Local News

နယ်စပ်ဖြတ်ကျော်ပြီး လာရောက်ခိုလှုံကြတဲ့ မြန်မာစစ်ဘေးရှောင်တချို့ နေရပ်ပြန်သွားစဉ်မှာ နွေးထွေးပျူငှာစွာ လက်ပြနှုတ်ဆက်ခဲ့ကြတဲ့ ထိုင်းစစ်သားများ……

နယ်စပ်ဖြတ်ကျော်ပြီး လာရောက်ခိုလှုံကြတဲ့ မြန်မာစစ်ဘေးရှောင်တချို့ နေရပ်ပြန်သွားစဉ်မှာ နွေးထွေးပျူငှာစွာ လက်ပြနှုတ်ဆက်ခဲ့ကြတဲ့ ထိုင်းစစ်သားများ……

ဒီဇင်ဘာလ (၁၅) ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ၉ မိုင်အကွာအဝေးရှိ

လေးကေ့ကော်မြို့သစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေတွေကြောင့် လေးကေ့ကော်မြို့သစ်က

ပြည်သူများအပါအဝင် အနီးနားရှိ ကျေးရွာများ အပါအဝင် ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်ပြည်သူ

စုစုပေါင်း (၅၀၀၀) နီးပါးလောက်ဟာ အိုးအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရပါတယ်။

စစ်ရှောင်းပြည်သူအများစုကတော့ မြန်မာနိုင်ငံ တစ်ဖက်ကမ်းရှိ နီးစပ်ရာ ထိုင်းနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ပြီး ခိုလှုံခဲ့ကြတာပါ။

တိုက်ပွဲတွေကြားကနေ ထွက်ပြေးလာတဲ့ မြန်မာစစ်ဘေးရှောင် ထောင်နဲ့ချီကိုလည်း ခိုလှုံဖို့

ထိုင်းအာဏာပိုင်များက ယာယီစခန်းများ တည်ဆောက်ပြီး နေထိုင်ရေးနဲ့ စားသောက်ရေးကအစ ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလည်း အပြည့်အဝပေးပြီး မြန်မာစစ်ဘေးရှောင်တွေထဲက

ကိုဗစ်ပိုးတွေ့ရှိသူတွေကိုလည်း ဆေးဝါးကုသမှုခံယူနိုင်အောင် မဲဆောက်ဆေးရုံကြီးကိုပို့ဆောင် ကုသပေးတာတွေလည်း တွေ့ရပါတယ်။

စစ်ရှောင်ပြည်သူတွေကို မိမိနိုင်ငံသားသဖွယ် ကူညီပေးခဲ့တာကြောင့် မြန်မာပြည်သူတွေကလည်း ကျေးဇူးတင်ရှိနေတာပါ။

ယခုမှာလည်း စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ထိုင်းစစ်သားတချို့ရဲ့

လေးစားစရာကောင်းတဲ့ ပုံရိပ်လေးတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။

ဒီပုံလေးတွေကတော့ သူတို့ဘက်ခြမ်းကို လာရောက်ခိုလှုံကြတဲ့ မြန်မာစစ်ရှောင်ပြည်သူတချို့ ပြန်သွားစဉ်မှာ

ထိုင်းစစ်သားတွေက နယ်စပ်ကိုပို့ပေးပြီး လက်ပြနှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပုံလေးတွေကတော့ မြင်သူတိုင်း ကြည်နူးစေမယ်လို့လည်း ထင်မိပါတယ်။

သတင်းအရင်းအမြစ်៖ Original Upload.