ဒေသလုပ် ရေမြုပ်မိုင်းတွေသုံးလာတဲ့ ချင်းတွင်းမြစ်ထဲက တိုက်ပွဲ
ချင်းတွင်းမြစ်ထဲက တိုက်ပွဲတွေမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ကစပြီး ဒေသလုပ်
ရေမြုပ်မိုင်းတွေ စသုံးလာပြီလို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ မနေ့က ဒီဇင်ဘာလ ၁၂ ရက်တုန်းက ရေမြုပ်မိုင်းခွဲ
တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကောင်စီရေယာဉ်ဟာ ဒီနေ့မှာ မဲဒင်ရွာ ကျွန်းခုံအနီးမှာ နစ်မြုပ်နေပြီလို့
ကနီဒေသကာကွယ်ရေးတပ် KLG PDF က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေသတွင်း ညီနောင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း ဆိုပါတယ်။
ကနီနယ်ထဲ ရေမြုပ်မိုင်းထိပြီး နစ်တာက စစ်ကောင်စီ ဖလက်ယာဥ်ဖြစ်ပြီး ရေမြုပ်မိုင်းအတွဲလိုက်မိတာလို့
မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်က ဘီဘီစီကို အတည်ပြုပါတယ်။
ချင်းတွင်းမြစ်ထဲသွားလာတဲ့ စစ်ကောင်စီရေယာဉ်တွေကို အခုလို ရေမြုပ်မိုင်းနဲ့ တိုက်ခိုက်အပြီးမှာ
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်နီးပါးပါတဲ့ ရေယာဉ်အုပ်စုဟာ ချင်းတင်းမြစ်ကြောင်းအတိုင်း
ဆင်းသွားတာကြောင့် မြစ်ကမ်းနားတစ်လျှောက်က ကျေးရွာတွေကို မွှေနှောက်ပစ်ခတ်တာရှိနိုင်လို့
အထူးဂရုပြုနေထိုင်ကြဖို့ ပြည်သူတွေကို ဒေသကာကွယ်ရေးတပ်ဘက်က နှိုးဆော်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ကနီနဲ့ မင်းကင်းနယ်က ဒေသကာကွယ်ရေးတပ်တွေနဲ့
ဖြစ်တဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစ်စုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကတော့ ရွှေစာရေးဘက်ပိုနီးကပ်တဲ့မြစ်အတွင်းနေရာဖြစ်ပြီးတော့
သူတို့ဒေသကာကွယ်ရေးတပ်တွေမှာ ရေယာဥ်တွေကိုတိုက်နိုင်တဲ့ ရေမြုပ်မိုင်းနည်းပညာရှိနေပြီလို့လည်း
မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ကပြောပါတယ်။
ကင်းရွာနှင့် ပဲခင်းမရွာကြားမှာ ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်လုံးကြီး)နဲ့ မဟာမိတ်
PDF များက တိုက်ခိုက်ခဲ့တာလို့လည်း ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က
