင့်ရဖို့ အသနားခံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အိမ်ပိုင်ရှင် အမျိုးသမီးဟာ Aslan ကို အိမ်ထဲခေါ်ခဲ့ပြီး Aslan မှာလည်း ဒဏ်ရာပေါင်းစုံနဲ့ ဖြစ်နေတဲ့အတွက်ကြောင့် Un Chat a la Fois လို့ အမည်ရတဲ့ ကြောင်ဂေဟာကို ဖုန်းဆက်ကာ အကူအညီတောင်းခံခဲ့ပါတယ်။

Aslan လေးတစ်ကောင် UnChat a la Fois ကြောင်ဂေဟာကို ရောက်တဲ့အချိန်မှာတော့ အဆိုပါ ကြောင်ဂေဟာရှိ တိရစ္ဆာန်ဆရာဝန်ရဲ့ စမ်းသပ်ချက်အရ Aslan မှာ နှင်းကိုက်ရောဂါ၊ သန်းစွဲရောဂါအပြင် ခန္ဓာကိုယ်အတွင်း သွေးယိုစိမ်းမှုတွေ ဖြစ်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ အဆိုပါ ဂေဟာရဲ့ တာဝန်ရှိသူတွေက Aslan ရဲ့ ဒဏ်ရာနဲ့ ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးခဲ့ပြီး လအနည်းအကြာမှာတော့ Aslan ရဲ့ ရောဂါတွေဟာ တော်တော်လေးကို သက်သာပျောက်ကင်းလုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Aslamn ဟာ သူ့ကို မွေးစားမယ့် မိသားစုတစ်ခုရသွားခဲ့ပြီး အဆိုပါ မိသားစုနဲ့ ပျော်ရွှင်စွာနေထိုင်နေကြောင်း သိရပါတယ်။

“Aslan ရဲ့ ပုံကို စစတွေ့ချင်းတုန်းကဆို ကျွန်မတော်တော်လေးကို မျက်ရည်ဝဲခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်အပြည့်တွေနဲ့ပဲလေ။ ဒါ့ကြောင့်ပဲ သူ့ကိုဂေဟာမှာ ခေါ်ထားပြီး ပျောက်ကင်းအောင် ကုသပေးခဲ့တာပါ။ Aslan ရဲ့ ထူးခြားချက်ကတော့ တော်တော်လေးကို လူယဉ်ပြီး လူတွေလို နားလည်တတ်တာပါပဲ။

သူ့ကို ကုသပေးနေတဲ့အချိန်တွေဆိုရင် ရုန်းကန်တာတွေ၊ အော်ဟစ်တာတွေ လုံးဝမရှိခဲ့ပါဘူး။ အခုလို သူ့ကိုမွေးစားမယ့် မိသားစုပေါ်လာတဲ့အတွက်ကြောင့်လည်း တော်တော်လေးကို ဝမ်းသာပျော်ရွှင်မိပါတယ်”လို့ UnChat a la Fois ကြောင်ဂေဟာရဲ့ Founder ဖြစ်သူ Marie Simard က Bored Panda သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Zawgyi

ေၾကာင္ကေလးေတြဟာ လူသားေတြအတြက္ ေကာင္းမြန္တဲ့ အိမ္ေမြးတိရစာၦန္ အေဖာ္မြန္ေလးေတြပါပဲ။ လူသားေတြနဲ႔ အနီးကပ္ေနၿပီး ခ်စ္စရာေကာင္းတဲ့ အျပဳအမူေတြနဲ႔ သူတို႔သခင္ေတြအေပၚ ခြၽဲတတ္တာလည္း ေၾကာင္ကေလးေတြပါပဲ။

အၿမဲလိုလို ေခ်ာင္တစ္ေနရာရာမွာ ေခြေခါက္ေနေနတတ္ေပမယ့္ အစားစားခ်ိန္တို႔၊ အျပင္ထြက္ခ်င္တဲ့ အခ်ိန္ေတြေရာက္ရင္ သခင္အနားကို အလိုလိုေရာက္လာၿပီး ပြတ္သီပြတ္သပ္ေနေနတတ္တာလည္း သူတို႔ေလးေတြပါပဲ။ အခုေျပာျပခ်င္တဲ့ ေၾကာင္ကေလးတစ္ေကာင္ကေတာ့ ႏွင္းေတာထဲမွာ ဒုကၡေရာက္ေနတဲ့ ေၾကာင္ကေလးတစ္ေကာင္အေၾကာင္းပါပဲ။

