News

“လေးကေ့ကော်မှာ ပွဲပြန်ကပြီ. . .စစ်ကောင်စီက အင်အားထပ်တိုး ချီတက်လာသလို . . .KNU ကလည်း ဝိုင်းဝန်းပိတ်ဆို့ထားပြီ. . “

လေးကေ့ကော်မှာ ပွဲပြန်ကပြီ…💥စစ်ကောင်စီက အင်အားထပ်တိုး ချီတက်လာ…

လေးကေ့ကော်အနီး အမြောက်ကုန်းကိုKNU ပူးပေါင်းတပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထား….

အမြောက်ကုန်းပေါ် မှာ ပိတ်မိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၈၀ ခန့်အား KNU ဘက်မှ ရေဖြတ်၊ရိက္ခာဖြတ်ထားလိုက်ပြီ….

ယနေ့ တိုက်လေယာဥ်များ လာနိုင်တယ် လို့ သတင်းရ သတိထားလှုပ်ရှားကြဖို့ စစ်ရေးအတွေ့အကြုံရှိသူများက မှာကြားနေ…

မနေ့က ညနေက ထိုင်းနိုင်ငံဘက်ခြမ်း၂၄ ဂိတ်ထဲသို့ အမြောက်ကုန်းမှ စစ်ကောင်စီ တပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ မြန်မာနိုင်ငံသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ….

ထိုင်းဘက်ကလည်း ချက်ချင်း မီးခိုးဗုန်း နှစ်လုံး မြန်မာဘက်ခြမ်း အမြောက်ကုန်း သို့ သတိပေးပြန်လည်ပစ်ခတ်….

အမြောက်ကုန်းအနီး မိတာအနည်းအကွာတွင် ကျရောက်ခဲ့….

အမြောက်ကုန်းပေါ် မှ ယနေ့ လက်နက်ကြီးပစ်ခတ်ခြင်း မရှိသေး….. KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်ဂွင်မှာ စစ်ရေးအခြေအနေ တင်းမာနေ….

မြဝတီ၊ဝေါလေမြိုင်ကားလမ်းမကြီးပေါ် ​ပြည်သူများ လုံးဝသွားလာလို့ မရတော့….

နှစ်ဖက်တိုက်များ လမ်းမများပေါ်တွင် ပိတ်ဆို့ထား…..

ပြည်သူများ လမ်းမကြီး သွားလာပါက မိုင်းအန္တရာယ် အထူးသတိထားကြပါ ဖြစ်နိုင်ရင် အပြင်မထွက်ကြပါနဲ့။

ရဲမင်း(AAC)—🚩

တောင်ပိုင်းတိုင်းစစ်ရေးနယ်မြေ…..

18/12/2021…..