ရေမြုပ်မိုင်းတိုက်ခိုက်မှု အပြီး ထုတ်ပြန်ခဲ့ပါတယ်။
ရေမြုပ်မိုင်းကြောင့် စစ်ကောင်စီရေယာဉ် နစ်မြုပ်နေပြီဆိုပေမယ့် ဖလက်ယာဥ်ဖြစ်လို့
ချက်ချင်းမမြုပ်ပဲသောင်ခုံမှာ ကပ်ထားကြောင်းနဲ့ အခြားရေယာဥ်တွေလည်း
မီးလောင်ထိခိုက်တာတွေရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဘီဘီစီက ကြည့်ရတဲ့ ချင်းတွင်းမြစ်ထဲက စစ်ကောင်စီတပ်တွေကို ရေမြုပ်မိုင်းနဲ့တိုက်ခိုက်တဲ့ ရုပ်သံမှာတော့
မြစ်ထဲမှာ ပေါက်ကွဲနေတဲ့ အသံတွေ အချက်ပေါင်းများစွာ ကြားရသလို မြစ်ထဲက ရေမြုပ်မိုင်းတွေပေါက်ကွဲအပြီးမှာ
ရေတွေ မြစ်ထဲက ထိုးထွက်လာတာကိုလည်းတွေ့ရပါတယ်။
ဒေသကာကွယ်ရေးတပ်တွေပြောတဲ့ ရေမြုပ်မိုင်းဆိုတာက အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲတာမျိုးတွေ့ရပြီးတော့
ရေစကြိုမြို့က YSO No 1 ပြောက်ကျားတပ်နဲ့ မြင်းခြံမြို့က MG 6 ပြောက်ကျားတပ် နှစ်ဖွဲ့ ပူးပေါင်းပြီး
ရေကြောင်းက တက်လာမယ့် စစ်ကောင်စီကို တိုက်ခိုက်ဖို့ ရေမြှုပ်မိုင်း စမ်းသပ်တာ အောင်မြင်သွားပြီဖြစ်တယ်လို့
လည်းပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ချင်းတွင်းမြစ်ဘေးက ကနီ မင်းကင်းဒေသတွေမှာ ပြီးခဲ့တဲ့ ဧပြီလကစလို့
ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေတာဖြစ်ပြီးတော့ မြစ်အတွင်းကနေ နယ်မြေရှင်းလင်းရေးလုပ်ဖို့
အုပ်စုလိုက် စစ်ရေယာဥ်တွေနဲ့လာရောက်လေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်းကင်း ကနီနယ်မှာ မြစ်ကြောင်းသွားလာတာတွေမလုပ်ကြဖို့
ဒေသကာကွယ်ရေးတပ်တွေက အသိပေးထုတ်ပြန်ခဲ့ပါတယ်၊
အခုမြစ်ထဲက စစ်ရေးလုပ်ရှားတဲ့ စပိဘုတ်နဲ့ လာတဲ့ ရေယာဥ်အုပ်စုကို ကနီဘက်မှာလည်း
တိုက်ခိုက်မှုတွေရှိသလို မင်းကင်းဘက်မှာ မြစ်အထက် ခန္တီးဘက်က စုန်လာတဲ့ ကျောက်စိမ်းတင်လာတဲ့
စစ်ကောင်စီရေယာဉ်အုပ်စုကို တိုက်ခိုက်မှုတွေရှိတယ်လို့ မင်းကင်း ပြည့်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
ဒါအပြင် ချင်တွင်းမြစ်ထဲသာမက မုံရွာ ကနီ ယာကြီး မင်းကင်း ကလေးဝ ကားလမ်းမှာလည်း
စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ကစပြီးတိုက်ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။
Unicode
