News

စွယ်စုံအနုပညာရှင်ကြီး ဘဘစည်သူဗိုလ်ကလေးတင့်အောင် ကွယ်လွန်

စွယ်စုံအနုပညာရှင် ၊မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ၏နာယကကြီးဘဘစည်သူဗိုလ်ကလေးတင့်အောင်သည် ဒီဇင်ဘာ၁၆ရက်နေ့ ည၁၁နာရီအချိန်က ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်ကြောင်း ကနဦး သိရသည်။

စည်သူဗိုလ်ကလေးတင့်အောင် သည် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ပါဝင်ခဲ့သူ တပ်မတော်သားတဦး ဖြစ်ခဲ့ပြီး မြန်မာ့ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ ရုပ်ရှင်ဒါ ရိုက်တာ၊ ဂီတစာဆို၊ ဇာတ်ညွှန်းရေးဆရာတဦး ဖြစ်သည်။

အမျိုးသား စာပေဆုရ စာရေးဆရာတဦး လည်း ဖြစ်ပြီး နိုင်ငံ့တာဝန်ကို ထူးချွန်ပြောင်မြောက်စွာ ထမ်းဆောင်ခဲ့မှုများအတွက် နိုင်ငံတော်က စည်သူဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရသူ လည်းဖြစ်သည်။

ဘဘဗိုလ်ကလေးတင့်အောင်သည် စည်သူဘွဲ့ (၂၀၁၂)၊ လူမှုထူးချွန် (ပထမအဆင့်)၊ဝိဇ္ဇာထူးချွန် (ပထမအဆင့်)၊ အမျိုးသားစာပေဆုရုပ်ရှင်တစ်သက်တာဆု (၂၀၁၈) ဆုများရရှိခဲ့ကြောင်း သိရသည်။

စည်သူ ဗိုလ်ကလေးတင့်အောင်သည် ၁၉၂၂ခုနှစ် ၊ ဇွန်လ ၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၀ အတွင်း ေရာက်ရှိနေပြီ ဖြစ်သည်။

ဓာတ်ပုံ- ဦးအေးကြူလေး (ဘဘစည်သူဗိုလ်ကလေးတင့်အောင်မှ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်ပွဲအတွက် အလှူငွေ ပေးအပ်လှူဒါန်းနေပုံ)