ဗဟုသုတ

သင့်အိမ်မှာ မီတာခသက်သာစေမယ့် နည်းလမ်း (၉) ခု

လျှပ်စစ်မီးဆိုတာ အခုချိန်မှာ အရမ်းကို အသုံးဝင်နေပါပြီ။ ချက်ပြုတ်တာကအစ နေ့စဉ် လူမှုဘဝတွေမှာပါ နေရာပေါင်းစုံကနေပါဝင်လာပါပြီ။ မီးဆိုတာကတော့

သုံးတတ်ရင် ကိုယ့်အတွက် အရမ်းအကျိုးရှိပေမယ့် တစ်ခုခု လွဲမှားသွားရင်လည်း အကုန်လုံးကို ဆုံးရှုံးစေနိုင်ပါတယ်။ အခုလိုမီတာခတွေ တက်နေတဲ့အချိန်မှာ လျှပ်စစ်ကို ဘယ်လို ချွေတာသုံးမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ အဝတ်လျှော်စက်နဲ့ အခြောက်ခံတဲ့အခါ အခြောက်ခံဘောလုံးကို အသုံးပြုပါ။

အခြား အိမ်သုံးပစ္စည်းများနှင့် နှိုင်းယှဉ်ရင် အဝတ်လျှော်စက်က မီးအားတော်တော်ကိုဆွဲပါတယ်။ ရေထည့်ရတယ်၊ လည်ရတယ်၊ လျှော်ရတယ်စတဲ့ အခြေခံအချက်တွေနဲ့ပဲ အချိန်ကို ယူစေသလို မီးအားလည်း တက်စေပါတယ်။

ဒါကြောင့် အဝတ်တွေကို အခြောက်ခံတဲ့အခါ အခြောက်ခံ ဘောလုံးလေးတွေကို သုံးသင့်ပါတယ်။ ဒီလို ထည့်တာက အဝတ်အစားတွေကို ခြားခြားသွားစေပြီးတော့ လေဝင်လေထွက်လည်း ရှိစေပါတယ်။ အထူးသဖြင့် ဘောလုံးတွေဟာ အစိုဓာတ်အချို့ကို စုပ်ယူနိုင်ပြီးတော့ အခြောက်ခံခြင်း လုပ်ငန်းစဉ် တစ်ခုလုံးကို မြန်မြန်ပြီးအောင် ကူညီပေးပါတယ်။

၂။ ရေခဲသေတ္တာမှာ အအေးကို မြှင့်တင်ပါ။

အပူချိန်အနိမ့်ဆုံး ဖြစ်နေတာက အစားအစာကို ထိန်းသိမ်းဖို့ အကောင်းဆုံးဖြစ်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။တကယ်တော့ သင့် ရေခဲသေတ္တာကို 38°F (3°C) ထက် နိမ့်အောင်ထားဖို့ မလိုဘဲ သင့်ရေခဲသေတ္တာကို 5°F (-15°C) မှာ ထားသင့်ပါတယ်။

ဒါမှ ရေခဲသေတ္တာကကောင်းမွန်စွာ လည်ပတ်နိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့အနည်းဆုံး 10 ဒီဂရီ နိမ့်ထားရင် 25%အထိ စွမ်းအင်သုံးစွဲမှာပဲ ဖြစ်ပါတယ်။ ရေခဲသေတ္တာထဲ အကြာကြီး ထည့်ထားတာတောင်မှ အရည်ပျော်နေရင်တော့ ပြင်ဆရာကိုခေါ်ပြသင့်ပါတယ်။နောက်တစ်ခုကနံရံကနေအနည်းဆုံး 3 လက်မလောက် ခွာထားသင့်ပါတယ်။ ဒါမှသာ လေလည်ပတ်ဖို့ နေရာအလုံအလောက် ရှိမှာပဲ ဖြစ်ပါတယ်။

