News

“KNU တပ်မဟာ (၆)နယ်မြေ လေးကေ့ကော်မြို့ ကို စကစက အင်းအားအလုံးအရင်းနဲ့ ဝင်စီးမှု နောက်ဆုံးအခြေအနေ”

”လေးကေ့ကော်” နောက်ဆုံးရ သတင်း….

14/12/2021 ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများက KNU တပ်မဟာ (၆)နယ်မြေ လေးကေ့ကော်မြို့လေးအား ရုတ်တရတ်ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ ယခုနေ့လည်ပိုင်းအချိန်ထိ ပြည်သူ ၁၈ ဦး ဖမ်းဆီးခံရ….

ထိုအထဲတွင်…လွှတ်တော်အမတ်တစ်ဦး၊ဆရာဝန်တစ်ဦး၊CDM ရဲနှစ်ဦးနှင့် အခြားပြည်သူများ ပါဝင်….

လေးကေ့ကော်အနီး အမြောက်ကုန်းကနေအကြမ်းဖက်စစ်ကောင်စီတပ်များဘက်မှလက်နက်ကြီးများဖြင့် အဆင်သင့်ချိန်ထားပြီးစစ်ကြောင်းတစ်ကြောင်းကိုအင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်း ၄ ကြောင်းခွဲပြီး လေးကေ့ကော်ဝင်လမ်းထွက်လမ်းတွေကိုပါ ပိတ်ဆို့စစ်ဆေးရှာဖွေဖမ်းဆီးနေ….

KNU က ပြန်ပစ်ရင် လက်နက်ကြီးများဖြင့် ဗျူဟာကုန်းကနေ လေးကေ့ကော်အပါအဝင် ပြည်သူတွေလက်ရှိနေထိုင်နေသော အနီးအနားက ရွာပေါင်း ၇ ရွာကို လက်နက်ကြီးများဖြင့် ရက်ရက်စက်စက်ပစ်ချမယ်လို့ စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်ပြီး ယခုလို အလစ်မှာ ဝင်ဖမ်းဆီးခြင်းဖြစ်ပြီး ပြည်သူတွေရဲ့အသက်အန္တရာယ်အများအပြား ထိခိုက်နိုင်တာကြောင့် KNU ဘက်မှ စစ်ရေးတင်းမာနေပေမယ့် သတိထားဆောင်ရွက်နေရ….

KNU က ပြည်သူကို ညှာပေမယ့် အကြမ်းဖက်ဖက်ဆစ်တပ်များက ပြည်သူကို လုံးဝဂရုမစိုက်ပါ….အနီးအနားရွာများက ပြည်သူများမှာ စစ်ဘေးရှောင်ဖို့ပြင်ဆင် တချို့တွေ ပြေးလွှားရှောင်တိမ်းနေကြပြီ….

လေးကေ့ကော် ဗျူးပွိုင့်အပန်းဖြေစခန်းနေရာနှင့်ရပ်ကွက် ၆ နှစ်နေရာခွဲ၍ အကြမ်းဖက်တပ်များစခန်းချထားပြီး တစ်ပတ်ခန့် ပိတ်ဆို့စစ်ဆေးဖမ်းဆီးမယ်လို့ သတင်းအတိအကျသိရ….

ယခုလက်ရှိ အချိန်တွင်….လေးကေ့ကော် အမှတ် ၆ ရပ်ကွက်ကို ၀င်ဖမ်းနေပြီး ရပ်ကွက်အားလုံးကို ရှာဖမ်းမယ်လို့သိရ အခုရပ်ကွက် ၁ ကိုရှာဖို့လုပ်နေ စစ်အင်အား၂၀၀ ခန့်ရှိ…

မနက်ပိုင်းက ဖမ်းဆီးသွားသူများအား အမြောက်ကုန်းပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုတ်နှက်နှိပ်စက်စစ်ကြောရေးလုပ်နေကြောင်း ထပ်မံသိရ….

ကရင်ပြည်နယ် မြ၀တီမြို့တောင်ဖက် (၁၀) မိုင်ခန့်အကွာရှိ လေးကေကော်မြို့သစ်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖက်ဆစ်တပ်က အင်အားအလုံးအရင်းနှင့် အချိန်ကြာမြင့်စွာ ၀င်ရောက်တပ်စွဲမည်ဆိုပါက နှစ်ဖက်တပ်များအကြား တိုက်ပွဲများသေချာပေါက် ဖြစ်လာနိုင်….

လက်ရှိအနေအထားများအရ တဖက်နှင့်တဖက် ဆွေးနွေးညှိနှိုင်းမှုမပြုလုပ်နိုင်ပါက ဒေသတွင်း တကြော့ပြန်စစ်မီးတောက်လောင်နိုင်ခြေ မြင့်မားနေ….

လေးကေ့ကော်မြို့သစ်တွင် ၀င်ရောက်တပ်စွဲနေသောတပ်များမှာ ကမ်းရိုးတန်းတိုင်းမှတပ်များ ဖြစ်…ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့်တည်ဆောက်ခဲ့သော လေးကေကော်မြို့သစ်၏လုံခြုံရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) က တာ၀န်ယူထားသည်မှာ (၆) နှစ်ကျော်ရှိပြီးဟု တာ၀န်ရှိသူတဦးက ပြောဆို….

လေးကေကော်မြို့သစ်ကို KNU နှင့် ကရင်ပြည်နယ်အစိုးရတို့က ငြိမ်းချမ်းရေးတည်ဆောက်ရန် ဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် (KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းတို့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်….

လက်ရှိတွင်လူနေရပ်ကွက် (၆) ခုရှိကာ အိမ်ခြေ (၈၀၀) နီးပါးနှင့်အတူ မြို့ပြအင်္ဂါရများနှင့်အညီ တည်ဆောက်ထားသည့် ငြိမ်းချမ်းရေးပြယုဂ် မြို့သစ်ဖြစ်နေ….

လေးကေကော်မြို့သစ် တည်ရှိရာအရပ်ဒေသသည် ယခင်ကာလများက နှစ်ဖက်တပ်များအကြား ဘတပြန် ကျားတပြန် မီးကုန်ယမ်းကုန် အားပြိုင်ခဲ့ကြသည်အတွက် ဒေသခံများပြည်သူများ မြေစာပင်များအဖြစ် ဆယ်စုနှစ်များစွာ ဒုက္ခပင်လယ်ဝေခဲ့ရသည့် နေရာဒေသလည်းဖြစ်သည်။

ပုံ – လေးကေကော်မြို့သစ်မှာ ယနေ့ 14/12/2021 ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများဝင်ရောက်ဖမ်းဆီးနေစဥ်….

ရဲမင်း(AAC)—🚩

တောင်ပိုင်းတိုင်းစစ်ရေးနယ်မြေ….

14/12/2021….