အဆိုပါေၾကာင္ကေလးကေတာ့ ကေနဒါႏိုင္ငံ၊ Quebec ၿမိဳ႕ရွိ Aslan လို႔ အမည္ရတဲ့ လိေမၼာ္ေရာင္ ေၾကာင္ကေလးတစ္ေကာင္ပဲ ျဖစ္ပါတယ္။ Aslan ဟာ အစြန႔္ပစ္ခံေၾကာင္ကေလးတစ္ေကာင္ျဖစ္ၿပီး ႏွင္းေတာထဲမွာ အခ်ိန္ေတာ္ေတာ္ၾကာ ရွင္သန္ခဲ့ရတဲ့ လမ္းေဘးေၾကာင္းကေလးတစ္ေကာင္ ျဖစ္ပါတ.္ Aslan ဟာ ႏွင္းေတာထဲမွာ အရမ္းခ်မ္းလြန္းတဲ့ တစ္ေန႔မွာေတာ့ သူျမင္ရတဲ့ အိမ္တစ္အိမ္ဆီေရာက္ေအာင္သြားၿပီး အဆိုပါ အိမ္ထဲကို ဝင္ခြင့္ရဖို႔ အသနားခံခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ အိမ္ပိုင္ရွင္ အမ်ိဳးသမီးဟာ Aslan ကို အိမ္ထဲေခၚခဲ့ၿပီး Aslan မွာလည္း ဒဏ္ရာေပါင္းစုံနဲ႔ ျဖစ္ေနတဲ့အတြက္ေၾကာင့္ Un Chat a la Fois လို႔ အမည္ရတဲ့ ေၾကာင္ေဂဟာကို ဖုန္းဆက္ကာ အကူအညီေတာင္းခံခဲ့ပါတယ္။

Aslan ေလးတစ္ေကာင္ UnChat a la Fois ေၾကာင္ေဂဟာကို ေရာက္တဲ့အခ်ိန္မွာေတာ့အဆိုပါ ေၾကာင္ေဂဟာရွိ တိရစာၦန္ဆရာဝန္ရဲ႕စမ္းသပ္ခ်က္အရ Aslan မွာ ႏွင္းကိုက္ေရာဂါ၊ သန္းစြဲေရာဂါအျပင္ ခႏၶာကိုယ္အတြင္း ေသြးယိုစိမ္းမႈေတြ ျဖစ္ေနတာကို စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။

အဲဒီေနာက္မွာေတာ့ အဆိုပါ ေဂဟာရဲ႕ တာဝန္ရွိသူေတြက Aslan ရဲ႕ဒဏ္ရာနဲ႔ ေရာဂါေတြကို ေပ်ာက္ကင္းေအာင္ကုသေပးခဲ့ၿပီးလအနည္းအၾကာမွာေတာ့ Aslan ရဲ႕ ေရာဂါေတြဟာ ေတာ္ေတာ္ေလးကို သက္သာေပ်ာက္ကင္းလုနီးပါး ျဖစ္သြားခဲ့ၿပီ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ Aslamn ဟာ သူ႔ကို ေမြးစားမယ့္ မိသားစုတစ္ခုရသြားခဲ့ၿပီး အဆိုပါ မိသားစုနဲ႔ ေပ်ာ္႐ႊင္စြာေနထိုင္ေနေၾကာင္း သိရပါတယ္။

“Aslan ရဲ႕ ပုံကို စစေတြ႕ခ်င္းတုန္းကဆို ကြၽန္မေတာ္ေတာ္ေလးကို မ်က္ရည္ဝဲခဲ့ရပါတယ္။ ဘာလို႔လဲဆိုေတာ့ တစ္ကိုယ္လုံးမွာ ဒဏ္ရာဒဏ္ခ်က္အျပည့္ေတြနဲ႔ပဲေလ။ ဒါ့ေၾကာင့္ပဲ သူ႔ကိုေဂဟာမွာ ေခၚထားၿပီး ေပ်ာက္ကင္းေအာင္ ကုသေပးခဲ့တာပါ။ Aslan ရဲ႕ ထူးျခားခ်က္ကေတာ့ ေတာ္ေတာ္ေလးကို လူယဥ္ၿပီး လူေတြလို နားလည္တတ္တာပါပဲ။

သူ႔ကို ကုသေပးေနတဲ့အခ်ိန္ေတြဆိုရင္ ႐ုန္းကန္တာေတြ၊ ေအာ္ဟစ္တာေတြ လုံးဝမရွိခဲ့ပါဘူး။ အခုလို သူ႔ကိုေမြးစားမယ့္ မိသားစုေပၚလာတဲ့အတြက္ေၾကာင့္လည္း ေတာ္ေတာ္ေလးကို ဝမ္းသာေပ်ာ္႐ႊင္မိပါတယ္”လို႔ UnChat a la Fois ေၾကာင္ေဂဟာရဲ႕ Founder ျဖစ္သူ Marie Simard က Bored Panda သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

crd