၃။ လေအေးပေးစက်ထက် ပြတင်းပေါက်များကိုသာ ကျယ်ကျယ်ဖွင့်ပါ။

အိမ်တစ်အိမ်ရဲ့ အပူချိန် 30% လောက်ဟာ ပြတင်းပေါက်ကနေ ထွက်ပါတယ်။ အဲဒါကြောင့် အိမ်မှာ ရှိတဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။ ဒါမှမဟုတ် အပူကို စုပ်ယူပေးတဲ့ လိုက်ကာလေးတွေ တပ်ထားပါ။ ဒီနည်းက လေအေးပေးစက်ကို အချိန်ပြည့် ဖွင့်နေစရာမလိုပဲ သင့်ကို အေးနေစေပါလိမ့်မယ်။

၄။ အဖုံးဖုံးပြီး ချက်ပါ။

ဟင်းတွေ ချက်တဲ့အခါမှာ အဖုံးဖုံးပြီး ချက်ပါ။ ဒီလိုချက်တာက မီးအားကို လျှော့ချနိုင်တဲ့အပြင် ချက်ပြုတ်ချိန်ကိုလည်း မကြာစေပါဘူး။ ဒီလိုအုပ်ပြီး ချက်လိုက်တာက သင့်ကို စွမ်းအင် 66% လောက် သက်သာသွားစေပါတယ်။

နောက်တစ်ခုကတော့ အဖုံးကို လုံးဝလုံတဲ့ဟာမျိုးပဲ သုံးသင့်ပါတယ်။ သေးနေရင် အငွေ့တွေက တထောင်းထောင်းထွက်နေမှာပဲ ဖြစ်ပါတယ်။ ပြီးတော့အိုးနဲ့မီးဖိုနဲ့ကို ချိန်ပြီးချက်သင့်ပါတယ်။ အိုးကကြီးနေရင် ချက်ပြုတ်ချိန်ကလည်း ကြာနေမှာဖြစ်ပြီးတော့ စွမ်းအင် 40% အထိ ဆုံးရှုံးနိုင်ပါတယ်။

၅။ အခြောက်ခံစက်ကို အမြဲသန့်ရှင်းရေး လုပ်ပါ။

အခြောက်ခံစက်မှာ အမှုန်တွေ၊ အမှိုက်တွေကပ်နေတာက သင့်ကိုအချိန်ကြာစေပါတယ်။ အမှုန်တွေကခံနေတာကြောင့် စက်ကပိုမိုလည်ပတ်ရပြီးတော့ အဝတ်ခြောက်ဖို့အတွက်စွမ်းအင်နှင့်အချိန်ပိုယူရပါတယ်။အမှိုက်တွေခံနေတာပေါ် မူတည်ပြီးတော့ပုံမှန်ထက် 75% အထိစွမ်းအင် ပိုမိုသုံးစွဲပါတယ်။ လေဝင်လေထွက်ပေါက်တွေကို ပိတ်နေတာကြောင့် ပုံမှန်ထက် အချိန်ပိုယူနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့စက်ကို အမြဲသန့်ရှင်းနေအောင် လုပ်ပါ။

၆။ အသုံးမလိုတဲ့အခါ ပလတ်ပေါက်ကို ဖြုတ်ထားပါ။

ဖုန်းအားလည်း မသွင်းပဲနဲ့ ကြိုးကို အချိန်ပြည့်တပ်ထားတာတွေ၊ ဝါယာကြိုးတွေကို မသုံးပဲနဲ့ ပလပ်ထိုးထားတာက မီတာခကို တက်စေပါတယ်။ ဒါကြောင့် မိမိအသုံးမပြုတဲ့အခါမှာ လုံးဝကို ဖြုတ်ထား၊ ပိတ်ထားသင့်ပါတယ်။

မိမိအသုံးလိုမှပဲ အဖြုတ်၊ အတပ်၊ အဖွင့်၊ အပိတ်လုပ်ပါ။ တကယ်လို့ သင်က ဆက်တပ်ထားမယ် ဆိုရင်တော့ မီတာခတွေ တက်နေမှာပဲ ဖြစ်ပါတယ်။

၇။ ရေနွေးကို အိုးနဲ့ပဲတည်ပါ။

တချို့တွေက ခေါက်ဆွဲပြုတ်တာပဲဖြစ်ဖြစ်၊ ကော်ဖီသောက်တာပဲဖြစ်ဖြစ်အလွယ်နည်းလမ်းကိုလိုက်ကြပါတယ်။ ဒါကတော့မိုက်ခရိုဝေ့ဖ်ထဲကိုထည့်ပြီး ရေနွေးတည်တာပါပဲ။ သုတေသနတွေအရတော့ ရေနွေးအိုးက မိုက်ခရိုဝေ့ဖ်ထက်တောင် ပိုမြန်ပါတယ်။

