News

PDF တွေအတွက် အဝေးပစ်လက်နက် ၆၀(မမ)ကို တီထွင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြေငြာလိုက်တဲ့ MTT Production (ရုပ်သံ)

အ​ဝေးပစ် ၆၀(မမ) တီထွင်နိုင်ခဲ့ဟု လက်နက်ထုတ်လုပ်​ရေးအဖွဲ့ အတည်ပြု

—People’s Spring

အဝေးပစ်လက်နက် ၆၀(မမ)ကို တီထွင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာပြည်အလယ်ပိုင်းရှိ လက်နက်ထုတ်လုပ်ရေးအဖွဲ့ MTT Production တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

၆၀(မမ) တီထွင်ရန် အချိန် တစ်လကျော်ကြာမြင့်ခဲ့ပြီး တီထွင်စဉ်တွင် ရဲဘော်တစ်ဦးဆုံးပါးခဲ့ကာ တစ်ဦး လက်ချောင်း နှစ်ချောင်းပြတ်ခဲ့ရသည်ဟု ဆိုသည်။

“LPDF တွေကိုတော့ ၆၀(မမ) တချို့ စထောက်ပံ့နေပြီ။ကျွန်တော်တို့ကိုယ်တိုင်လည်း ယင်းမာပင်နဲ့ ကနီဘက်တိုက်ပွဲတွေမှာ ကိုယ်တိုင်ပါဝင်နေပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် လက်နက်အချို့ ဆက်လက်တီထွင်နိုင်ရန် ငွေကြေးနှင့် ခဲယမ်းများ အခက်အခဲရှိ နေသောကြောင့် တက်နိုင်သမျှထောက်ပံ့ ပေးရန်လည်း ၎င်းက တောင်းဆိုသည်။

“ကျွန်တော်တို့ LPDF နှင့် MTT Production အဖွဲ့ကို ယုံကြည်စွာကူညီပံ့ပိုးပေးကြတဲ့ တစ်ဦးချင်းစီတိုင်းကိုကျေးဇူးတင်ပြီးလေးစားမိပါကြောင်း ဦးစွာပြောလိုပါတယ်။ပါဝင်အားဖြည့်မှု့အစုစုတိုင်းအတွက်လည်း ခွန်အားဖြစ်ရပါတယ်။

မိတ်ဆွေတို့ ကူညီပေးခဲ့ကြတဲ့ အရာရာတိုင်းကိုလည်း တော်လှန်ရေးကိစ္စအဝဝမှလွဲ၍ မိမိကိုယ်ကျိုးအတွက်ရော၊ မိမိအစုအဖွဲ့ကိုယ်ကျိုးအတွက်ပါ လုံးဝ လုံးဝ အသုံးပြုမည် မဟုတ်ပါကြောင်းကိုလည်း ကတိသစ္စာပြုကြောင်း” MTT Production က ထုတ်ပြန်ထားသည်။

ရုပ်သံကြည့်ရန် (၁)

ရုပ်သံကြည့်ရန် (၂)

မကြာသေးမီရက်ပိုင်းက စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များက ရေမြုပ်မိုင်းများ တီထွင်နိုင်ခဲ့ကြောင်းလည်း ကြေညာထားသည်။

ထို့အပြင် ဒီဇင်ဘာ ၁၃ ရက်ကလည်း ကနီမြို့နယ်မဲဒင်ရွာ ကျွန်းခုံအနီး၌ ရေမြုပ်မိုင်းကို စတင်အသုံးပြုခဲ့ပြီး တိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်တစ်စီးသည် နစ်မြှုပ်ခဲ့ကြောင်း ကနီPDFက ထုတ်ပြန်ထားသည်။

People’s Spring သတင်းဌာနမှကူးယူဖော်ပြသည်။