News

ဒီဇင်ဘာလ (၁၃) ရက်နေ့ညမှာ ဖြစ်ပေါ်မယ့် ကြယ်မိုးတို့၏ဘုရင် ကြယ်​ကြွေခြင်းဖြစ်စဥ် ( မြန်မာ့နိုင်ငံရေး အပြောင်းအလဲ)

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်ည(၁၄ နံနက်ခင်း) မှာ​တော့ ကြယ်မိုးတို့၏ဘုရင် (King of Meteor Shower)ကြယ်​ကြွေခြင်းဖြစ်စဥ်များကို ​မေထုံရာသီ (Gemini)ထဲကပုန္နဖုသျှူနက္ခတ်(Punarvasu Nakshatra)အတွင်းမှာသာမန်မျက်စိဖြင့် တွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ ကြယ်​ကြွေတယ်ဆိုတာ ​ကောင်းကင်မှာရှိတဲ့ကြယ်​တွေ ​ကြွေဆင်းခြင်းမဟုတ်ပဲ အာကာသအတွင်းက ဥက္ကာခဲမှုန်များနဲ့ ကမ္ဘာ့​လေထုတို့ ပွတ်တိုက်မိရာက ထွက်​ပေါ်လာတဲ့ အလင်းတန်းများပဲ ဖြစ်ကြပါတယ်။

ဒီတခါကြယ်​ကြွေခြင်းကို ဖြစ်​စေမည့် ဥက္ကာမှုန်များက​တော့ Phaethon လို့အမည်ရတဲ့ ဥက္ကာပျံရဲ့လမ်း​ကြောင်းက ကျကျန်ခဲ့တဲ့ အမှုန်များပဲဖြစ်ပါတယ်။ ကျ​နော်တို့ကမ္ဘာဟာ အဆိုပါ ဥက္ကာပျံရဲ့လမ်း​ကြောင်းကို နှစ်စဥ်ဒီဇင်ဘာလ ၄ ရက်မှ ၁၇ ရက်အကြား ဖြတ်သန်း​လေ့ရှိပြီး ၁၃ ည ၁၄ မနက်မှာ​တော့ ဥက္ကာခဲ အများအပြားရှိတဲ့​နေရာကို ဖြတ်သန်းပါတယ်။ ထိုအခါမှာ​တော့ ည​ကောင်းကင်မှ လှပတဲ့အလင်းတန်း​တွေ ထွက်​ပေါ်လာကြပြီး ကြယ်​ကြွေခြင်း (တနည်း) ကြယ်မိုးရွာခြင်းလို့ သတ်မှတ်​ခေါ်ဆိုကြပါတယ်။

ည​ကောင်းကင်မှာ အရပ်မျက်နှာကို ​ဖော်ပြတဲ့အခါ ကြယ်တာရာကို ညွှန်ပြရပါတယ်။ ​နေဟာအ​ရှေ့အရပ်မှ အ​နောက်အရပ်သို့ဝင်သကဲ့သို့ ကြယ်တာရာ ရာသီများသည်လည်း သူ့​နေရာနှင့်သူ အ​ရှေ့မှအ​နောက်သို့ ​ရွေ့လျားကြပါတယ်။ (ကမ္ဘာလည်​နေခြင်း​ကြောင့် ဖြစ်ပါတယ်။)

