ဗဟုသုတ

ဓမ္မနည်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေ့လာအကဲခတ်ခြင်း

ဒေါ်အောင်ဆန်းစုကြည် ရုပ်လက္ခဏာ ထူးခြားချက်က ခါးအလွန်မတ်နေပါတယ်။ ငယ်စဥ်ကကောမတ်သလား ခုလောက်မမတ်ပါဘူး ခါးယိုင်တာစောင်းတာတွေကို ငယ်ဘဝ ပုံတွေမှာ မြင်နိုင်ပါတယ်။

ဘာလို့ခါးမတ်နေတာလဲ အထိုင်ကြာတဲ့ ယောဂီတွေမှ သိပါတယ် ဆယ့်ငါးမိနစ် နာရီဝက် လေးဆယ့်ငါးမိနစ် လောက်ထိုင်တဲ့ ယောဂီက သိပ်မသိပါဘူး။

အထိုင်ကြာလာလျင် ဝါယောတလုံး အထိန်းရခက်ဆုံးပဲတဲ့ မှတ်ထားကြ ဝါယာဓါတ်များ ရုတ်တရက်ဖောက်ပြန်လာရင် လျှပ်စီးလက်သလို ခန္ဓါကိုယ်ထဲ ဖျင်းခနဲ ထောက်ကန်မှုတွေက ကိုယ်ကာယ ကြီးကိုတောင် ယိမ်းယိုင်စေပါတယ်။

ခါးများမတ်မထားဘူးဆိုရင် ဝါယောဓါတ် ဖောက်ပြန်မှုကြောင့် တရားထိုင်နေစဥ် ရှေ့သို့လည်းကောင်း ဘေးသို့လည်းကောင်း လဲကျယိမ်းယိုင်စေပါတယ်။

သူတော်ကောင်း ယောဂီတို့ တရားထိုင်မယ်ဆိုလျင် အကြောအခြင်တွေ လျော့ထားရမှာဖြစ်ပေမယ့် ခါးကိုတော့ ကျောက်စိုင်ကျောက်သားသဖွယ် မတ်ထားရမှသာ ဝါယောဓါတ် ဖောက်ပြန်မှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ဝါယောတလုံးအခက်ဆုံးတဲ့ ရုတ်တရက်များ ဝါယောဓါတ် ဖောက်ပြန်လာရင် မြန်လွန်းလို့ အဖြစ်ကို မရှုနိုင်ဘူး ဝါယောအပျက်ကိုသာ ရအောင်ဖမ်းရှုကြပါ။

အမြဲတမ်း active လန်းဆန်းတက်ကြွနေခြင်း နှစ်ပေါင်းများစွာ အကျယ်ချုပ် စိတ်အကျဥ်းချခံရရင် စိတ်ဒဏ်ရာရ ထိုင်းမှိုင်းသွားပါတယ်။

နယ်လဆင်မင်ဒဲလားတောင် အမူအယာတွေ လေးလံသွားတာ ရုတ်တရက် မျက်နှာအမူအယာ ထိုင်းမှိုင်းသွားတာတွေ ရှိပါတယ်။ ဟုတ် မဟုတ် သိချင်ရင် Stay home ကာလ ကိုယ်ရုပ်ကို မှန်ထဲပြန်ကြည့် ရက်ပိုင်းကလေး စိတ်အကျဥ်းချ ခံရတာက ရုပ်သွင်ပြင်မှာ လာပေါ်ပါတယ်။

ညဏ်ရည်ညဏ်သွေး မြင့်မားနေခြင်း နှစ်ပေါင်းများစွာ အချုပ်အနှောင်ခံရ ကိုယ်ဖတ်ချင်တဲ့စာကအစ မဖတ်ရ လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ခံထားရသူက ညဏ်ရည်တွေ ဘာလို့မြင့်မားနေတာလဲ ဖြစ်နိုင်ချေက တရားဓမ္မကြောင့်ပါပဲလို့ တွေးလို့ရတယ်။

ဝိပသနာ တရားထိုင်ခြင်းက ညဏ်ရည်ညဏ်သွေး အထူးတက်စေပါတယ် ဖြစ်ပျက်တွေ ခပ်စိပ်စိပ်ပေါ်တာကို နောက်ကညဏ်နဲ့ လိုက်မှတ်နေရတာကိုက
ညဏ်ထက်မြက်စေပါတယ်။

ကိုယ့်သားသမီးများ ညဏ်မထက်မြက်ဘူး ညဏ်တုန်းနေတယ်လို့များထင်ရင် ကလေးတွေကို တရားထိုင်နည်းသင်ပေးပြီး ထိုင်ခိုင်းကြည့် ညဏ်ရည်ထက်လာဖို့ အာမခံပါတယ်။