ေဒသလုပ္ ေရျမဳပ္မိုင္းေတြသုံးလာတဲ့ ခ်င္းတြင္းျမစ္ထဲက တိုက္ပြဲ
ခ်င္းတြင္းျမစ္ထဲက တိုက္ပြဲေတြမွာ ဒီဇင္ဘာလ ၁၂ ရက္ေန႔ကစၿပီး ေဒသလုပ္
ေရျမဳပ္မိုင္းေတြ စသုံးလာၿပီလို႔ ေဒသကာကြယ္ေရးတပ္ေတြက ေျပာပါတယ္။
စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္ထဲမွာ မေန႔က ဒီဇင္ဘာလ ၁၂ ရက္တုန္းက ေရျမဳပ္မိုင္းခြဲ
တိုက္ခိုက္ခံခဲ့ရတဲ့ စစ္ေကာင္စီေရယာဥ္ဟာ ဒီေန႔မွာ မဲဒင္႐ြာ ကြၽန္းခုံအနီးမွာ နစ္ျမဳပ္ေနၿပီလို႔
ကနီေဒသကာကြယ္ေရးတပ္ KLG PDF က လူမႈကြန္ရက္ကေန သတင္းထုတ္ျပန္ခဲ့ပါတယ္။
အဲဒီတိုက္ခိုက္မႈကို ေဒသတြင္း ညီေနာင္ မဟာမိတ္တပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာလို႔လည္း ဆိုပါတယ္။
ကနီနယ္ထဲ ေရျမဳပ္မိုင္းထိၿပီး နစ္တာက စစ္ေကာင္စီ ဖလက္ယာဥ္ျဖစ္ၿပီး ေရျမဳပ္မိုင္းအတြဲလိုက္မိတာလို႔
မင္းကင္း ျပည္သူ႔ကာကြယ္ေရးတပ္က ဘီဘီစီကို အတည္ျပဳပါတယ္။
ခ်င္းတြင္းျမစ္ထဲသြားလာတဲ့ စစ္ေကာင္စီေရယာဥ္ေတြကို အခုလို ေရျမဳပ္မိုင္းနဲ႔ တိုက္ခိုက္အၿပီးမွာ
စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၂၀၀ ေက်ာ္နီးပါးပါတဲ့ ေရယာဥ္အုပ္စုဟာ ခ်င္းတင္းျမစ္ေၾကာင္းအတိုင္း
ဆင္းသြားတာေၾကာင့္ ျမစ္ကမ္းနားတစ္ေလွ်ာက္က ေက်း႐ြာေတြကို ေမႊေႏွာက္ပစ္ခတ္တာရွိႏိုင္လို႔
အထူးဂ႐ုျပဳေနထိုင္ၾကဖို႔ ျပည္သူေတြကို ေဒသကာကြယ္ေရးတပ္ဘက္က ႏႈိးေဆာ္ထားပါတယ္။
စစ္ေကာင္စီဘက္ကေတာ့ ကနီနဲ႔ မင္းကင္းနယ္က ေဒသကာကြယ္ေရးတပ္ေတြနဲ႔
ျဖစ္တဲ့တိုက္ပြဲေတြနဲ႔ပတ္သက္ၿပီး တစ္စုံတရာ ထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။
အခုတိုက္ပြဲျဖစ္ပြားခဲ့တဲ့ ေနရာကေတာ့ ေ႐ႊစာေရးဘက္ပိုနီးကပ္တဲ့ျမစ္အတြင္းေနရာျဖစ္ၿပီးေတာ့
သူတို႔ေဒသကာကြယ္ေရးတပ္ေတြမွာ ေရယာဥ္ေတြကိုတိုက္ႏိုင္တဲ့ ေရျမဳပ္မိုင္းနည္းပညာရွိေနၿပီလို႔လည္း
မင္းကင္း ျပည္သူ႔ကာကြယ္ေရးတပ္ကေျပာပါတယ္။
ကင္း႐ြာႏွင့္ ပဲခင္းမ႐ြာၾကားမွာ ကနီ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (ေက်ာက္လုံးႀကီး)နဲ႔ မဟာမိတ္
PDF မ်ားက တိုက္ခိုက္ခဲ့တာလို႔လည္း ကနီ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က
ေရျမဳပ္မိုင္းတိုက္ခိုက္မႈ အၿပီး ထုတ္ျပန္ခဲ့ပါတယ္။
ေရျမဳပ္မိုင္းေၾကာင့္ စစ္ေကာင္စီေရယာဥ္ နစ္ျမဳပ္ေနၿပီဆိုေပမယ့္ ဖလက္ယာဥ္ျဖစ္လို႔