​မေထုံရာသီ (Gemini) ကို​တော့ ယခုလမှာ ည ၇ နာရီ ခွဲ​လောက်မှ နံနက် ၆ နာရီ (​နေမထွက်ခင်အချိန်)အထိ အ​ရှေ့မှ အ​နောက်သို့ ဖြတ်သန်းသွားတာကို ​တွေ့ရမှာပါ။ ​မောင်ရှင်ဆိုင်းထမ်းနဲ့ ပြိသရာသီတို့ အနီးမှာရှိပါတယ်။ ညသန်း​ခေါင် (၁၂ နာရီ) ​ကျော်မှ ကြယ်​ကြွေခြင်း​တွေကို စမြင်ရမှာပါ။ အ​ကောင်းဆုံးအချိန်က​တော့ ည ၂ နာရီအချိန်ဖြစ်ပြီး၊ ​မှောင်တဲ့​နေရာမှကြည့်ပါက တစ်နာရီကို ၁၁၅ လုံးခန့် ​ကြွေဆင်းလာမည့် ကြယ်​ကြွေခြင်းများကို မြင်​တွေ့ရမှာပဲ ဖြစ်ပါတယ်။ (မိန်ရာသီထဲရောက်နေတဲ့ လရဲ့အလင်းရောင်အနှောင့်အယှက် အနည်းငယ်ရှိနိုင်ပါတယ်။)

​မေထုံရာသီမှာ ထင်ရှားတဲ့ အမွှာကြယ်​လေး ၂ လုံးရှိပါတယ်။ ပိုး​လော့ (Pollux) နဲ့ ကတ်စတာ (Castor) ဆိုပြီး အမည်​ပေးထားပါတယ်။ (ဂရိဒဏ္ဍာရီမှ အ​မေတူဖ​အေကွဲ အမွှာညီအကိုဖြစ်ပါတယ်။) ဟိန္ဒူနက္ခတ္တမှ ဆင်းသက်လာတဲ့ မြန်မာ့နက္ခတ်မှာ​တော့ ပုန္နဖုသျှူလို့အမည်​ပေးထားပါတယ်။ အဓိပ္ပါယ်က​တော့ “အ​နှောင်အဖွဲ့မှ လွတ်​မြောက်ခြင်း၊ ​နောက်ပြန်လှည့်ခြင်း၊ ​မူလ​နေရာပြန်ထားခြင်း” လို့ ဆိုကြပါတယ်။

သန့်ဦး (အာကာသနှင့်စကြဝဠာ သင်​ထောက်ကူ)

Zawgyi

၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၁၃ ရက္ည (၁၄ နံနက္ခင္း)မွာ​ေတာ့ ၾကယ္မိုးတို႔၏ဘုရင္ (King of Meteor Shower) ၾကယ္​ေႂကြျခင္းျဖစ္စဥ္မ်ားကို ​ေမထုံရာသီ (Gemini) ထဲက ပုႏၷဖုသွ်ဴ နကၡတ္ (Punarvasu Nakshatra) အတြင္းမွာ သာမန္မ်က္စိျဖင့္ ​ေတြ႕ျမင္ႏိုင္မွာပဲျဖစ္ပါတယ္။ ၾကယ္​ေႂကြတယ္ဆိုတာ​ေကာင္းကင္မွာရွိတဲ့ၾကယ္​ေတြ ​ေႂကြဆင္းျခင္းမဟုတ္ပဲ အာကာသအတြင္းက ဥကၠာခဲမႈန္မ်ားနဲ႔ ကမာၻ႔​ေလထုတို႔ ပြတ္တိုက္မိရာက ထြက္​ေပၚလာတဲ့ အလင္းတန္းမ်ားပဲ ျဖစ္ၾကပါတယ္။

ဒီတခါၾကယ္​ေႂကြျခင္းကို ျဖစ္​ေစမည့္ ဥကၠာမႈန္မ်ားက​ေတာ့ Phaethon လို႔အမည္ရတဲ့ ဥကၠာပ်ံရဲ႕လမ္း​ေၾကာင္းကက်က်န္ခဲ့တဲ့အမႈန္မ်ားပဲျဖစ္ပါတယ္။ က်​ေနာ္တို႔ကမာၻဟာ အဆိုပါ ဥကၠာပ်ံရဲ႕လမ္း​ေၾကာင္းကို ႏွစ္စဥ္ဒီဇင္ဘာလ ၄ ရက္မွ ၁၇ရက္အၾကား ျဖတ္သန္း​ေလ့ရွိၿပီး ၁၃ ည ၁၄မနက္မွာ​ေတာ့ ဥကၠာခဲအမ်ားအျပားရွိတဲ့​ေနရာကို ျဖတ္သန္းပါတယ္။ ထိုအခါမွာ​ေတာ့ ည​ေကာင္းကင္မွ လွပတဲ့အလင္းတန္း​ေတြ ထြက္​ေပၚလာၾကၿပီး ၾကယ္​ေႂကြျခင္း (တနည္း)ၾကယ္မိုး႐ြာျခင္းလို႔ သတ္မွတ္​ေခၚဆိုၾကပါတယ္။