လျှပ်စစ်ဓာတ်ကို မိုက်ခရိုဝေ့ဖ်အဖြစ်ကို ပြောင်းလိုက်တာကစွမ်းအင်ကို 50%;ဆုံးရှုံးသွားစေပါတယ်။ တကယ်လို့ရေနွေးအိုးကိုသာသုံးမယ်ဆိုရင်တော့ စွမ်းအင်စုစုပေါင်းရဲ့ 20% သာ ကုန်ဆုံးပါစေတယ်။

၈။ အသားကင်တဲ့အခါ oven ကို ပိတ်ပြီးကင်ပါ။

အရင်ခေတ်တွေကတော့ အပူချိန်လွန်ကဲပြီး မီးလောင်မှုတွေ မဖြစ်စေဖို့ oven တွေကို ဖွင့်ပြီး ကင်ရပါတယ်။အခုခေတ်မှာတော့ အရင်ကနဲ့မတူပဲအပူချိန်ထိန်းတဲ့စနစ်တွေ ပါဝင်လာပါပြီ။ ဒါကြောင့်လဲ ခေတ်ပေါ် oven တွေမှာ တံခါးတွေ ထည့်ထားပေးပါတယ်။

Oven တံခါးကိုဖွင့်ပြီး ချက်တာရဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ အပူချိန် 50% ဆုံးရှုံးရခြင်းပဲ ဖြစ်ပါတယ်။ အပူတွေကရောက်သင့်သလောက် မရောက်တော့ပဲ အချိန်တွေကို ရှည်ကြာစေပါတယ်။ ဒါကြောင့် အချိန်နှစ်ဆကုန်စေပြီးတော့ မီးကိုလည်း နှစ်ဆတက်စေပါလိမ့်မယ်။

၉။ ရေပန်းမှာ ရေဖြည်းဖြည်းလေးကျအောင် ထားပါ။

ပျမ်းမျှအားဖြင့် ရေပန်းတစ်ခုဟာ တစ်မိနစ်ကို ရေ 2.5 ဂါလံ (9.5 လီတာ) ခန့် ကုန်စေပါတယ်။ သို့သော် တစ်မိနစ်ကို 1.7 ဂါလံ (6.6 လီတာ)ထွက်တဲ့ ရေပန်းအဖြစ်ကို အလွယ်တကူ ပြောင်းလဲလို့ ရပါတယ်။ ဒါဟာ ရေပန်းကို ရေအကျနှေးအောင် ပြုလုပ်တာပါပဲ။ ဒီပြောင်းလဲမှုဟာ ရေဂါလန် ၁၁,၀၀၀ (၄၂,၀၀၀ လီတာ) နှင့် တစ်နှစ်လျှင် စွမ်းအင် 1.180 kWh ကို သက်သာစေပါတယ်။

ဒါပေမယ့် တစ်ယောက်နှင့် တစ်ယောက်က နေရာဒေသနှင့် ရေချိုးခန်း ဖွဲ့စည်းပုံတွေ မတူတာကြောင့် အနည်းငယ်တော့ ကွာခြားသွားနိုင်ပါတယ်။

crd

for zawgyi

သင့္အိမ္မွာ မီတာခသက္သာေစမယ့္ နည္းလမ္း (၉) ခု

လွ်ပ္စစ္မီးဆိုတာ အခုခ်ိန္မွာ အရမ္းကို အသုံးဝင္ေနပါၿပီ။ ခ်က္ျပဳတ္တာကအစ ေန႔စဥ္ လူမႈဘဝေတြမွာပါ ေနရာေပါင္းစုံကေန ပါဝင္လာပါၿပီ။ မီး ဆိုတာကေတာ့

