အသက် ၁၂ နှစ်အရွယ်ဆိုတာဆော့လို့ကောင်းတဲ့အရွယ်ပါပဲ။ အာဂျင်တီးနားနိုင်ငံက Nickanor Quinterosဆိုတဲ့၁၂နှစ်အရွယ်ကောင်လေးက
သူ့ရဲ့အဘွား Ramona နဲ့ အတူနေပါတယ်။ သူကသာမန်ကလေးတွေကို ကျောင်းသွားပြီး နွားနို့နဲ့ကွတ်ကီးစားရတာကို သဘောကျပါတယ်။
တခြားကလေးတွေနဲ့ မတူတဲ့အချက်ကတော့ Nicanor မှာကိုယ်ပိုင်ကျောင်းတစ်ကျောင်းရှိတာပါ။အဲဒီကိုယ်ပိုင်ကျောင်းကိုကလေးတွေစာသင်နိုင်အောင်လို့ သူတည်ထောင်ခဲ့တာ ၄ နှစ် ရှိသွားပါပြီ။
Nicanor အသက် ၉ နှစ်ရောက်တဲ့အခါ သူတို့အိမ်ဘေးမှာ ကျောင်းတစ်ကျောင်းဆောက်ချင်ကြောင်း သူ့အဘွားကိုပြောပြပါတယ်။
ဘာလို့လဲဆိုတော့ သူတို့အနီးအနားဝန်းကျင်က ကလေးတွေက ကျောင်းသွားဖို့ လမ်းစရိတ်မရှိသလို ဖိနပ်လည်းမရှိကြပါဘူး။
တချို့ကလေးတွေဆိုရင်အိမ်တောင်မရှိကြပါဘူး။ Nicanor ရဲ့ အဘွားကလည်း သူ့အကြံကို ဝမ်းပန်းတသာသဘောတူပြီး ကျောင်းဖြစ်လာအောင် စတင်လုပ်ဆောင် ကြပါတယ်။
သူ့ရဲ့အိမ်ကတော့ အာဂျင်တီးနားနိုင်ံ၊ Las Piedritas မှာတည်ရှိတာပါ။သူ့အိမ်ရဲ့နောက်မှာ Patria y Unidadလို့ခေါ်တဲ့ ကျောင်းလေးကို Nicanor နဲ့ သူ့အဘွားက အတူဆောက်လုပ်ကြပါတယ်။
ပတ္တူစနဲ့သစ်သားချောင်းလေးတွေ သုံးပြီး စာသင်ခန်းတွေကိုကန့်ပါတယ်။ သစ်သီးထည့်တဲ့ သေတ္တာလေးတွေကို ထိုင်ခုံအဖြစ်သုံးပြီး ပြန်အသုံးပြုနိုင်တဲ့ စာရွက်တွေနဲ့ ကလေးတွေကို စာရေးခိုင်းပါတယ်။
လေးနှစ်ကြာပြီးတဲ့အခါ အိမ်နီးနားချင်းတွေနဲ့ ကြင်နာတတ်သူတွေရဲ့ အကူအညီနဲ့ Nicanor က နောက်ထပ်စာသင်ခန်းနှစ်ခန်း၊ ဗီရိုတွေ၊ သင်ပုန်းတစ်ချပ်၊
စာကြည့်တိုက်တစ်ခန်း၊ ကျောင်းတက်ခေါင်းလောင်းတို့ ရရှိသွားပါတယ်။ Nicanor မှာလည်း ကိုယ်ပိုင်ကျောင်းအုပ်ကြီး ရုံးခန်းတစ်ခန်း ရသွားပါတယ်။
Las Piedritas မှာရှိတဲ့ ကလေးတွေကစာသင်ဖို့ အရမ်းကို တက်ကြွကြပါတယ်။ ကျောင်းရောက်ပြီဆိုရင် Nicanor ရဲ့ တံခါးကို အမြဲလာခေါက်ပြီး စာသင်ပေးဖို့ လာပြောကြပါတယ်။
ကျောင်းမှာကျောင်းသူကျောင်းသား ၃၆ ယောက်ရှိပါတယ်။ Nicanor က ကျောင်းသူကျောင်းသားတွေကို သေသေချာချာ သင်ပေးပါတယ်။
