News

“ထူးထူးဆန်းဆန်း. . . . လျှာကို ရွှေချထားတဲ့ မံမီ ရုပ် အ ​ေ လာ င်းကို တွေ့ရှိ”

အီဂျစ်နိုင်ငံ Minya ပြည်နယ် ရှေးဟောင်းသုတေသနဇုန်တွင် လွန်ခဲ့သော နှစ်ပေါင်း ၂,၅၀၀ ကျော်က မြှုပ်နှံထားသည့် “ရွှေသားလျှာ” (ရွှေကွပ်ထားသည့်လျှာ) ပါ လူသားမံမီရုပ်ကြွင်း နှစ်ခုကို စပိန်မှလာသည့် ရှေးဟောင်းသုတေသနအဖွဲ့က တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ် ခရီးသွားနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ဒီဇင်ဘာ ၅ ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါသည်။

ကပ်လျက်ရှိသည့် အဆိုပါ ဂူသင်္ချိုင်းနှစ်ခုကို စပိန် ဘာစီလိုနာတက္ကသိုလ်က ရှေးဟောင်းသုတေသနအဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်း ဂူသင်္ချိုင်း၏သမိုင်းကို ရှေးဟောင်းအီဂျစ်တိုင်းပြည် ၂၆ ကြိမ်မြောက် မင်းဆက် (ဘီစီ ၆၆၄ မှ ဘီစီ ၅၂၅ ခုနှစ်) တွင် ရှာဖွေတွေ့ရှိနိုင်ကြောင်း အီဂျစ် ရှေးဟောင်းပစ္စည်းသုတေသကောင်စီ အထွေထွေအတွင်းရေးမှူး Mostafa Waziri က ကြေညာချက်တွင် ဖော်ပြထားသည်။

၎င်းတို့အနက် ဂူသင်္ချိုင်းတစ်ခုတွင် အမျိုးသမီးပုံ ကျောက်ခေါင်းတလားဖြင့် လူသားမံမီရုပ်ကြွင်းနှစ်ခုကို တွေ့ရှိခဲ့ရာ ရုပ်အလောင်းတွင် “ရွှေသားလျှာ” ငုံထားသည်ကို တွေ့ရကြောင်း ဆိုသည်။

ကနဦးသုတေသနပြုချက်များအရ “ရွှေသားလျှာ” (ရွှေကွပ်ထားသည့်လျှာ) ငုံထားသည့် ရုပ်ကြွင်း၏ သင်္ချိုင်းအုတ်ဂူသည် ရှေးခေတ်က ဖွင့်ထားခံရဖူးပြီး ၎င်းနံဘေးရှိအုတ်ဂူက ပိုပြီးပြည့်စုံကောင်းမွန်မှုရှိရာ အမြဲပိတ်ထားသည့်အနေအထားတွင်ရှိကြောင်း၊ အဆိုပါ အုတ်ဂူကို သုတေသနအဖွဲ့က ဖွင့်ခဲ့ရာ အမျိုးသားပုံသဏ္ဍန် ကျောက်ခေါင်းတလား၊ ရောင်စုံပန်းပုရုပ်နှင့်အဆင်တန်ဆာ ၄၀၀ ကျော် တူးဖော်တွေ့ရှိရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရှေးဟောင်းသုတေသန တူးဖော်ရေးလုပ်ငန်းများ လက်ရှိတွင် ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး “ရွှေသားလျှာ” ပါ ရုပ်ကြွင်းအား နောက်ထပ်တစ်ဆင့် သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Post Views: 232