ဗဟုသုတ

အိမ်ဖော်ဘဝကနေ ထာဝရမညှိုးနွမ်းတော့မည့် ပန်းအိုးလုပ်ရောင်းခြင်းဖြင့် ကြွယ်ဝချမ်းသာလာခဲ့သည့် အမျိုးသမီး

အိမ်ဖော်ဘဝကနေ ထာဝရမညှိုးနွမ်းတော့မည့် ပန်းအိုးလုပ်ရောင်းခြင်းဖြင့် ကြွယ်ဝချမ်းသာလာခဲ့သည့် အမျိုးသမီး

ဗီယက်နမ်နိုင်ငံမှ အသက်၅၀ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် အစပိုင်းတွင် စီးပွားရေးလုပ်ငန်းအနေနှင့် ခင်ပွန်းဖြစ်သူမှ စီစဉ်ညွှန်ကြားမှုအတိုင်း ယူကလစ်ပင်လေးတွေစိုက်ပျိုးခဲ့ရာ မအောင်မြင်ပဲ အကြွေးပါတင်သွားခဲ့သည်။

ထိုအချိန်တွင် အမျိုးသမီးသည် အကြွေးဆပ်ဖို့ရာ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး သူဌေးမိသားစုတစ်စုရဲ့ အိမ်ဖော်အဖြစ်လုပ်ကိုင်ခဲ့ရင်း ဝင်ငွေများစွာရရှိမည့် ပန်းလုပ်ငန်းဆိုင်ရာနဲ့ပက်သက်ပြီး လေ့လာသင်ယူခဲ့သည်။

ထို့နောက် အမျိုးသမီးသည် မွေးရပ်မြေသို့ပြန်လာခဲ့ပြီး စုဆောင်းငွေလေးနှင့်အတူ ဆွေမျိုးတွေဆီကလည်း ငွေအချို့ချေးယူကာ သူမသင်ယူလာခဲ့သည့် ထာဝရမညှိုးနွမ်းပန်းလုပ်ငန်းကို စတင်ပြီးတော့ ထုတ်လုပ်ခဲ့ရာ ပတ်ဝန်းကျင်ရဲ့ အထင်သေး လှောင်ပြောင်ခြင်းတွေကို ခံခဲ့ရသည်။

အမျိုးသမီးသည် ပန်းပွင့်လေးတွေကို ဂျပန်သဲမှုန်လေးတွေထဲမှာနစ်မြှုပ်ကာ ဖန်အိုးလေးတွေထဲထည့်ကာ မြို့ပေါ်တက်ပြီး ရောင်းချခဲ့ရာ မမျှော်လင့်ပဲ သူဌေးတွေရဲ့အကြိုက်ဖြစ်စေပြီး များစွာရောင်းချနိုင်ခဲ့သည့်အတွက် အိမ်ဖော်အဆင့်ကနေ လက်ရှိတွင် အောင်မြင်သောစီပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိသည်။