News

မျက်ရည်တွေနဲ့ ခင်းခဲ့တဲ့ ပြင်ဦးလွင် ပွဲကောက်ရေတံခွန် မှန်တံတား

အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ဈေးသည်တွေရဲ့ မျက်ရည်နဲ့ ခင်းခဲ့တဲ့ ပြင်ဦးလွင်မှန်တံတား

ပြင်ဦးလွင်မှန်တံတားနဲ့ ပါတ်သတ်ပြီး နိုင်ငံရေးတွေ အမှားပါမှာစိုးလို့ မပြောဘဲ နေနေတာ သိချင်တဲ့ သူတွေက မေးလို့ပြောပြမယ်။

အရင်က ပွဲကောက်ရွာလေး ရှိတယ်။ ဘယ်ခေတ်မှာ မှန်းမသိ စစ်တပ် သိမ်းလိုက်တော့ တပ်ပိုင်ဖြစ်သွားတယ် ဆိုပါတော့၊ အဲ့ချိန်မှာ ရွာသားတွေကို
အခွန်ကောက်ပြီး စျေးရောင်းခွင့်ပေးတယ်။ ရတဲ့အခွန်တွေကို ရေတံခွန် စည်ပင်ဖို့ ဘယ်နေရာမှ မသုံးဘူး။ လမ်းကြေးလဲ စစ်တပ်ကဘဲ ရတယ်။

အဲ့မှာစျေးရောင်းတဲ့ ရွာသားတွေက ကိုယ်ထူကိုယ်ထ လမ်းခင်းရတယ်။ တံတားကျိုးတော့လဲ ကိုယ်ထူကိုယ်ထ စုပေါင်းပြီး ခင်းရတယ်။ တချို့ အိမ်မရှိဖူး စျေးဆိုင်မှာဘဲ အိပ်ကြတယ်။

ကိုဗစ်လဲဖြစ်ရော ပါမစ်နဲ့နေရာကို ရောင်းစားလိုက်တယ်..ဘယ်သူ့ရောင်းလိုက်လဲ ဆိုတာတော့ အားလုံးသိကြမှာပါ။ ကိုဗစ်ဖြစ်တာ အကြောင်းပြပြီး ဧည့်သည်တွေ ဝင်ခွင့်ပေးလိုက် မပေးလိုက် စိတ်ကူးပေါက်သလို တပ်ဂိတ်ကဘဲ စီမံတယ်။

အစက စျေးသည်တွေကို နေရာရွေ့ပေး ပိုက်ဆံပေးမယ်ဆိုညှိတယ်။ နိုင်ငံရေး ဖြစ်ပြီးတဲ့ နောက်တော့ လှည့်ကိုမကြည့်တော့တာ။

တစ်ပြားမှ မပေးတဲ့အပြင် ဆိုင်တွေကိုလဲ ရက်တိုနဲ့ ဖျက်ခိုင်းတယ်။ ရွာနဲ့ ရေတံခွန်ဆိုတာကပ်ရပ် ရောက်ဖူးတဲ့သူတွေ သိမှာပါ။ ရေတံခွန် လမ်းဆုံးသွားရင်ရွာဘဲ။

စျေးသည်တော်တော်များများက ဆိုင်ခန်းနဲ့ ရွာထဲနေကြတာ များတယ်။ဆိုင်ခန်းတွေ ဖျက်ခိုင်းပြီးတော့ နောက်ပေါက်ကိုပိတ်တယ်။ ပစ္စည်းလေးတွေ ရွာထဲထားချင်တယ် ဆိုတာတောင် ကိုယ်ချင်းစာစိတ်နဲ့ ဖွင့်မပေးဘူး။

ရှေ့ဂိတ်ပေါက်ကနေ လမ်းသစ်အတိုင်း တစ်ပါတ်ကြီးသယ်ရတယ်။ သနားကြင်နာမှု ၊ ညှာတာမှု ၊ လူ့အခွင့်အရေးဆိုတာ ဘာဆိုဘာမှ ပြန်ရခဲ့တာ မရှိ။

အဲ့လိုပြောလို့ စျေးရောင်းခိုင်းတာဘဲ ကျေးဇူးတင်အုံးလို့ လာပြောရင် ဝဠ်မှာအမြဲ ငရဲမှာ အပဆိုတဲ့ ဗုဒ္ဓစကားလေးဘဲ နှလုံးသွင်းမယ်။

အဲ့မှန်တံတားကြောင့် ဘဝပျက်ခဲ့ရတဲ့ စျေးသယ်တွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ စျေးသည်တွေ နေရာမှာ တပ်မိသားစုတွေ အစားထိုး ရောင်းချပေးနေပါတယ်။ နေသာသလိုသာ နေကြပါ။

မျက်ရည်တွေနဲ့ ခင်းထားတဲ့ လမ်းမို့သွားချင်သူတွေလဲ အော်..နင့်စိတ်က ဒီလိုလားလို့ တွေးယုံကလွဲပြီး ဘာမှပြောမှာလဲ မဟုတ်ပါဘူး။ ငါတို့မှမသိတာလို့ မဖြစ်ရလေအောင် အားလုံးဒီအဖြစ်မှန်ကို သိကြစေချင်လို့ ပြောပြတာပါ။

ပွဲကောက်ရေတံခွန်ရောက်တဲ့အချိန် မက်မန်းသီးလေး မြည်းခဲ့ရတာ ဝိုင်လေးမြည်းခဲ့ရတာ သတိရရင် အဲ့စျေးသည်တွေ ခုချိန်ဘယ်ရောက်နေလဲ ဘာတွေ ဖြစ်နေလဲ သတိရပေးရင်ကို ကျေနပ်ပါပြီ။

Credit