ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေကို စစ်ကောင်စီတပ်များက ယမန် နေ့မှ စတင်ပြီး ဝင်ရောက်စီးနင်းပြီးနောက် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် စတင်ပြီး တိုက်ပွဲဖြစ်ပွားနေပြီဖြစ်ကြောင်း အဆိုပါမြို့တွင် ရောက်ရှိနေသူများက အတည်ပြုပြောကြားသည်။
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းသဖြင့် ယနေ့ နံနက်ပိုင်းမှစတင်ပြီး တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးကြောင်း၊ သေဆုံးသူများတွင် ၂ ဦးမှာ စနိုက်ပါ မိ၍ သေဆုံးကြောင်း လေးကေ့ကော်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“ကျနော်တို့သိသလောက်တော့ စစ်တပ်ဘက်က ၆ ဦးသေတယ်။ အဲဒီအထဲမှာ ၂ ဦးက စနိုက်ပါမိတာ။ KNU ဘက်က တရားဝင်ထုတ်ပြန်ချက်တော့ မတွေ့သေးဘူး။ မြေပြင်အနေအထားသိရသလောက်ပါ” ဟု လေးကေ့ကော်သတင်းရင်းမြစ်က ပြောသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ သေဆုံးသူ ၆ ဦးတွင် စစ်တပ်အရာရှိတစ်ဦး ပါဝင်ကြောင်း သိရှိရသည်။
လက်ရှိတွင် KNU ဘက်က တရားဝင် ထုတ်ပြန်ချက်မရှိသေးဘဲ KNU တပ်မဟာ ၆ ဘက်ကလည်း တစ်စုံတစ်ရာ အတည်ပြုခြင်းမရှိသေးပေ။
Zawgyi
ရန္ကုန္၊ ဒီဇင္ဘာ ၁၅
ကရင္ျပည္နယ္၊ ေလးေက့ေကာ္ၿမိဳ႕သစ္ကို အၾကမ္းဖက္ လူသတ္ စစ္တပ္က ဝင္ေရာက္စီးနင္းသျဖင့္ ယေန႔ နံနက္ပိုင္းမွစတင္ၿပီး တိုက္ပြဲျဖစ္ပြားကာ စစ္ေကာင္စီဘက္မွ ၆ ဦးေသဆုံးေၾကာင္း၊ ေသဆုံးသူမ်ားတြင္ ၂ ဦးမွာ စႏိုက္ပါ မိ၍ ေသဆုံးေၾကာင္း ေလးေက့ေကာ္သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။
“က်ေနာ္တို႔သိသေလာက္ေတာ့ စစ္တပ္ဘက္က ၆ ဦးေသတယ္။ အဲဒီအထဲမွာ ၂ ဦးက စႏိုက္ပါမိတာ။ KNU ဘက္က တရားဝင္ထုတ္ျပန္ခ်က္ေတာ့ မေတြ႕ေသးဘူး။ ေျမျပင္အေနအထားသိရသေလာက္ပါ” ဟု ေလးေက့ေကာ္သတင္းရင္းျမစ္က ေျပာသည္။
သတင္းရင္းျမစ္မ်ား၏ အဆိုအရ ေသဆုံးသူ ၆ ဦးတြင္ စစ္တပ္အရာရွိတစ္ဦး ပါဝင္ေၾကာင္း သိရွိရသည္။
လက္ရွိတြင္ KNU ဘက္က တရားဝင္ ထုတ္ျပန္ခ်က္မရွိေသးဘဲ KNU တပ္မဟာ ၆ ဘက္ကလည္း တစ္စုံတစ္ရာ အတည္ျပဳျခင္းမရွိေသးေပ။