ဗဟုသုတ

“လမ်းဘေးမှာ ရေရောင်းစားရင်တောင် ရန်သူဆိုတာ ရှိတယ်. . .”

ရေရောင်းရင်တောင်

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် ကျွန်တော် ဆယ်တန်းကျောင်းသားဘ၀ ရွှေတိဂုံ ဘုရားလမ်းနဲ့ ကမ်းနားလမ်းထောင့်က ယခု တရုပ်ကုန်သည်ကြီးများအသင်း ယခင် စီးပွားရေးဘဏ်ထဲ အလုပ်ကလေး တစ်ခု အားလို့ နောက်တစ်ခု မသွားခင် … အားလပ်ချိန်လေး ဧည့်သည်ထိုင်ခုံလေးမှာထိုင် လွယ်အိပ်ကလေးထဲက စာအုပ်ထုတ်ဖတ်နေတုန်း ဘဏ်ကိုလာနေကြ ဝေနေယသုခ ရေချမ်းစင် အသင်းက ဘဘ ကြီးက

ဟိတ် ကလေး မင်းဘာတွေဖတ်နေတာလဲ ကျွန်တော် ဆရာကြီးမင်းသိင်္ခ ရဲ့ စာအုပ်ဖတ်နေတာ ဘဘ …. ဆရာကြီးရဲ့ ဘဝကလည်း ကြမ်းလိုက်တာ ဗျာ …

အတက်အကျတွေက တအားကြမ်းတာဘဲ …

အေး ကွ ဘဝဆိုတာ ဒါမျိုးဘဲကွ အတက်အကျ လှိုင်းဒါဏ်ကို ခံနိုင်တဲ့လူ လောကဓံ တရားကို ခံနိုင်တဲ့လူက သာ နောက်ဆုံးလွတ်မြောက်တာကွ …

မင်းအသက်ကြီးလာရင် တွေ့လိမ့်မယ် ဟိုမှာတွေ့လား ရေခဲရေ သည် …

မင်း ရေ ဆာရင် ဝယ်သောက်လိုက်ရုံဘဲ သူနဲ့ပါတ်သက်လို့ ဘာမှ မခံစားရဘူး မှလား ….

အေး မင်းကဘဲ မခံစားရတာလေ … ဒီဘက်က သန့်ပြန်နေတော့ သောက်သူများတာကို ဟိုဘက်က အသည်က ကြည့်နေတယ် တွေ့လား သူက ပေတီးပေစုတ်ဆိုတော့ လူတွေက ဘယ်သောက်မလဲကွ …

လူဆိုတဲ့အမျိုးက ကိုယ်သာ နေချင်သလို နေမယ် ပိုက်ဆံ ပေးရတဲ့အခါကြတော့ အကောင်းချည်း လိုချင်တာကွ …. လူတွေက လူအလုပ် လူလုပ်တာကွ …

သူ့မသန့်ဘူး ထင်လို့ လူတွေက မသောက်တာကွ … သန်ရှင်းအောင်လည်း မပြင်ဆင်ထားဘူးလေ … သူရောင်းမကောင်းတာ ဟိုဘက်ကအသည် ကြောင့်ဘဲ ထင်နေတာ … ဟိုအသည်မရှိလည်း သူ့ဆီက မသောက်ဘူးကွ ပုံးကြည့်တာနဲ့ သောက်ချင်စရာမှ မရှိတာ ….

အဲ့ဒါကို ကြည့်ရင်ကို မင်းဖြန့် စဉ်းစားလို့ရတယ် …

မင်းဘဝအတွက် မင်းအသင့်ပြင်ထား ပညာလည်းသင် အကုန်ပြင်ထားပေတော့ မင်းက ငယ်ပါသေးတယ် အသက်က ၁၅ – ၁၆ ဘဲ ရှိသေးတာဘဲ အများကြီးလုပ်နိုင်သေးတယ် ဘဘ တို့က အသက်ကြီးပြီ အခုဘဲ ခုနှစ်ဆယ်ရောက်နေပြီ ….

ဘေးရန် ကင်းပါစေလို့ ဆုတောင်းတက်ကြပေမယ့် …. ဘေးကင်းရန်ကွာ ကျော်လွှားနိုင်ပါစေ လို့ ငါတော့ မင်းအတွက် ဆုတောင်းပေးလိုက်မယ်ကွ ဒါက ပိုအသုံးတည့်မှာပါ မင်းဘဝအတွက် .

မင်းသိထားဖို့ အသိမလွတ်ဖို့က လမ်းဘေး ရေရောင်းစားရင်တောင် မင်းအတွက် ရန်သူဆိုတာ ရှိတယ်ကွ … ဒါက ထုံးစံဘဲ ….

လောကမှာ အေးအေးဆေးဆေးဆိုတာ မရှိဘူး ဘာမှ မလုပ်ရဲလို့ တောင်းစားလည်း သူတောင်းစားကို ခွက်စောင်းခုတ်ကြဦးမှာဘဲမို့ …. လုပ်စရာ ရှိတာ လုပ်ကွ ဆော်စရာရှိရင်လည်း ဆော်သာဆော်ပါ

အေးအေးဆေးဆေး ဆိုတာ ဘယ်မှာမှ မရှိပါဘူးကွာ …. သေရင်တောင် နောင်မသေမချာ နဲ့ ဘာမှ ရေရေ ယာယာ မရှိဘဲ ယောက်ယက်ခတ်နေရတဲ့ လူတွေက များပါတယ် ….

ကျွန်တော်က အေးအေးဆေးဆေး ဘဝမျိုး မလိုချင်တော့တာ အသက် ၁၅ – ၁၆ လောက်ကတည်းကပါဘဲ … ကျွန်တော့် ဘဝတစ်လျှောက် ကိုယ့်အတွက် အများအတွက် လုပ်နိုင်သလောက် ကို အမြဲ လုပ်ခဲ့တယ် …

နှစ်ပေါင်းများစွာ ကြာလာတော့ အကျင့်လိုကို ဖြစ်နေပြီ … လက်တန်းပြောတောင် မမှားတော့ဘူး ကျွန်တော့် အသိထဲဘယ်လောက်စွဲနေသလဲဆိုတာ …

ရေရောင်းရင်တောင် ရန်သူရှိမယ် ဒါက သဘာဝပါဘဲ …

Ko James