သက္ကာယဒိဌိ စင်ပြီလားဆိုရရင်..ငါလင်၊ငါ့သားနဲ့ မြန်မာပြည်ကလူတွေကို ရွေးပါဆိုတော့ငါဆိုတာကိုပယ်သတ်ခဲ့တယ် ငါ့လင်၊ငါ့သား ရှိရာကိုမသွား ပုဂ္ဂိုလ်သတ္တဝါ မစွဲတော့ဘူးတဲ့ သူတော်ကောင်းမကြီး ဘယ်သူကများ ငါစွဲဖျောက်နိုင်လို့တုန်း။

ဘယ်သူကကော ငါ့လင်၊ငါ့သား ပစ်ပယ်နိုင်မှာတုန်း ကိုယ်ချင်းစာကြစမ်းပါ ကိုယ်သာဆို နှစ်ခါမခေါ်ရဘူး ဖုတ်ဖက်ခါကို ပြေးကြမှာကဲ သမ္မာဒိဌိ ဆိုက်သွားပြီဆိုတာ သိကြပြီလား။

အရေးကြီးဆုံးအချက် သောကဗျာပါဒတွေကို ဘယ်လိုငြိမ်းသတ်နိုင်ခဲ့တာလဲ သားကွဲလို့လင်သေ မယ်ပဋာ လိုအဖြစ် တခြားသာမန်လူသာဆိုရူးတယ်။ ဆယ်ခါပြန်တောင် ရူးစေလိမ့်ဦးမယ်။

မှတ်ထားကြဦး သေကွဲထက် ရှင်ကွဲကဆိုးတယ် သေသွားတာကဖြင့် သေသောသူ ကြာရင်မေ့ဆိုသလို သေဆဲကာလသာပူဆွေးရပေမပေါ့ ရှင်ကွဲဆိုတာက ဘဝတသက်တာလုံး တွေးလိုက်..အတွေးစလေး ဝင်လာတိုင်း ငါ့သားလေးတွေ ဘာများလုပ်နေကြမလဲ ငါ့သားလေးတွေ နေများကောင်းပါ့မလားဆိုတဲ့ သမုဒယ သစ္စာက အမြဲသောကဗျာပါဒတွေ ပေးနေတော့တာပေါ့။

ဆိုဆဲနေသူတွေ ကိုယ်ချင်းစာစိတ်လေးဝင်ကြည့်ငါ့သားသမီးလေးတွေနဲ့များ အဲလိုကြုံခဲ့ရင်ဆိုတဲ့အတွေးလေးဝင်ကြည့် အမှန်အမြင် မြင်ပါလိမ့်မယ် ကဲ…သောကဗျာပါဒတွေ တွေ့လာပြီဆိုတော့ ဘယ်လိုများဖြင့် ဒီအပူ ငြိမ်းမလဲ ငြိမ်းကြမလဲ။

ဒေါ်အောင်ဆန်းစုကြည် ဘဝက မယ်ပဋာလို အဖြစ်မျိုးမကပါဘူး Nld အဖွဲ့ကနေ အထုတ်ခံရပါတယ်သူမကိုထောက်ခံနေတဲ့ပြည်သူတွေကအစအရင်စစ်အစိုးရ နှိပ်ကွပ်မှုကြောင့် သူမအနား မကပ်ရဲကြတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဘဝ သုညတဆိုက်ခဲ့ရတယ် သူမမှာ ဘာမှမရှိတော့ဘူး ဘာဆိုဘာမှ မရှိတော့ဘူးဒီလိုအချိန်ရပ်တည်နိုင်ဖို့ တရားဓမ္မကပဲကယ်ဆယ်နိုင်ပါတယ်။

တရားဓမ္မ လို့ဆိုရာမှာလဲ ပရိတ်ပဌာန်းတွေရွတ်မယ် ပုတီးစိပ်မယ်ဆိုရုံနဲ့ ဒီမီး ကိုတော့ မငြိမ်းနိုင်ပါဘူး ပရိတ်ပဌာန်းရွတ်ဆဲကာလပုတီးစိပ်ဆဲကာလလေးသာထိန်းရုံထိန်းနိုင်မယ်ရပ်လိုက်တာနဲ့အပူဆိုတာ ပြာဖုံးမီးခဲများထတောက်လိုက်သလို ဟဒယနှလုံးအိမ်ကို တောက်လောင်တာများ နှလုံးသွေးတွေ လောင်ကျွမ်းသလို ခံစားရတယ်။

