ဗဟုသုတ

“မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား”

“မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား”

တစ်ခါတုန်းက ဆရာမတစ်ယောက်ဟာူ့အတန်းထဲက ခပ်ဆိုးဆိုးကျောင်းသားလေးတဦးကို

“သားကြီးလာရင် ဘာလုပ်မှာလဲ”လို့မေးလိုက်တဲ့အခါ

ကျောင်းသားလေးက မဆိုင်းမတွဘဲ “ရုပ်ရှင်မင်းသားလုပ်မယ်၊ ပြီးရင် ဗိုက်ဆာနေတဲ့သူတွေကို မုန့်လိုက်ကျွေးမယ်” လို့ဖြေလိုက်တယ်၊

အဲဒီလိုလည်း ဖြေရော အတန်းဖော်တွေက”ဒီကောင်-သောက်ပေါ”ဆိုပြီး သူ့ကိုဝိုင်းဟားကြတယ်၊

ဆရာမကလည်း “မင်းလုပ်ချင်တာတွေက အရမ်းစိတ်ကူးယဉ်ဆန်လွန်းတယ်၊တစ်ခြားအရာတွေကို ပြောင်းစဉ်းစားတာ ကောင်းလိမ့်မယ်” လို့ပြောခဲ့တယ် ၊

နောက် နှစ်ပေါင်း၂၀ ကျော်/၃၀ခန့် ကြာတဲ့အခါ

အဲဒီ ကျောင်းသားလေးဟာ သူပြောခဲ့တဲ့အတိုင်း

ကမ္ဘာ့ရုပ်ရှင်လောကရဲ့ ဝင်ငွေအမြင့်မားဆုံး အချမ်းသာဆုံးမင်းသား၊ ၂၁ရာစု ဥရောပနဲ့အမေရိကလူတွေအားလုံးထက်သြဇာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာခဲ့တယ်၊

သူဟာ အိန္ဒိယနိုင်ငံရဲ့ အာဟာရချို့တဲ့သူ ၄သန်းကျော်နဲ့
ကမ္ဘာ့အိမ်ခြေရာမဲ့တွေအတွက်သူရရှိတဲ့အနုပညာကြေးငွေ ၇၅%ကိုလှူဒါန်းထားပါတယ်၊

ဒါကြောင့်လည်းအဂ်လန်ဘုရင်မကြီးElizabeth ကိုယ်တိုင်က သူ့ကို ဂုဏ်ထူးဆောင်ပရဟိတသမား ဆုပေးအပ်ခဲ့ပါတယ်၊

ထိုသူကား အခြားမဟုတ်-

အချစ်၊အလွမ်း၊အဆွေး၊အကြမ်းအရမ်းအကုန်ရတဲ့ ကျနော်တို့ရဲ့ အသည်းကျော်Bollywoodဘုရင်ကြီး shah rukh khan(ရှရွတ်ခမ်း)ပင် ဖြစ်သည်၊

တစ်ခြားလူတွေ မင်းအပေါ်မြင်တဲ့အမြင်က အရေးမကြီးပါဘူး၊မင်းရည်မှန်းချက်အပေါ်ထားတဲ့ မင်းရဲ့အမြင်ကသာ အရေးအကြီးဆုံးပါ-

သူတောင်းစားတွေမှာလည်း ရှင်ဘုရင်ဖြစ်ခွင့်အိပ်မက်ရှိပါတယ်-

မဖြစ်နိုင်ဘူးဆိုတာ တကယ်သေချာပြီလား-?

ကြိုးစားပါ မဖြစ်နိုင်တာမရှိပါဘူး။မဖြစ်သေးတာပဲရှိ တာပါ။အဓိကကြိုးစားနေဖို့ပါပဲ မရပ်လိုက်ပါနဲ့

ဆက်ကြိုးစားထားပါ။ကြိုးစားနေသူအဖို့အောင်မြင်မှုက
လက်တစ်ကမ်းမှာပါ။