” ကျောင်းတက်ရလို့ အခုဆိုရင် ၃ တန်းရောက်သွားပြီ”လို့ Niconor ရဲ့ ကျောင်းသားတစ်ယောက်က ပြောပြပါတယ်။
ဒါပေမယ့် Nicanor ကိုယ်တိုင်လည်း ကျောင်းတက်ပါသေးတယ်။ ၄ ကီလိုမီတာ ဝေးတဲ့ကျောင်းကို စက်ဘီးနဲ့သွားပြီး တက်ပါတယ်။
သူသင်ထားတဲ့စာတွေနဲ့ ရွာပြန်ရောက်ရင် ကလေးတွေကို သင်ပေးပါတယ်။ ပုံမှန်စာသင်ချိန်တွေ မတက်နိုင်တဲ့ ကလေးတွေဆိုရင် Nicanor က ညဘက်မှာသင်ပေးပါတယ်။
ပြီးတော့ Nicanor က သူရတဲ့မုန့်ဖိုးလေးတွေကိုစုပြီး စာလာသင်တဲ့ကလေးတွေကို ကော်ဖီတွေ၊ ကွတ်ကီးတွေ ဝယ်ကျွေးပါသေးတယ်။
” Pocito ပြည်နယ်မှာ ဒီလိုသူရဲကောင်းတစ်ယောက် ရှိတာ ယုံတောင် မယုံနိုင်ပါဘူး” လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး San Juan က Nicanorကို လာတွေ့တုန်းက မှတ်ချက်ပေးသွားပါတယ်။
ပညာကိုအပတ်တကုတ် လိုချင်သူတွေအတွက် မဖြစ်နိုင်တာမရှိကြောင်း Nicanor က လှုံ့ဆော်ပေးလိုက်တာပါပဲ။
Zawgyi
အသက္ ၁၂ ႏွစ္အ႐ြယ္ဆိုတာ ေဆာ့လို႔ေကာင္းတဲ့အ႐ြယ္ပါပဲ။ အာဂ်င္တီးနားႏိုင္ငံက Nickanor Quinteros ဆိုတဲ့ ၁၂ ႏွစ္အ႐ြယ္ေကာင္ေလးက သူ႔ရဲ႕အဘြား Ramona နဲ႔ အတူေနပါတယ္။ သူကသာမန္ကေလးေတြကို ေက်ာင္းသြားၿပီး ႏြားႏို႔နဲ႔ကြတ္ကီးစားရတာကို သေဘာက်ပါတယ္။
တျခားကေလးေတြနဲ႔ မတူတဲ့အခ်က္ကေတာ့ Nicanor မွာ ကိုယ္ပိုင္ေက်ာင္းတစ္ေက်ာင္းရွိတာပါ။ အဲဒီကိုယ္ပိုင္ေက်ာင္းကို ကေလးေတြစာသင္ႏိုင္ေအာင္လို႔ သူတည္ေထာင္ခဲ့တာ ၄ ႏွစ္ ရွိသြားပါၿပီ။
Nicanorအသက္၉ႏွစ္ေရာက္တဲ့အခါသူတို႔အိမ္ေဘးမွာ ေက်ာင္းတစ္ေက်ာင္းေဆာက္ခ်င္ေၾကာင္းသူ႔အဘြားကိုေျပာျပပါတယ္။ဘာလို႔လဲဆိုေတာ့ သူတို႔အနီးအနားဝန္းက်င္က ကေလးေတြက ေက်ာင္းသြားဖို႔ လမ္းစရိတ္မရွိသလို ဖိနပ္လည္း မရွိၾကပါဘူး။ တခ်ိဳ႕ကေလးေတြဆိုရင္ အိမ္ေတာင္မရွိၾကပါဘူး။ Nicanor ရဲ႕ အဘြားကလည္း သူ႔အႀကံကို ဝမ္းပန္းတသာသေဘာတူၿပီး ေက်ာင္းျဖစ္လာေအာင္ စတင္လုပ္ေဆာင္ ၾကပါတယ္။
