ဆယ်တန်းစာမေးပွဲ အင်္ဂလိပ်၊ ဇီဝ၊ ဓာတု ရမှတ်ကောင်းသူများကို ဆေးကျောင်းဝင်ခွင့်ဖြေဆိုပြီး တက်ခွင့်ပြုမည်ဟု စစ်ခေါင်းဆောင်ပြော
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ ရက်
ယခုနှစ်ဆယ်တန်းစာမေးပွဲတက္ကသိုလ်ဝင်တန်း အောင်မြင်သူများမှ အင်္ဂလိပ်၊ဓာတု၊ဇီဝ အမှတ်ကောင်းသူများကို
ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခိုင်းပြီး တက်ရောက်ခွင့်ပြုမည်ဟု စစ်ကောင်စီဥက္ကဌ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၃ ရက် ယမန်နေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ကောင်စီဥက္ကဌက
၎င်း၏ကောင်စီဝင်များအား ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း
စစ်ကောင်စီထိန်းချုပ်မီဒီယာများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကဲ့သို့ ဆေးကျောင်းတက်ရောက်ခွင့်ပြုပြီးနောက် ဆရာဝန်ဖြစ်ပြီးပါက အစိုးရဆေးရုံများတွင်
အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ပါမည်ဆိုသည့် ခံဝန်ကတိပြုသတ်မှတ်ချက်တွင်
လက် မှတ်ရေးထိုးရပြီးမှ တက်ရောက်ခွင့်ပြုမည် ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံဆေးတက္ကသိုလ်အသီးသီးမှ ဆရာဝန် ဖြစ်ခဲ့သူအများအပြားရှိသော်လည်း အစိုးရဆေး ရုံများတွင်
တာဝန်ထမ်းဆောင်သူနည်းပါးနေ သောကြောင့် ယင်းကဲ့သို့စီစဉ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆေးတက္ကသိုလ်ဝင်ခွင့်အား ယခင်သတ်မှတ်ချက်များအရ တက္ကသိုလ်ဝင်တန်းအမှတ်စုစု ပေါင်းဖြင့်သာဝင်ခွင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး
ယခုနှစ် တက္က သိုလ်ဝင်အောင်မြင်သည့်သူများမှစ၍ အင်္ဂလိပ်၊ဓာတု၊ဇီဝ ဘာသာရမှတ်ကောင်းသူများ
လည်းဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မည်ဖြစ် ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီက နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ စာသင်ကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက်
သင်ရိုးများပြီးမြောက်နိုင်ရေး စနေ နေ့အပါ တပတ်လျှင် ၆ ရက် ကျောင်းဖွင့်သင် ကြားနေပြီး ၅ လအကြာ
၂၀၂၂ ခုနှစ်၊ဧပြီလဆန်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။