သုံးတတ္ရင္ ကိုယ့္အတြက္ အရမ္းအက်ိဳးရွိေပမယ့္ တစ္ခုခု လြဲမွားသြားရင္လည္း အကုန္လုံးကို ဆုံးရႈံးေစႏိုင္ပါတယ္။ အခုလို မီတာခေတြ တက္ေနတဲ့အခ်ိန္မွာ လွ်ပ္စစ္ကို ဘယ္လို ေခြၽတာသုံးမလဲ ဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

၁။ အဝတ္ေလွ်ာ္စက္နဲ႔ အေျခာက္ခံတဲ့အခါ အေျခာက္ခံေဘာလုံးကို အသုံးျပဳပါ။

အျခား အိမ္သုံးပစၥည္းမ်ားႏွင့္ ႏႈိင္းယွဥ္ရင္ အဝတ္ေလွ်ာ္စက္က မီးအား ေတာ္ေတာ္ကို ဆြဲပါတယ္။ ေရထည့္ရတယ္၊ လည္ရတယ္၊ ေလွ်ာ္ရတယ္စတဲ့ အေျခခံအခ်က္ေတြနဲ႔ပဲ အခ်ိန္ကို ယူေစသလို မီးအားလည္း တက္ေစပါတယ္။

ဒါေၾကာင့္ အဝတ္ေတြကို အေျခာက္ခံတဲ့အခါ အေျခာက္ခံ ေဘာလုံးေလးေတြကို သုံးသင့္ပါတယ္။ ဒီလို ထည့္တာက အဝတ္အစားေတြကို ျခားျခားသြားေစၿပီးေတာ့ ေလဝင္ေလထြက္လည္း ရွိေစပါတယ္။ အထူးသျဖင့္ ေဘာလုံးေတြဟာ အစိုဓာတ္အခ်ိဳ႕ကို စုပ္ယူႏိုင္ၿပီးေတာ့ အေျခာက္ခံျခင္း လုပ္ငန္းစဥ္ တစ္ခုလုံးကို ျမန္ျမန္ၿပီးေအာင္ ကူညီေပးပါတယ္။

၂။ ေရခဲေသတၱာမွာ အေအးကို ျမႇင့္တင္ပါ။

အပူခ်ိန္အနိမ့္ဆုံး ျဖစ္ေနတာကအစားအစာကိုထိန္းသိမ္းဖို႔အေကာင္းဆုံး ျဖစ္တယ္လို႔ လူအမ်ားကယုံၾကည္ၾကပါတယ္။ တကယ္ေတာ့ သင့္ ေရခဲေသတၱာကို 38°F (3°C) ထက္ နိမ့္ေအာင္ထားဖို႔ မလိုဘဲ သင့္ေရခဲေသတၱာကို 5°F (-15°C) မွာ ထားသင့္ပါတယ္။

ဒါမွ ေရခဲေသတၱာက ေကာင္းမြန္စြာ လည္ပတ္ႏိုင္မွာပဲ ျဖစ္ပါတယ္။ တကယ္လို႔ အနည္းဆုံး 10 ဒီဂရီ နိမ့္ထားရင္ 25% အထိ စြမ္းအင္သုံးစြဲမွာပဲ ျဖစ္ပါတယ္။ ေရခဲေသတၱာထဲ အၾကာႀကီး ထည့္ထားတာေတာင္မွ အရည္ေပ်ာ္ေနရင္ေတာ့ ျပင္ဆရာကို ေခၚျပသင့္ပါတယ္။ ေနာက္တစ္ခုက နံရံကေန အနည္းဆုံး 3 လက္မေလာက္ ခြာထားသင့္ပါတယ္။ ဒါမွသာ ေလလည္ပတ္ဖို႔ ေနရာအလုံအေလာက္ ရွိမွာပဲ ျဖစ္ပါတယ္။

၃။ ေလေအးေပးစက္ထက္ ျပတင္းေပါက္မ်ားကိုသာ က်ယ္က်ယ္ဖြင့္ပါ။

အိမ္တစ္အိမ္ရဲ႕ အပူခ်ိန္ 30% ေလာက္ဟာ ျပတင္းေပါက္ကေန ထြက္ပါတယ္။ အဲဒါေၾကာင့္ အိမ္မွာ ရွိတဲ့ ျပတင္းေပါက္ေတြကို ဖြင့္ထားပါ။ ဒါမွမဟုတ္ အပူကို စုပ္ယူေပးတဲ့ လိုက္ကာေလးေတြ တပ္ထားပါ။ ဒီနည္းက ေလေအးေပးစက္ကို အခ်ိန္ျပည့္ ဖြင့္ေနစရာမလိုပဲ သင့္ကို ေအးေနေစပါလိမ့္မယ္။