ည​ေကာင္းကင္မွာ အရပ္မ်က္ႏွာကို ​ေဖာ္ျပတဲ့အခါ ၾကယ္တာရာကို ၫႊန္ျပရပါတယ္။ ​ေနဟာအ​ေရွ႕အရပ္မွ အ​ေနာက္အရပ္သို႔ဝင္သကဲ့သို႔ ၾကယ္တာရာ ရာသီမ်ားသည္လည္း သူ႔​ေနရာႏွင့္သူ အ​ေရွ႕မွအ​ေနာက္သို႔ ​ေ႐ြ႕လ်ားၾကပါတယ္။ (ကမာၻလည္​ေနျခင္း​ေၾကာင့္ ျဖစ္ပါတယ္။)

​ေမထုံရာသီ (Gemini) ကို​ေတာ့ ယခုလမွာ ည ၇ နာရီ ခြဲ​ေလာက္မွ နံနက္ ၆ နာရီ (​ေနမထြက္ခင္အခ်ိန္)အထိ အ​ေရွ႕မွ အ​ေနာက္သို႔ ျဖတ္သန္းသြားတာကို ​ေတြ႕ရမွာပါ။ ​ေမာင္ရွင္ဆိုင္းထမ္းနဲ႔ ၿပိသရာသီတို႔ အနီးမွာရွိပါတယ္။ ညသန္း​ေခါင္ (၁၂ နာရီ) ​ေက်ာ္မွ ၾကယ္​ေႂကြျခင္း​ေတြကို စျမင္ရမွာပါ။

အ​ေကာင္းဆုံးအခ်ိန္က​ေတာ့ ည ၂ နာရီအခ်ိန္ျဖစ္ၿပီး၊ ​ေမွာင္တဲ့​ေနရာမွၾကည့္ပါက တစ္နာရီကို ၁၁၅ လုံးခန္႔ ​ေႂကြဆင္းလာမည့္ ၾကယ္​ေႂကြျခင္းမ်ားကို ျမင္​ေတြ႕ရမွာပဲ ျဖစ္ပါတယ္။ (မိန္ရာသီထဲေရာက္ေနတဲ့ လရဲ႕အလင္းေရာင္အေႏွာင့္အယွက္ အနည္းငယ္ရွိႏိုင္ပါတယ္။)

​ေမထုံရာသီမွာ ထင္ရွားတဲ့ အမႊာၾကယ္​ေလး ၂ လုံးရွိပါတယ္။ ပိုး​ေလာ့ (Pollux) နဲ႔ ကတ္စတာ (Castor) ဆိုၿပီး အမည္​ေပးထားပါတယ္။ (ဂရိဒ႑ာရီမွ အ​ေမတူဖ​ေအကြဲ အမႊာညီအကိုျဖစ္ပါတယ္။) ဟိႏၵဴနကၡတၱမွ ဆင္းသက္လာတဲ့ ျမန္မာ့နကၡတ္မွာ​ေတာ့ ပုႏၷဖုသွ်ဴလို႔ အမည္​ေပးထားပါတယ္။ အဓိပၸါယ္က​ေတာ့ “အ​ေႏွာင္အဖြဲ႕မွ လြတ္​ေျမာက္ျခင္း၊ ​ေနာက္ျပန္လွည့္ျခင္း၊ ​မူလ​ေနရာျပန္ထားျခင္း” လို႔ ဆိုၾကပါတယ္။

သန္႔ဦး (အာကာသႏွင့္စၾကဝဠာ သင္​ေထာက္ကူ)