အားလုံးကိုနှုတ်ဆက်သွားပြီဖြစ်သည့် တော်လှန်ရေးရဲဘော်လေးများရဲ့ အချစ်တော် အဲဂီး
မနက်စောစော မတင်ချင်ပေမယ့်လည်း အသိပေးသင့်တဲ့ ကိစ္စ မို့တင်လိုက်တာပါ အဲဂီး လေး အကြောင်းပါ။
စစ်သားဆိုတော့ သိတဲ့ အတိုင်း တာဝန်ပေးပြီဆိုတာနဲ့ ထမ်းဆောင်ရတာပါပဲ။
ကျွန်တော်လည်း တာဝန်နဲ့ ကင်းစခန်း တစ်ခု သွားရတယ် ကျန်ခဲ့တဲ့ ရဲဘော်တွေ အဖွဲ့ကလည်း
နောက်ထပ် စခန်းတစ်ခုကို တာဝန်နဲ့ သွားတော့ အဲဂီးလေးလည်း ပါသွားတယ်။
အဲဂီးလေး က ငယ်ငယ်ထဲက ချူချာတာ အရွယ်နဲ့မလိုက်အောင် အအေးဒဏ်ခံရတဲ့ကလေး
စရောက်လာကတည်းက မျက်လုံးက ကောင်းကောင်းမမြင်ဘူး အစာကျွေးရင်
အစာကိုမမြင်ဘဲ အသံကြားရာ ပြေးလိုက်ပြီး ခဏ ခဏ
ချော်လဲတာ သူ့အမေ ကမွေးပြီး ဘာဖြစ်သွားမှန်းမသိတော့
ငယ်ငယ်ထဲက အာဟာရချို့တဲ့ပြီ တခြားကောင်တွေထက် ညှက်တယ်။
ဖြစ်စဉ်က အဲဂီးပါသွားတဲ့ အဖွဲ့က အရေးပေါ်တာဝန်နဲ့ ထွက်ရတော့ အဲဂီးလေး ကို ပုခက်ထဲ
ထည့်ခဲ့ရတယ်တဲ့ အဲ့က ဆင်းပြီး သူလျှောက်သွားတယ်နဲ့ တူပါတယ်
အဲဂီးလေးက အဖြစ်ဆိုးလှပါတယ်ဗျာ လွန်ခဲ့တဲ့ ၃ ရက်ကပဲ
သူကာ+-းကြိ(//တ်ခံလိုက်ရလို့ ဆုံ))းသွားပါပြီ ရဲဘော်တွေ အသ၊ည်းကွဲရပါတယ်။