ခ်က္ခ်င္းမျမဳပ္ပဲေသာင္ခုံမွာ ကပ္ထားေၾကာင္းနဲ႔ အျခားေရယာဥ္ေတြလည္း
မီးေလာင္ထိခိုက္တာေတြရွိခဲ့တယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ေတြက ေျပာပါတယ္။
ဘီဘီစီက ၾကည့္ရတဲ့ ခ်င္းတြင္းျမစ္ထဲက စစ္ေကာင္စီတပ္ေတြကို ေရျမဳပ္မိုင္းနဲ႔တိုက္ခိုက္တဲ့ ႐ုပ္သံမွာေတာ့
ျမစ္ထဲမွာ ေပါက္ကြဲေနတဲ့ အသံေတြ အခ်က္ေပါင္းမ်ားစြာ ၾကားရသလို ျမစ္ထဲက ေရျမဳပ္မိုင္းေတြေပါက္ကြဲအၿပီးမွာ
ေရေတြ ျမစ္ထဲက ထိုးထြက္လာတာကိုလည္းေတြ႕ရပါတယ္။
ေဒသကာကြယ္ေရးတပ္ေတြေျပာတဲ့ ေရျမဳပ္မိုင္းဆိုတာက အေဝးထိန္းစနစ္နဲ႔ ေဖာက္ခြဲတာမ်ိဳးေတြ႕ရၿပီးေတာ့
ေရစႀကိဳၿမိဳ႕က YSO No 1 ေျပာက္က်ားတပ္နဲ႔ ျမင္းၿခံၿမိဳ႕က MG 6 ေျပာက္က်ားတပ္ ႏွစ္ဖြဲ႕ ပူးေပါင္းၿပီး
ေရေၾကာင္းက တက္လာမယ့္ စစ္ေကာင္စီကို တိုက္ခိုက္ဖို႔ ေရျမႇဳပ္မိုင္း စမ္းသပ္တာ ေအာင္ျမင္သြားၿပီျဖစ္တယ္လို႔
လည္းၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၇ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။
စစ္ေကာင္စီတပ္ေတြဟာ ခ်င္းတြင္းျမစ္ေဘးက ကနီ မင္းကင္းေဒသေတြမွာ ၿပီးခဲ့တဲ့ ဧၿပီလကစလို႔
ေဒသကာကြယ္ေရးတပ္ေတြနဲ႔တိုက္ပြဲေတြျဖစ္ေနတာျဖစ္ၿပီးေတာ့ ျမစ္အတြင္းကေန နယ္ေျမရွင္းလင္းေရးလုပ္ဖို႔
အုပ္စုလိုက္ စစ္ေရယာဥ္ေတြနဲ႔လာေရာက္ေလ့ရွိတယ္လို႔ ေဒသခံေတြကေျပာပါတယ္။
ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း မင္းကင္း ကနီနယ္မွာ ျမစ္ေၾကာင္းသြားလာတာေတြမလုပ္ၾကဖို႔
ေဒသကာကြယ္ေရးတပ္ေတြက အသိေပးထုတ္ျပန္ခဲ့ပါတယ္၊
အခုျမစ္ထဲက စစ္ေရးလုပ္ရွားတဲ့ စပိဘုတ္နဲ႔ လာတဲ့ ေရယာဥ္အုပ္စုကို ကနီဘက္မွာလည္း
တိုက္ခိုက္မႈေတြရွိသလို မင္းကင္းဘက္မွာ ျမစ္အထက္ ခႏၲီးဘက္က စုန္လာတဲ့ ေက်ာက္စိမ္းတင္လာတဲ့
စစ္ေကာင္စီေရယာဥ္အုပ္စုကို တိုက္ခိုက္မႈေတြရွိတယ္လို႔ မင္းကင္း ျပည့္သူ႔ကာကြယ္ေရးတပ္က ေျပာပါတယ္။
ဒါအျပင္ ခ်င္တြင္းျမစ္ထဲသာမက မုံ႐ြာ ကနီ ယာႀကီး မင္းကင္း ကေလးဝ ကားလမ္းမွာလည္း
စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသကာကြယ္ေရးတပ္ေတြ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၉ ရက္ေန႔ကစၿပီးတိုက္ပြဲေတြျဖစ္ပြားေနခဲ့ပါတယ္။