မှတပါး ဝိပသနာတရားမှတပါး အခြားမရှိပြီ ဒီအပူမီး ငြိမ်းနိုင်ဖို့က ဝိပသနာတရားကလွဲ မရှိပါဘူး သုညတဘဝ ဆိုက်ရောက်နေတဲ့အချိန် သုညတဆိုက် ဝိပသနာ ညဏ်အမြင်မြင်မှ အပူမီးမှန်သမျှ အကုန်ငြိမ်းပါတယ်။

သမုဒယကြောင့် ဖြစ်လာတဲ့ဒုက္ခ ဒီဒုက္ခတွေဒုက္ခမှန်သမျှတွေလဲအမြဲမရှိဆိုတာသိလိုက်တာနဲ့ဒုက္ခချုပ်ရာကိုလှမ်းမြင်နိုင်ပါပြီဆဲဆိုနေသူတွေထဲက တချို့တလေ ဤစာကိုမြင်၍ အမှန်အမြင်လေးများ မြင်ရင်ဖြင့်ရေးရကျိုးနပ်ပါတယ်။

သူများတွေလှုလို့ ကိုယ်မလှုနိုင်လို့လဲ စိတ်မကောင်းမဖြစ်ကြပါနဲ့ ဖြစ်ပျက်မြင်အောင်သာကြိုးစား ဖြစ်ပျက်မှ မြင်ပြီဆို လက်ခမောင်းသာခတ် နောင်လာလတ္တံဘဝ အပယ်မကျတော့ဘူးဆိုသာ တထစ်ချသာ ယုံလိုက်တော့ သူတော်ကောင်း အပေါင်းတို့…

လက်ရှိလောကမှာ အတည်ငြိမ်ဆုံးနဲ့ လောကဓံကိုမတုန်လှုပ်တဲ့ မြန်မာနိုင်ငံမှာ တရားရစရာ ပြစရာလူဆိုလို့ ဒေါ်အောင်ဆန်းစုကြည်သာရှိတာမို့။အတုယူအားကျ တရားရစရာအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ တရားအမြင်နဲ့မမြင်ပဲ မတရားအမြင်ရှိသူတွေကို လက်ခံမည်မဟုတ်ပါ။

Crd… Edit…

ဒေါ်အောင်ဆန်းစုကြည် ရုပ်လက္ခဏာ ထူးခြားချက်က ခါးအလွန်မတ်နေပါတယ်။ ငယ်စဉ်ကကော မတ်သလား ခုလောက်မမတ်ပါဘူး ခါးယိုင်တာ စောင်းတာတွေကို ငယ်ဘဝ ပုံတွေမှာ မြင်နိုင်ပါတယ်။

ဘာလို့ခါးမတ်နေတာလဲ အထိုင်ကြာတဲ့ ယောဂီတွေမှ သိပါတယ် ဆယ့်ငါးမိနစ် နာရီဝက် လေးဆယ့်ငါးမိနစ် လောက်ထိုင်တဲ့ ယောဂီက သိပ်မသိပါဘူး။

အထိုင်ကြာလာလျင် ဝါယောတလုံး အထိန်းရခက်ဆုံးပဲတဲ့ မှတ်ထားကြ ဝါယာဓါတ်များ ရုတ်တရက်ဖောက်ပြန်လာရင် လျှပ်စီးလက်သလို ခန္ဓါကိုယ်ထဲ ဖျင်းခနဲ ထောက်ကန်မှုတွေက ကိုယ်ကာယ ကြီးကိုတောင် ယိမ်းယိုင်စေပါတယ်။

ခါးများမတ်မထားဘူးဆိုရင် ဝါယောဓါတ် ဖောက်ပြန်မှုကြောင့် တရားထိုင်နေစဉ် ရှေ့သို့လည်းကောင်း ဘေးသို့လည်းကောင်း လဲကျယိမ်းယိုင်စေပါတယ်။

သူတော်ကောင်း ယောဂီတို့ တရားထိုင်မယ်ဆိုလျင် အကြောအခြင်တွေ လျော့ထားရမှာဖြစ်ပေမယ့် ခါးကိုတော့ ကျောက်စိုင်ကျောက်သားသဖွယ် မတ်ထားရမှသာ ဝါယောဓါတ် ဖောက်ပြန်မှုကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

