Cele News

စစ်ဘေးရှောင်ကလေးတွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ သူမဖန်တီးတဲ့ MACRAME ကနေ အလှူငွေသိန်း(၆၀)ခန့်ရရှိခဲ့ကြောင့်ပြောပြလာတဲ့ ချစ်သုဝေ..

စစ်ဘေးရှောင်ကလေးတွေအတွက် ရည်ရွယ်ပြုလုပ်တဲ့ သူမဖန်တီးတဲ့ MACRAME ကနေ အလှူငွေသိန်း(၆၀)ခန့်ရရှိခဲ့ကြောင့်ပြောပြလာတဲ့ ချစ်သုဝေ..

သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်မလေးချစ်သုဝေနဲ့ သူမရဲ့ခင်ပွန်းလင်းလင်းတို့ကတော့

လက်ရှိနွေဦ်းတော်လှန်ရေးမှာ ပြည်သူတွေနဲ့အတူတူ တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်။..

လင်းလင်းက သူတတ်ကျွမ်းတဲ့အနုပညာနဲ့ သီချင်းထုတ်လုပ်ပြီး ထိုသီချင်းကရရှိတဲ့ငွေသားအကုန်လှူ

ဒါန်းမှာဖြစ်သလို ချစ်သုဝေကလည်း သူမကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာနဲ့

စစ်ဘေးရှောင်ကလေးတွေအတွက် ရန်ပုံငွေလှူဒါန်းသွားမှာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချစ်သုဝေက သူမဖန်တီးတဲ့ Macrame ကနေ အလှူငွေသိန်း(၆၀) ရရှိခဲ့ကြောင်းကို

“”I weave, you buy, we share, we care” #Trezamacrame ရဲ့ပထမဆုံးprojectလေးရဲ့ရလဒ်။

စောင်ရေ ၂၀၀လောက်မှန်းခဲ့တာ ၁၀၀၀ကျော် ခုထိလည်းဝယ်နေကြဆဲပေမယ့် ၁၁၀၀ နဲ့ပိတ်ပေမယ့်

ငွေလွှဲထပ်ပို့နဲ့ အမှတ်စဉ်1184 နဲ့ ” ၅၉သိန်း ၂သောင်းကျပ်” လှုခွင့် ရခဲ့ပါတယ်။

Get it on Google PlayStore ဆိုတဲ့ပုံလေးကိုနိပ်လိုက်ပါ…ပီးရင် Cook Box ရဲ့ Playstore

စာမျက်နှာကိုရောက်သွားပါမယ် …. Install ကိုနိပ်ပြီးဒေါင်းယူသုံးစွဲနိုင်ပါပြီ….. ကျေးဇူးတင်ပါတယ်…

မဲ၁၀၀၀ကျော်မှာ macrameလေးရနိုင်ဖို့ အခွင့်နည်းပေမယ့် လက်မှတ်ဝယ်သူအားလုံးဟာ လှူချင်လို့သာ

ဝယ်ခဲ့ကြတာမို့ ကိုဇေရော ဝယ်ရဲခဲ့တဲ့မိတ်ဆွေတွေရော တကယ်ကျေးဇူးပါ။”

“လိုအပ်တဲ့နေရာ၂ခု ကိုလွှဲလို့ပြီးစီးပြီးပါပြီ။ အမှတ်တရဖြစ်ဖို့ Treza’s macrame familyလို့ရေးလိုက်ပါတယ်။

Macrameလေးတွေကို လစဉ် projectလေးတွေနဲ့လုပ်နေဦးမှာမို့ stay tune with us !!!!မနက်ဖြန်

14th dec 6:30 pmမှာ trezaရဲ့ macrame ကံထူးသူကိုရွေးပြီးကြေငြာမယ်နော်..အမှန်တကယ်တော့

အားလုံးဟာကုသိုလ်ဆုတွေရပြီးသားပါ macrameလေးကတော့ အပိုဆုသာသာရယ်ပါ ဆိုပြီး ပြောလာပါတယ်။

ချစ်သုဝေကတော့ သူမဖန်တီးတဲ့လက်မှုအနုပညာလေးကနေ အလှူငွေသိန်းပေါင်းများစွာရရှိခဲ့တဲ့အတွက်

အလှူရှင်တွေအားလုံးကိုကျေးဇူးတင်ရင်း ပီတိဖြစ်နေရတာပဲဖြစ်ပါတယ်။

Source: Chit Thu Wai ‘s fb