Local News

အခြားဆင်တွေနဲ့မတူဘဲ ထူးခြားလွန်းတဲ့ ဆံပင်ဆံမြိတ်လေးနဲ့မို့ နာမည်ကျော်ကြားနေတဲ့ ဆင်မကြီး

အခြားဆင်တွေနဲ့မတူဘဲ ထူးခြားလွန်းတဲ့ ဆံပင်ဆံမြိတ်လေးနဲ့မို့ နာမည်ကျော်ကြားနေတဲ့ ဆင်မကြီး

တနင်္ဂနွေနေ့တွင် ချင်းမိုင် မှာရှိတဲ့ Maetaeng Elephant Park & Clinic တိရိစ္ဆာန်ဥယျာဉ်မှာ Bunma ဆိုတဲ့ နာမည်နဲ့ အသက် ၇၀ အရွယ် ဆင်မတစ်ကောင်ရဲ့ ထူးခြားဖွယ်ဓာတ်ပုံကို

စောင့်ရှောက်ရေးသမား တွေက အင်တာနက်ပေါ် ဝေမျှခဲ့ပါတယ်။ ၎င်းဆင်မဟာ ချစ်စရာကောင်းတဲ့ Bang နဲ့ အတူ သူမရဲ့ အံ့ဖွယ်ဆံပင်တွေကြောင့် ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့ခဲ့ပါတယ်။

ထို post ကို အင်တာနက်မှာ အကြိမ်ပေါင်း ၁၀၀၀ ကျော် မျှဝေခဲ့ကြပြီး netizens မှ မှတ်ချက် ၂၀၀ ကျော် နဲ့ ဆင်မအား သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ တောရိုင်းတိရိစ္ဆာန်သတင်းအေဂျင်စီ Forest for Wild Life ဟာ Bunma ရဲ့ ဓာတ်ပုံကို Twitter မှာလည်း ဖော်ပြခဲ့ပြီး ၎င်းကို ယနေ့အထိ အကြိမ်ပေါင်း ၁၄၀၀၀ ကျော် ပြန်လည်ဝေမျှခံရပါတယ်။

ထိုင်း netizens များက ဆင်တွေဆီမှာ အလွန်ရှားပါးအင်္ဂါရပ်ကို ပိုင်ဆိုင်ထားတဲ့ Bunma ရဲ့ ဆံပင်ကို ချက်ချင်းထောက်ပြခဲ့ပါတယ်။

ဒီတစ်ချက်ကိုကြည့်တော့ ဒီဆင်အဖွားကြီးက သူမရဲ့ခေါင်းမှာ ချစ်စရာကောင်းတဲ့ အချက်များရှိနေပါတယ်။

အကယ်လို့ သွားရောက်လည်ပတ်ချင်ရင် ချင်းမိုင်မြို့မှ မြောက်ဘက်ကီလိုမီတာ ၅၀အကွာမှာ Maetaeng Elephant Park & Clinic တိရိစ္ဆာန်ဥယျာဉ် ရှိနေပါတယ်။

ဧည့်သည်များအားလုံးမတွက် Bunma နဲ့ အခြားဆင်များကို လူကိုယ်တိုင်အခမဲ့သွားရောက်ကြည့်ရှုနိုင်ပါတယ်။ထို့အပြင်

ပန်းခြံတွေမှာ ပန်းချီကားများ နဲ့ ဆင်နွှဲထားတဲ့ ဆင်ပြပွဲများကို တနင်္ဂနွေနေ့များ နဲ့ အစိုးရရုံးပိတ်ရက်များမှာ ကစားနိုင်ပါတယ်။

တကယ်လို့ သင်က Chiang Mai ကို သွားရောက်ရန် စီစဉ်ထားပါကBunma ရှိတဲ့နေရာMaetaeng Elephant Park & Clinic တိရိစ္ဆာန်ဥယျာဉ်ကိုလည်း သွားရောက်လည်ပတ်ဖို့မမေ့နဲ့နော်။