Local News

နေ့တိုင်းလိုလို ခွေးလေးတွေကို အခမဲ့ ရေခဲမုန့်များကျွေးလေ့ရှိသော ရေခဲမုန့်ရောင်းတဲ့ဦးလေး

နေ့တိုင်းလိုလို ခွေးလေးတွေကို အခမဲ့မုန့်များကျွေးလေ့ရှိသော ရေခဲမုန့်ရောင်းတဲ့ဦးလေး

ကျွန်တော်တို့အများစုက ခွေးတွေကို ချစ်မြတ်နိုးတဲ့သူတွေ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ထိုင်းနိုင်ငံ Ratchaburi ပြည်နယ်ရှိ ကြင်နာတက်တဲ့ ရေခဲမုန့်ရောင်းသူတစ်ဦးဟာ ခွေးငယ်လေးများကို အခမဲ့ရေခဲမုန့် ပေးဝေနေတာကို မြင်ရတော့ အလွန်ဝမ်းသာမိပါတယ်။

Facebook အသုံးပြုသူ တစ်ဦးက ရေခဲမုန့်ရောင်းသူ နဲ့ ခွေးသုံးကောင်တို့ရဲ့ နှလုံးနွေးထွေးဖွယ်ပုံပြင်ကို မျှဝေလိုက်ပါတယ် ။ ဦးလေးဟာ ခွေးငယ်လေးများဖြစ်တဲ့ ဤခွေးသုံးကောင်ကို အခမဲ့ရေခဲမုန့်ပေးနေပါတယ်။ သူ့ရဲ့ ကုန်ကျစရိတ်တွေကို ဖြုန်းတီးနေတယ်လို့ မစဥ်းစားဘဲ အလှူသဘောနဲ့သာ ကျွေးခဲ့ပါတယ်။

Facebook အသုံးပြုသူကသူမဟာသမီးငယ်အတွက်ရေခဲမုန့်ဝယ်ဖို့ ခေါ်လာပြီးရေခဲမုန့်ရောင်းသူက“ခဏစောင့်ပေးပါ။ကျွန်တော့်ဆီမှာဖောက်သည်အနည်း ငယ် ရှိနေသေးတယ် ” လို့ Facebook အသုံးပြုသူကိုပြောခဲ့ပါတယ်။

Facebook အသုံးပြုသူကပတ်ဝန်းကျင်မှ ာဘယ်သူမှမရှိဘူးဆိုတာကို သတိပြုမိတဲ့အခါ သူမစိတ်ရှုပ်သွားပါတယ်။ သို့သော် ရုတ်တရက် ဦးလေးက “ ရေခဲမုန့်အဆင်သင့်ပါပဲ” လို့ ကျယ်လောင်စွာ အော်ခဲ့ပြီး ခွေးဖြူ ၃ ကောင်ဟာ သူတို့ ရေခဲမုန့်ရယူဖို့ လျင်မြန်စွာပြေးလာခဲ့ပါတယ်။

ဦးလေးဟာ “ ဒါတွေက ကျွန်တော့်ရဲ့ပုံမှန်ဖောက်သည်ပဲဖြစ်ပါတယ်။ သူတို့ကိုကျွန်တော်မုန့်ခမဲ့ပေးလေ့ရှိတယ် ။ ပြီးတော့ အခုသူတို့ရေခဲမုန့် လိုချင်နေကြတာဖြစ်တယ်။ ” လို့ သူမကို ပြောပြခဲ့ပါတယ်။သူမက ရေခဲမုန့်စားရင်း နဲ့ “ခွေးတွေကို ဘာလို့ရေခဲမုန့် ပေးတာလဲ”လို့ ဦးလေးကိုမေးခဲ့ပါတယ်။အဲ့ဒီနောက် သူက ” သူတို့ကိုကျွေးတာဟာ ကျွန်တော် အများကြီးဆုံးရှုံးမှာလဲ မဟုတ်ပါဘူး ” လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီအဖြစ်အပျက်က စိတ်ဝင်စားစရာကောင်းတဲ့အတွက် Facebook သုံးသူ အမျိုးသမီးက ခွေးတွေအတွက် ရေခဲမုန့်ကုန်ကျစရိတ်ကို ပေးဖို့ ဆုံးဖြတ်ခဲ့လိုက်ပါတယ်။