သူ႔ရဲ႕အိမ္ကေတာ့ အာဂ်င္တီးနားႏိုင္ံ၊ Las Piedritas မွာတည္ရွိတာပါ။ သူ႔အိမ္ရဲ႕ေနာက္မွာ Patria y Unidad လို႔ေခၚတဲ့ ေက်ာင္းေလးကို Nicanor နဲ႔ သူ႔အဘြားက အတူေဆာက္လုပ္ၾကပါတယ္။ ပတၱဴစနဲ႔သစ္သားေခ်ာင္းေလးေတြ သုံးၿပီး စာသင္ခန္းေတြကိုကန႔္ပါတယ္။ သစ္သီးထည့္တဲ့ ေသတၱာေလးေတြကို ထိုင္ခုံအျဖစ္သုံးၿပီး ျပန္အသုံးျပဳႏိုင္တဲ့ စာ႐ြက္ေတြနဲ႔ ကေလးေတြကို စာေရးခိုင္းပါတယ္။
ေလးႏွစ္ၾကာၿပီးတဲ့အခါ အိမ္နီးနားခ်င္းေတြနဲ႔ ၾကင္နာတတ္သူေတြရဲ႕အကူအညီနဲ႔ Nicanor က ေနာက္ထပ္စာသင္ခန္းႏွစ္ခန္း၊ ဗီ႐ိုေတြ၊ သင္ပုန္းတစ္ခ်ပ္၊ စာၾကည့္တိုက္တစ္ခန္း၊ ေက်ာင္းတက္ေခါင္းေလာင္းတို႔ ရရွိသြားပါတယ္။ Nicanor မွာလည္း ကိုယ္ပိုင္ေက်ာင္းအုပ္ႀကီး ႐ုံးခန္းတစ္ခန္း ရသြားပါတယ္။
Las Piedritas မွာရွိတဲ့ ကေလးေတြကစာသင္ဖို႔ အရမ္းကို တက္ႂကြၾကပါတယ္။ ေက်ာင္းေရာက္ၿပီဆိုရင္ Nicanor ရဲ႕တံခါးကိုအၿမဲလာေခါက္ၿပီး စာသင္ေပးဖို႔ လာေျပာၾကပါတယ္။ ေက်ာင္းမွာေက်ာင္းသူေက်ာင္းသား ၃၆ ေယာက္ရွိပါတယ္။ Nicanor က ေက်ာင္းသူေက်ာင္းသားေတြကို ေသေသခ်ာခ်ာ သင္ေပးပါတယ္။
” ေက်ာင္းတက္ရလို႔ အခုဆိုရင္ ၃ တန္းေရာက္သြားၿပီ” လို႔ Niconor ရဲ႕ ေက်ာင္းသားတစ္ေယာက္က ေျပာျပပါတယ္။ ဒါေပမယ့္ Nicanor ကိုယ္တိုင္လည္း ေက်ာင္းတက္ပါေသးတယ္။ ၄ ကီလိုမီတာ ေဝးတဲ့ေက်ာင္းကို စက္ဘီးနဲ႔သြားၿပီး တက္ပါတယ္။
သူသင္ထားတဲ့စာေတြနဲ႔ ႐ြာျပန္ေရာက္ရင္ ကေလးေတြကို သင္ေပးပါတယ္။ ပုံမွန္စာသင္ခ်ိန္ေတြ မတက္ႏိုင္တဲ့ ကေလးေတြဆိုရင္ Nicanorကညဘက္မွာသင္ေပးပါတယ္။ ၿပီးေတာ့ Nicanor က သူရတဲ့မုန႔္ဖိုးေလးေတြကိုစုၿပီး စာလာသင္တဲ့ကေလးေတြကို ေကာ္ဖီေတြ၊ ကြတ္ကီးေတြ ဝယ္ေကြၽးပါေသးတယ္။
” Pocito ျပည္နယ္မွာ ဒီလိုသူရဲေကာင္းတစ္ေယာက္ ရွိတာ ယုံေတာင္ မယုံႏိုင္ပါဘူး” လို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး San Juanက Nicanor ကိုလာေတြ႕တုန္းက မွတ္ခ်က္ေပးသြားပါတယ္။ ပညာကိုအပတ္တကုတ္ လိုခ်င္သူေတြအတြက္ မျဖစ္ႏိုင္တာမရွိေၾကာင္း Nicanor က လႈံ႕ေဆာ္ေပးလိုက္တာပါပဲ။