Local News

လေးကေကော် ရောက်ကာစ က တည်းခိုခဲ့တဲ့ နေရာလေး အကြောင်း ရေးသားလာတဲ့ ထားထက်ထက်

လေးကေကော် ရောက်ကာစ က တည်းခိုခဲ့တဲ့ နေရာလေး

ကျွန်မကို ညီမအရင်းလို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတဲ့ အကိုတွေ

အမတွေ အဆင်ရောပြေကြပါ့မလား ဆိုပြီး စိတ်ပူပါတယ်…

တာဝန်ထမ်းနေတဲ့ မောင်လေးတစ်ယောက်ကို စိတ်ပူလို့ လှမ်းမေးကြည့်တော့

ကောင်းတယ် အမ…

နို့မို့ဆို သွေးအေးနေကြတာ…

တိုက်စရာရှိရင် မြန်မြန်တိုက်တော့မယ်…

လက်နက်မမျှလို့ ကိုယ် တိုက်ပွဲကျ သွားလဲ အပေါ်က လူကြီးတွေ

သိပြီး ပစ္စည်းမြန်မြန် ဆင်ပေးနိုင်တာပေါ့ အမရယ်… တဲ့

ဒီနေရာရောက်တဲ့ အထိ ကိုယ့်မြင်ကွင်းရှေ့မှာတင် ကိုယ့်လူတွေ အဖမ်းခံရ

ပါသွားရတာတွေ မြင်ရတာ စိတ်ထဲအတော် အဆင်မပြေဘူး အမရယ် တဲ့

ဘာပဲဖြစ်ဖြစ် မရှိရှိတာနဲ့ တိုက်ရမှာပဲ…ဒါမှသာ လူကြီးတွေလဲ ပိုအားစိုက်ပြီး

တခြားရဲဘော် ကလေးတွေလဲ ပစ္စည်းအမြန်ဆုံးပြည့်စုံနိုင်မယ် မျှော်လင့်တယ်…… ဆိုပြီး

နောက်ဆုံးအခြေအနေထိ တွေးထား ၊ ရင်းထားတဲ့ အဓိပ္ပါယ်နဲ့ ပြောတာ

နားထောင်ရတဲ့ အခါ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်…

ကျွန်မ မောင်လေးတွေ လိုအပ်နေတာတွေ အမြန်ဆုံး ဆင်ယင်ပေးနိုင်တဲ့ အမကြီး

ဘယ်တော့များမှ ဖြစ်မလဲ ဆိုပြီး ကိုယ့်ကိုကိုယ် အပြစ်တင်မိပါတယ်…

တာဝန်ရှိသူ တောင်ပိုင်းစစ်တိုင်းက ဝန်ကြီးမင်းလဲ ကျွန်မရေးတာကို မြင်ပြီး ကလေးတွေ လိုအပ်တာ အမြန်ဆုံး ဆင်ယင်ပေးနိုင်ပါစေလို့ သာ ဆုတောင်းရင်း…

လေးကေကော် နဲ့ မြန်မာနိုင်ငံ အနှံ့အပြားက မတရားမှုကို တွန်းလှန်နေကြသော ညီအကို

မောင်နှမ များ အားလုံး ဘေးကင်းလုံခြုံပြီး ရည်မှန်းချက်များ အမြန်အောင်မြင် ပြည့်စုံနိုင်ကြပါစေ…

ထားထက်ထက်

14 December 2021