၄။ အဖုံးဖုံးၿပီး ခ်က္ပါ။

ဟင္းေတြ ခ်က္တဲ့အခါမွာ အဖုံးဖုံးၿပီး ခ်က္ပါ။ ဒီလိုခ်က္တာက မီးအားကို ေလွ်ာ့ခ်ႏိုင္တဲ့အျပင္ ခ်က္ျပဳတ္ခ်ိန္ကိုလည္း မၾကာေစပါဘူး။ ဒီလိုအုပ္ၿပီးခ်က္လိုက္တာက သင့္ကို စြမ္းအင္ 66% ေလာက္ သက္သာသြားေစပါတယ္။

ေနာက္တစ္ခုကေတာ့ အဖုံးကို လုံးဝလုံတဲ့ဟာမ်ိဳးပဲ သုံးသင့္ပါတယ္။ ေသးေနရင္ အေငြ႕ေတြက တေထာင္းေထာင္းထြက္ေနမွာပဲ ျဖစ္ပါတယ္။ ၿပီးေတာ့ အိုးနဲ႔မီးဖိုနဲ႔ကို ခ်ိန္ၿပီးခ်က္သင့္ပါတယ္။ အိုးကႀကီးေနရင္ ခ်က္ျပဳတ္ခ်ိန္ကလည္း ၾကာေနမွာျဖစ္ၿပီးေတာ့ စြမ္းအင္ 40% အထိ ဆုံးရႈံးႏိုင္ပါတယ္။

၅။ အေျခာက္ခံစက္ကို အၿမဲသန႔္ရွင္းေရး လုပ္ပါ။

အေျခာက္ခံစက္မွာ အမႈန္ေတြ၊ အမႈိက္ေတြ ကပ္ေနတာက သင့္ကိုအခ်ိန္ၾကာေစပါတယ္။ အမႈန္ေတြကခံေနတာေၾကာင့္ စက္ကပိုမိုလည္ပတ္ရၿပီးေတာ့ အဝတ္ေျခာက္ဖို႔အတြက္ စြမ္းအင္ႏွင့္ အခ်ိန္ပိုယူရပါတယ္။ အမႈိက္ေတြ ခံေနတာေပၚ မူတည္ၿပီးေတာ့ ပုံမွန္ထက္ 75% အထိ စြမ္းအင္ပိုမိုသုံးစြဲပါတယ္။ ေလဝင္ေလထြက္ေပါက္ေတြကို ပိတ္ေနတာေၾကာင့္ ပုံမွန္ထက္ အခ်ိန္ပိုယူေနတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ရဲ႕စက္ကို အၿမဲသန႔္ရွင္းေနေအာင္ လုပ္ပါ။

၆။ အသုံးမလိုတဲ့အခါ ပလတ္ေပါက္ကို ျဖဳတ္ထားပါ။

ဖုန္းအားလည္း မသြင္းပဲနဲ႔ ႀကိဳးကို အခ်ိန္ျပည့္တပ္ထားတာေတြ၊ ဝါယာႀကိဳးေတြကိုမသုံးပဲနဲ႔ပလပ္ထိုးထားတာက မီတာခကိုတက္ေစပါတယ္။ ဒါေၾကာင့္ မိမိအသုံးမျပဳတဲ့အခါမွာ လုံးဝကို ျဖဳတ္ထား၊ ပိတ္ထားသင့္ပါတယ္။

မိမိအသုံးလိုမွပဲ အျဖဳတ္၊ အတပ္၊ အဖြင့္၊ အပိတ္လုပ္ပါ။ တကယ္လို႔ သင္က ဆက္တပ္ထားမယ္ ဆိုရင္ေတာ့ မီတာခေတြ တက္ေနမွာပဲ ျဖစ္ပါတယ္။

