Local News

လမ္းေဘးတေနရာမွာကူညီရာမဲ့ေနတဲ့ဝက္ဝံငယ္ေလးကိုကယ္တင္ခဲ့ပီးေနာက္၊(15)ႏွစ္ၾကာသည္အထိေမြးစားေစာင့္ေရွာက္ရင္းသံေယာဇဥ္ႀကီးမားခဲ့ၾကတဲ့ဝက္ဝံနဲ႔အမ်ိဳးသားတစ္ဦးတို႔ရဲ႕ၾကည္ႏူးဖြယ္အျဖစ္ပ်က္ပုံရိပ္

တိရိစာၦန္ေလးေတြနဲ႔လူသားတို႔ရဲ႕ႀကီးမားတဲ့သံေယာဇဥ္အေၾကာင္းရာေတြကို၊အင္တာနက္အသုံးျပဳသူမ်ားအားလုံးျမင္ဖူးၾကားဖူးၾကမယ္ထင္ပါတယ္။ယခုတစ္​ေခါက္မွာလဲတိရိစာၦန္ trainer တစ္ဦးျဖစ္တဲ့ Casey Anderson ဆိုတဲ့အမ်ိဳးသားနဲ႔၎ဝက္ဝံတို႔ရဲ႕ၾကည္ႏူးစရာေကာင္းတဲ့သေယာဇဥ္အေၾကာင္းေလးဟာ ၊social media မွာလူအမ်ားစိတ္ဝင္စားတဲ့သတင္းတစ္ပုဒ္ျဖစ္ခဲ့ရပါတယ္။

အေၾကာင္းကေတာ့ Casey ဟာခရီးသြားရင္း၊ လမ္းမႀကီးေဘးတေနရာမွာ မိခင္ဝက္ဝံႀကီးေသဆုံးသြားလို႔ လမ္းေဘးမွာကူညီရာမဲ့ျဖစ္ေနတဲ့ ဝက္ဝံေပါက္ေလးႏွစ္ေကာင္ကိုေတြ႕ခဲ့တာေၾကာင့္အိမ္ေခၚျပန္ခဲ့ပါတယ္။သို႔ေပမဲ့မၾကာခင္မွာပဲဝက္ဝံငယ္တစ္ေကာင္ဟာေသဆုံးသြားခဲ့ပီး၊တစ္ေကာင္သာ Casey နားက်န္ခဲ့ပါတယ္။

ထို႔​ေနာက္ Casey လဲထိုက်န္ခဲ့တဲ့ဝက္ဝံငယ္ေလးကိုဂ႐ုတစိုက္ေကြၽးေမြးေစာင့္ေရွာက္ခဲ့ပီး၊လူေတြနဲ႔ယဥ္ပါးတဲ့တိရိစာၦန္တစ္ေကာင္ျဖစ္ေအာင္ပ်ိဳးေထာင္ခဲ့ပါတယ္။ထိုဝက္ဝံေလးကို Brutus ဆိုတဲ့အမည္ေပးခဲ့ပါတယ္။ဝက္ဝံေလး Brutus ကေတာ့ Casey ကိုဖခင္တစ္ေယာက္အထင္နဲ႔သံေယာဇဥ္တြယ္ညႇိခဲ့ပါတယ္။

Casey ဟာ Brutus ကိုယဥ္ေက်းလိမၼာတဲ့တိရိစာၦန္တစ္ေကာင္ျဖစ္ေအာင္ေသခ်ာျပဳစုသင္ၾကားခဲ့ပီး၊လူေတြနဲ႔သဟဇာသျဖစ္ပီးအတူေနထိုင္ႏိုင္ေအာင္ေလ့က်င့္ေပးခဲ့ပါတယ္။ထို႔ေနာက္ Casey တစ္ေယာက္ခ်စ္ရသူနဲ႔လက္ထပ္ေပါင္းသင္းလိုက္တဲ့အခါမွာလဲ ၊Brutus ကေတာ့ Casey ရဲ႕ဇနီးနဲ႔ပါအခ်ိန္တိုတြင္းခ်စ္ခင္ရင္းႏွီးခဲ့ပါတယ္။