ဝါယောတလုံးအခက်ဆုံးတဲ့ ရုတ်တရက်များ ဝါယောဓါတ် ဖောက်ပြန်လာရင် မြန်လွန်းလို့ အဖြစ်ကို မရှုနိုင်ဘူး ဝါယောအပျက်ကိုသာ ရအောင်ဖမ်းရှုကြပါ။

အမြဲတမ်း active လန်းဆန်းတက်ကြွနေခြင်း နှစ်ပေါင်းများစွာ အကျယ်ချုပ် စိတ်အကျဉ်းချခံရရင် စိတ်ဒဏ်ရာရ ထိုင်းမှိုင်းသွားပါတယ်။

နယ်လဆင်မင်ဒဲလားတောင် အမူအယာတွေ လေးလံသွားတာ ရုတ်တရက် မျက်နှာအမူအယာ ထိုင်းမှိုင်းသွားတာတွေ ရှိပါတယ်။ ဟုတ်မဟုတ် သိချင်ရင် Stay home ကာလ ကိုယ်ရုပ်ကို မှန်ထဲပြန်ကြည့် ရက်ပိုင်းကလေး စိတ်အကျဉ်းချ ခံရတာက ရုပ်သွင်ပြင်မှာ လာပေါ်ပါတယ်။

ညဏ်ရည်ညဏ်သွေး မြင့်မားနေခြင်း နှစ်ပေါင်းများစွာ အချုပ်အနှောင်ခံရ ကိုယ်ဖတ်ချင်တဲ့စာကအစ မဖတ်ရ လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ခံထားရသူက ညဏ်ရည်တွေ ဘာလို့မြင့်မားနေတာလဲ ဖြစ်နိုင်ချေက တရားဓမ္မကြောင့်ပါပဲလို့ တွေးလို့ရတယ်။

ဝိပသနာ တရားထိုင်ခြင်းက ညဏ်ရည်ညဏ်သွေး အထူးတက်စေပါတယ် ဖြစ်ပျက်တွေ ခပ်စိပ်စိပ်ပေါ်တာကို နောက်ကညဏ်နဲ့ လိုက်မှတ်နေရတာကိုက
ညဏ်ထက်မြက်စေပါတယ်။

ကိုယ့်သားသမီးများ ညဏ်မထက်မြက်ဘူး ညဏ်တုန်းနေတယ်လို့များထင်ရင် ကလေးတွေကို တရားထိုင်နည်း သင်ပေးပြီး ထိုင်ခိုင်းကြည့် ညဏ်ရည်ထက်လာဖို့ အာမခံပါတယ်။

သက္ကာယဒိဌိ စင်ပြီလားဆိုရရင်.. ငါလင်၊ငါ့သားနဲ့ မြန်မာပြည်က လူတွေကိုရွေးပါဆိုတော့ငါဆိုတာကိုပယ်သတ်ခဲ့တယ် ငါ့လင်၊ငါ့သားရှိရာကိုမသွား ပုဂ္ဂိုလ်သတ္တဝါ မစွဲတော့ဘူးတဲ့ သူတော်ကောင်းမကြီး ဘယ်သူကများ ငါစွဲဖျောက်နိုင်လို့တုန်း။

ဘယ်သူကကော ငါ့လင်၊ငါ့သား ပစ်ပယ်နိုင်မှာတုန်း ကိုယ်ချင်းစာကြစမ်းပါ ကိုယ်သာဆို နှစ်ခါမခေါ်ရဘူး ဖုတ်ဖက်ခါကို ပြေးကြမှာကဲ သမ္မာဒိဌိ ဆိုက်သွားပြီဆိုတာ သိကြပြီလား။

အရေးကြီးဆုံးအချက် သောကဗျာပါဒတွေကို ဘယ်လိုငြိမ်းသတ်နိုင်ခဲ့တာလဲ သားကွဲလို့လင်သေ မယ်ပဋာ လိုအဖြစ် တခြားသာမန်လူသာဆိုရူးတယ်။ ဆယ်ခါပြန်တောင် ရူးစေလိမ့်ဦးမယ်။

မှတ်ထားကြဦး သေကွဲထက် ရှင်ကွဲကဆိုးတယ် သေသွားတာကဖြင့် သေသောသူ ကြာရင်မေ့ဆိုသလို သေဆဲကာလသာပူဆွေးရပေမပေါ့ ရှင်ကွဲဆိုတာက ဘဝတသက်တာလုံး တွေးလိုက်..အတွေးစလေး ဝင်လာတိုင်းငါ့သားလေးတွေဘာများလုပ်နေကြမလဲငါ့သားလေးတွေနေများကောင်းပါ့မလားဆိုတဲ့ သမုဒယ သစ္စာက အမြဲသောကဗျာပါဒတွေ ပေးနေတော့တာပေါ့။

