ဗဟုသုတ

လိပ်ခေါင်းရောဂါအတွက် ဆေးကောင်းတစ်လက် (မေတ္တာဖြင်မျှဝေလိုက်ပါတယ်)

လိပ်ခေါင်းရောဂါအတွက် ဆေးကောင်းတစ်လက်။ လိပ်ခေါင်းရောဂါဟာ အဖြစ်များကြတဲ့ရောဂါတစ်ခုပါ။ မကြာခဏလည်း ဆေးနည်းမေးလာကြတယ်။

ခေတ်မှီဆေးဝါးများရှိပြီးဖြစ်သော်လည်းအခက်အခဲအမျိုးမျိုးကြောင့် သဘာဝဆေးနည်းဖြင့် ကုသလိုသူများအတွက် ဆေးကျမ်းများထဲမှ တိကျခိုင်မာတဲ့ဆေးနည်းကောင်းများကို ညွှန်ပေးလိုက်ပါတယ်။

(၁)နှမ်းမဲစေ့နှင့်ပင်စိမ်းစေ့တို့ကို လက်တစ်ဆုပ်ခန့်စီဆတူကြိတ်ပြီး ထန်းလျက်နဲ့ကျို၍မန်ကျည်းစေ့ခန့် အလုံးလေးများလုံးထားပါ။

(၂)ခြောက်အောင်နေလှန်းပြီး ၎င်းဆေးလုံးကို နံနက်တစ်လုံးညတစ်လုံးစီ စားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာရောဂါများကို ပျောက်ကင်းစေပါတယ်။ ဆီးချုပ်ဆီးအောင့်၊ အသည်းရောင်အသားဝါများကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၃)အပြင်လိပ်ခေါင်းအတွက် ထိကရုံးပင်၏ပဉ္စငါးပါးကိုကြိတ်ပြီး အဝတ်သန့်သန့်ဖြင့်ထုတ်ကာ ထွက်လာသောလိပ်ခေါင်းနေရာကို မကြာခဏကြက်ပူထိုးပေးပါ။

(၄) အင်္ကောလရွက်ကို ပြာချပြီး၎င်းပြာ (၁)ပဲသား၊ ငရုတ်ကောင်း (၂၅)စေ့ ၊ ဒုတ္ထာမီးဖောက် (၃)ပဲသား ၊ ကျောက်ဆေးဒန်း (၁)ပဲသားတို့ကို ရေ ာစပ် ၍ကျောက်ဆုံဖြင့် ညက်နေအောင်ထောင်း။

နှမ်းဆီနှင့်ပျားဖယောင်းတို့ကိုသင့်တော်ရုံထည့်၍ ညက်နေအောင်ထပ်ထောင်းပြီးလိပ်ခေါင်းနေရာကိုတစ်နေ့(၂)ကြိမ်လိမ်းပေးပါ။အထက်ပါနည်းများဟာ သဘာဝနည်းများဖြစ်တဲ့အတွက် စိတ်ရှည်ရှည်လေးတော့လုပ်ပေးရပါမယ်။

လူသားတိုင်းကျန်းမာစွာဖြင့် အသက်ရှည်နိုင်ကြပါစေ။ (credit)

လိပ်ခေါင်းရောဂါအတွက် ဆေးကောင်းတစ်လက်။ လိပ်ခေါင်းရောဂါဟာ အဖြစ်များကြတဲ့ရောဂါတစ်ခုပါ။ မကြာခဏလည်း ဆေးနည်းမေးလာကြတယ်။

ခေတ်မှီဆေးဝါးများရှိပြီးဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် သဘာဝဆေးနည်းဖြင့် ကုသလိုသူများအတွက်ဆေးကျမ်းများထဲမှ တိကျခိုင်မာတဲ့ဆေးနည်းကောင်းများကို ညွှန်ပေးလိုက်ပါတယ်။

(၁)နှမ်းမဲစေ့နှင့်ပင်စိမ်းစေ့တို့ကို လက်တစ်ဆုပ်ခန့်စီဆတူကြိတ်ပြီး ထန်းလျက်နဲ့ကျို၍မန်ကျည်းစေ့ခန့် အလုံးလေးများလုံးထားပါ။

(၂)ခြောက်အောင် နေလှန်းပြီး ၎င်းဆေးလုံးကို နံနက်တစ်လုံး ညတစ်လုံးစီစားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာရောဂါများကိုပျောက်ကင်းစေပါတယ်။ ဆီးချုပ်ဆီးအောင့်၊ အသည်းရောင်အသားဝါများကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

(၃)အပြင်လိပ်ခေါင်းအတွက် ထိကရုံးပင်၏ပဉ္စငါးပါးကိုကြိတ်ပြီး အဝတ်သန့်သန့်ဖြင့်ထုတ်ကာ ထွက်လာသောလိပ်ခေါင်းနေရာကို မကြာခဏကြက်ပူထိုးပေးပါ။

(၄)အင်္ကောလရွက်ကို ပြာချပြီး၎င်းပြာ (၁)ပဲသား၊ ငရုတ်ကောင်း(၂၅)စေ့ ၊ ဒုတ္ထာမီးဖောက် (၃)ပဲသား ၊ ကျောက်ဆေးဒန် း(၁)ပဲသားတို့ကို ရောစပ် ၍ကျောက်ဆုံဖြင့် ညက်နေအောင်ထောင်း။

နှမ်းဆီနှင့်ပျားဖယောင်းတို့ကို သင့်တော်ရုံထည့်၍ ညက်နေအောင်ထပ်ထောင်းပြီး လိပ်ခေါင်းနေရာကို တစ်နေ့(၂)ကြိမ်လိမ်းပေးပါ ။ အထက်ပါနည်းများဟာ သဘာဝနည်းများဖြစ်တဲ့အတွက် စိတ်ရှည်ရှည်လေးတော့လုပ်ပေးရပါမယ်။