ဒါ့အျပင္ Casey ဟာ Brutus နဲ႔အတူငါးမွ်ားထြက္ေလ့ရွိတဲ့အျပင္၊ Brutus အႀကိဳက္ငါးအမ်ားျပားကိုလဲ Casey ကဖမ္းေပးေလ့ရွိတယ္လို႔သိရပါတယ္။ Casey နဲ႔ Brutus တို႔ႏွစ္ဦးရဲ႕ႀကီးမားတဲ့သံေယာဇဥ္အေၾကာင္းနဲ႔၊ၾကည္ႏူးဖြယ္ျမင္ကြင္းပုံရိပ္ေလးေတြဟာၾကည့္မိသူတိုင္းကိုဝမ္းသာပီတိျဖစ္ခဲ့ရပါတယ္။

crd

Unicode

လမ်းဘေးတနေရာမှာကူညီရာမဲ့နေတဲ့ဝက်ဝံငယ်လေးကိုကယ်တင်ခဲ့ပီးနောက်၊(15)နှစ်ကြာသည်အထိမွေးစားစောင့်ရှောက်ရင်းသံယောဇဥ်ကြီးမားခဲ့ကြတဲ့ဝက်ဝံနဲ့အမျိုးသားတစ်ဦးတို့ရဲ့ကြည်နူးဖွယ်အဖြစ်ပျက်ပုံရိပ်

တိရိစ္ဆာန်လေးတွေနဲ့လူသားတို့ရဲ့ကြီးမားတဲ့သံယောဇဥ်အကြောင်းရာတွေကို၊အင်တာနက်အသုံးပြုသူများအားလုံးမြင်ဖူးကြားဖူးကြမယ်ထင်ပါတယ်။ယခုတစ်​ခေါက်မှာလဲတိရိစ္ဆာန် trainer တစ်ဦးဖြစ်တဲ့ Casey Anderson ဆိုတဲ့ အမျိုးသားနဲ့ ၎င်းဝက်ဝံတို့ရဲ့ကြည်နူးစရာကောင်းတဲ့ သယောဇဥ်အကြောင်းလေးဟာ ၊social media မှာလူအများစိတ်ဝင်စားတဲ့သတင်းတစ်ပုဒ်ဖြစ်ခဲ့ရပါတယ်။

အကြောင်းကတော့ Casey ဟာခရီးသွားရင်း၊ လမ်းမကြီးဘေးတနေရာမှ ာမိခင်ဝက်ဝံကြီးသေဆုံးသွားလို့ လမ်းဘေးမှာကူညီရာမဲ့ဖြစ်နေတဲ့ ဝက်ဝံပေါက်လေးနှစ်ကောင်ကိုတွေ့ခဲ့တာကြောင့်အိမ်ခေါ်ပြန်ခဲ့ပါတယ်။

သို့ပေမဲ့မကြာခင်မှာပဲဝက်ဝံငယ်တစ်ကောင်ဟာသေဆုံးသွားခဲ့ပီး၊တစ်ကောင်သာ Casey နားကျန်ခဲ့ပါတယ်။ထို့​နောက် Casey လဲထိုကျန်ခဲ့တဲ့ဝက်ဝံငယ်လေးကိုဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ခဲ့ပီး၊လူတွေနဲ့ယဥ်ပါးတဲ့တိရိစ္ဆာန်တစ်ကောင်ဖြစ်အောင်ပျိုးထောင်ခဲ့ပါတယ်။ထိုဝက်ဝံလေးကို Brutus ဆိုတဲ့အမည်ပေးခဲ့ပါတယ်။ဝက်ဝံလေး Brutus ကတော့ Casey ကိုဖခင်တစ်ယောက်အထင်နဲ့သံယောဇဥ်တွယ်ညှိခဲ့ပါတယ်။

Casey ဟာ Brutus ကိုယဥ်ကျေးလိမ္မာတဲ့တိရိစ္ဆာန်တစ်ကောင်ဖြစ်အောင်သေချာပြုစုသင်ကြားခဲ့ပီး၊လူတွေနဲ့သဟဇာသဖြစ်ပီးအတူနေထိုင်နိုင်အောင်လေ့ကျင့်ပေးခဲ့ပါတယ်။ထို့နောက် Casey တစ်ယောက်ချစ်ရသူနဲ့လက်ထပ်ပေါင်းသင်းလိုက်တဲ့အခါမှာလဲ ၊Brutus ကတော့ Casey ရဲ့ဇနီးနဲ့ပါအချိန်တိုတွင်းချစ်ခင်ရင်းနှီးခဲ့ပါတယ်။

ဒါ့အပြင် Casey ဟာ Brutus နဲ့အတူငါးမျှားထွက်လေ့ရှိတဲ့အပြင်၊ Brutus အကြိုက်ငါးအများပြားကိုလဲ Casey ကဖမ်းပေးလေ့ရှိတယ်လို့သိရပါတယ်။ Casey နဲ့ Brutus တို့နှစ်ဦးရဲ့ကြီးမားတဲ့သံယောဇဥ်အကြောင်းနဲ့၊ကြည်နူးဖွယ်မြင်ကွင်းပုံရိပ်လေးတွေဟာကြည့်မိသူတိုင်းကိုဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။