Local News

ငှက်ပျောထုပ်နှင့်မုန့်ဖက်ထုပ်တို့ကိုညသန်းခေါင်ထိ ရောင်းချကာ စားဝတ်နေရေးအတွက် ဝင်ငွေရှာနေဆဲဖြစ်သော အဖိုးအဖွားဇနီးမောင်နှံ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နေထိုင်သော အသက်၈၀ကျော်အရွယ်အဖိုးအဖွားဇနီးမောင်နှံနှစ်ဦးသည်သားသမီးတွေမရှိတော့သည့်အတွက်

စားဝတ်နေရေးအတွက်ကို မုန့်ဖက်ထုပ်၊ကောက်ညှင်းထုပ်နှင့် ငှက်ပျောထုပ်တို့ကို ကိုယ်တိုင်လုပ်ကာ

စွမ်ဒေါ့ဆေးရုံရှေ့နားလေးတွင် နေ့စဥ်ရောင်းချခြင်းဖြင့်အသက်မွေး၀မ်းကျောင်း ပြုခဲ့သည်။

အဖိုးအဖွားဇနီးမောင်နှံသည် အသက်ကြီးပြီဖြစ်သော်လည်း အနားယူခြင်းမရှိပဲ တတ်စွမ်းသည့်အရည်အချင်းကို ကောင်းမွန်စွာ အသုံးချကာ

မုန့်ဖက်ထုပ်လေးတွေကို ပြုလုပ်ရောင်းချရာတွင် ဝယ်သူများအပေါ် စေတနာထားကာ နောက်ရက်အကျန်ဖြစ်မည်စိုး၍

မကုန်မချင်း ညသန်းခေါင်ရောက်သည်ထိကို ရောင်းချခဲ့သည်။

ညသန်းခေါင်ထိဖြစ်သည့်အတွက် အဖိုးအဖွားမှာ ပင်ပန်းလွန်းသည့်အခါအိပ်ငိုက်တာမျိုးဖြစ်လာရင်တစ်ယောက်တစ်လှည့်စီရောင်းချခြင်းဖြင့်

ငွေကြေးမချမ်းသာသော်လည်း စိတ်တူကိုယ်တူ နွေးထွေးကြင်နာမှုလေးတွေရှိသည့်အတွက် စိတ်ဓာတ်ကျခြင်းမရှိပဲ ပျော်ရွှင်စွာဖြတ်သန်းလျက်ရှိသည်။

Zawgyi

ငှက်ပျောထုပ်နှင့်မုန့်ဖက်ထုပ်တို့ကို နောက်ရက်အကျန်မဖြစ်လေအောင် ညသန်းခေါင်ထိ ရောင်းချကာ စားဝတ်နေရေးအတွက် ဝင်ငွေရှာနေဆဲဖြစ်သော အဖိုးအဖွားဇနီးမောင်နှံ