ဆိုဆဲနေသူတွေ ကိုယ်ချင်းစာစိတ်လေးဝင်ကြည့် ငါ့သားသမီးလေးတွေနဲ့များ အဲလိုကြုံခဲ့ရင်ဆိုတဲ့အတွေးလေးဝင်ကြည့်အမှန်အမြင် မြင်ပါလိမ့်မယ် ကဲ…သောကဗျာပါဒတွေ တွေ့လာပြီဆိုတော့ ဘယ်လိုများဖြင့် ဒီအပူ ငြိမ်းမလဲ ငြိမ်းကြမလဲ။

ဒေါ်အောင်ဆန်းစုကြည် ဘဝက မယ်ပဋာလို အဖြစ်မျိုးမကပါဘူး Nld အဖွဲ့ကနေ အထုတ်ခံရပါတယ် သူမကို ထောက်ခံနေတဲ့ပြည်သူတွေကအစ အရင်စစ်အစိုးရ နှိပ်ကွပ်မှုကြောင့် သူမအနား မကပ်ရဲကြတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဘဝ သုညတဆိုက်ခဲ့ရတယ် သူမမှာ ဘာမှမရှိတော့ဘူး ဘာဆိုဘာမှ မရှိတော့ဘူး ဒီလိုအချိန်ရပ်တည်နိုင်ဖို့တရားဓမ္မကပဲကယ်ဆယ်နိုင်ပါတယ်။

တရားဓမ္မ လို့ဆိုရာမှာလဲ ပရိတ်ပဌာန်းတွေရွတ်မယ် ပုတီးစိပ်မယ်ဆိုရုံနဲ့ ဒီမီး ကိုတော့ မငြိမ်းနိုင်ပါဘူး ပရိတ်ပဌာန်း ရွတ်ဆဲကာလ ပုတီးစိပ်ဆဲကာလလေးသာ ထိန်းရုံထိန်းနိုင်မယ် ရပ်လိုက်တာနဲ့ အပူဆိုတာ ပြာဖုံးမီးခဲများ ထတောက်လိုက်သလို ဟဒယ နှလုံးအိမ်ကို တောက်လောင်တာများ နှလုံးသွေးတွေ လောင်ကျွမ်းသလို ခံစားရတယ်။

မှတပါး ဝိပသနာတရားမှတပါး အခြားမရှိပြီ ဒီအပူမီး ငြိမ်းနိုင်ဖို့က ဝိပသနာတရားကလွဲ မရှိပါဘူး သုညတဘဝ ဆိုက်ရောက်နေတဲ့အချိန် သုညတဆိုက် ဝိပသနာ ညဏ်အမြင်မြင်မှ အပူမီးမှန်သမျှ အကုန်ငြိမ်းပါတယ်။

သမုဒယကြောင့် ဖြစ်လာတဲ့ဒုက္ခ ဒီဒုက္ခတွေဒုက္ခမှန်သမျှတွေလဲအမြဲမရှိဆိုတာသိလိုက်တာနဲ့ဒုက္ခချုပ်ရာကိုလှမ်းမြင်နိုင်ပါပြီဆဲဆိုနေသူတွေထဲက တချို့တလေ ဤစာကိုမြင်၍ အမှန်အမြင်လေးများ မြင်ရင်ဖြင့်ရေးရကျိုးနပ်ပါတယ်။

သူများတွေလှုလို့ ကိုယ်မလှုနိုင်လို့လဲ စိတ်မကောင်းမဖြစ်ကြပါနဲ့ ဖြစ်ပျက်မြင်အောင်သာကြိုးစား ဖြစ်ပျက်မှ မြင်ပြီဆို လက်ခမောင်းသာခတ် နောင်လာလတ္တံဘဝ အပယ်မကျတော့ဘူးဆိုသာ တထစ်ချသာ ယုံလိုက်တော့ သူတော်ကောင်း အပေါင်းတို့…

လက်ရှိလောကမှာ အတည်ငြိမ်ဆုံးနဲ့ လောကဓံကိုမတုန်လှုပ်တဲ့ မြန်မာနိုင်ငံမှာ တရားရစရာ ပြစရာလူဆိုလို့ဒေါ်အောင်ဆန်းစုကြည်သာရှိတာမို့။ အတုယူအားကျ တရားရစရာအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ တရားအမြင်နဲ့မမြင်ပဲ မတရားအမြင်ရှိသူတွေကို လက်ခံမည်မဟုတ်ပါ။

Crd… Edit…