၇။ ေရေႏြးကို အိုးနဲ႔ပဲတည္ပါ။

တခ်ိဳ႕ေတြက ေခါက္ဆြဲျပဳတ္တာပဲျဖစ္ျဖစ္၊ ေကာ္ဖီေသာက္တာပဲျဖစ္ျဖစ္ အလြယ္နည္းလမ္းကို လိုက္ၾကပါတယ္။ ဒါကေတာ့ မိုက္ခ႐ိုေဝ့ဖ္ထဲကို ထည့္ၿပီး ေရေႏြးတည္တာပါပဲ။ သုေတသနေတြအရေတာ့ ေရေႏြးအိုးက မိုက္ခ႐ိုေဝ့ဖ္ထက္ေတာင္ ပိုျမန္ပါတယ္။

လွ်ပ္စစ္ဓာတ္ကို မိုက္ခ႐ိုေဝ့ဖ္အျဖစ္ကို ေျပာင္းလိုက္တာက စြမ္းအင္ကို 50% ဆုံးရႈံးသြားေစပါတယ္။ တကယ္လို႔ ေရေႏြးအိုးကိုသာ သုံးမယ္ဆိုရင္ေတာ့ စြမ္းအင္စုစုေပါင္းရဲ႕ 20% သာ ကုန္ဆုံးပါေစတယ္။

၈။ အသားကင္တဲ့အခါ oven ကို ပိတ္ၿပီးကင္ပါ။

အရင္ေခတ္ေတြကေတာ့ အပူခ်ိန္လြန္ကဲၿပီး မီးေလာင္မႈေတြ မျဖစ္ေစဖို႔ oven ေတြကို ဖြင့္ၿပီး ကင္ရပါတယ္။ အခုေခတ္မွာေတာ့ အရင္ကနဲ႔မတူပဲ အပူခ်ိန္ထိန္းတဲ့စနစ္ေတြ ပါဝင္လာပါၿပီ။ ဒါေၾကာင့္လဲ ေခတ္ေပၚ oven ေတြမွာ တံခါးေတြ ထည့္ထားေပးပါတယ္။

Oven တံခါးကိုဖြင့္ၿပီး ခ်က္တာရဲ႕ အႀကီးမားဆုံး အားနည္းခ်က္ကေတာ့ အပူခ်ိန္ 50% ဆုံးရႈံးရျခင္းပဲ ျဖစ္ပါတယ္။ အပူေတြက ေရာက္သင့္သေလာက္ မေရာက္ေတာ့ပဲ အခ်ိန္ေတြကို ရွည္ၾကာေစပါတယ္။ ဒါေၾကာင့္ အခ်ိန္ႏွစ္ဆကုန္ေစၿပီးေတာ့ မီးကိုလည္း ႏွစ္ဆတက္ေစပါလိမ့္မယ္။

၉။ ေရပန္းမွာ ေရျဖည္းျဖည္းေလးက်ေအာင္ ထားပါ။

ပ်မ္းမွ်အားျဖင့္ ေရပန္းတစ္ခုဟာ တစ္မိနစ္ကို ေရ 2.5 ဂါလံ (9.5 လီတာ) ခန႔္ ကုန္ေစပါတယ္။ သို႔ေသာ္ တစ္မိနစ္ကို 1.7 ဂါလံ (6.6 လီတာ)ထြက္တဲ့ ေရပန္းအျဖစ္ကို အလြယ္တကူ ေျပာင္းလဲလို႔ ရပါတယ္။ ဒါဟာ ေရပန္းကို ေရအက်ေႏွးေအာင္ ျပဳလုပ္တာပါပဲ။ ဒီေျပာင္းလဲမႈဟာ ေရဂါလန္ ၁၁,၀၀၀ (၄၂,၀၀၀ လီတာ) ႏွင့္ တစ္ႏွစ္လွ်င္ စြမ္းအင္ 1.180 kWh ကို သက္သာေစပါတယ္။

ဒါေပမယ့္ တစ္ေယာက္ႏွင့္ တစ္ေယာက္က ေနရာေဒသႏွင့္ ေရခ်ိဳးခန္း ဖြဲ႕စည္းပုံေတြ မတူတာေၾကာင့္ အနည္းငယ္ေတာ့ ကြာျခားသြားႏိုင္ပါတယ္။

crd