Local News

သက်ရှိကြောင်လေးအတိုင်း တစ်ပုံစံတည်းဖန်တီးပြုလုပ်ထားတဲ့ ကြောင်ကျောပိုးအိတ်လေး

သက်ရှိကြောင်လေးအတိုင်း တစ်ပုံစံတည်းဖန်တီးပြုလုပ်ထားတဲ့ ကြောင်ကျောပိုးအိတ်လေး

ဂျပန်နိုင်ငံက သိုးမွေးအပ်ချုပ်ပညာရှင်တစ်ဦးကတော့တစ်ကယ့်ကိုသက်ရှိကြောင်လေးနဲ့တစ်ပုံစံအတိုင်းထပ်တူကျတဲ့ကြောင်ကျောပိုးလွယ်အိတ်လေးကို ဖန်တီးခဲ့ပါတယ် ။ အဆိုပါကျောပိုးအိတ်လေးက သွားတဲ့နေရာတိုင်းကြောင်လေးတွေခေါ်သွားချင်တဲ့သူတွေအတွက် အရမ်းစိတ်တိုင်းကျမိကြမှာပါ ။

ကြောင်လေးရဲ့မျက်လုံးကလည်း တစ်ကယ့်အစစ်အမှန်တိုင်း လှပလွန်းလှပြီး ၊ ကြောင်လေးရဲ့ ကျောဘက်မှာဆိုရင် ပစ္စည်းတွေထည့်ဖို့ ဇစ်လေးလည်း ပါရှိပါတယ် ။ သို့ပေမဲ့လည်း အဆိုပါကြောင်ကျောပိုးအိတ်လေးဟာ တီထွင်ဖန်တီးမှုတစ်ခုတည်းသာရှိသေးတဲ့အတွက် ၊ လိုချင်ရင်တောင် ဝယ်ယူလို့ရမှာ မဟုတ်သေးပါဘူး ။ ဆန်းသစ်ပြီး ချစ်ဖို့ကောင်းလွန်းတဲ့ ဖန်တီးမှုတစ်ခုလို့ ပြောရမှာပါပဲ ။

#3

#4

#5

#6

#7