မီးသတ်သမားများဟာကျွန်တော်တို့ရဲ့အသက်ကိုကယ်တင်ပေးဖို့အတွက်၎င်းတို့ရဲ့အသက်ကိုစွန့်ထားကြရပါတယ်။
၎င်းတို့ဟာလူသားများသာမက တိရိစ္ဆာန်တွေကိုပါကူညီပေးကြတာကြောင့်လူသားတွေကဒီသူရဲကောင်းတွေကိုအရမ်းကျေးဇူးတင်နေတယ်ဆိုရင်တော့
ခွေးတစ်ကောင်ကလည်း အလားတူလိုဘဲ ကျေးဇူး တင် နေတတ်ကြမှာပါဘဲ။
အမေရိကန် Maine ပြည်နယ်မှာရှိတဲ့ ဒီကယ်ဆယ်ခြင်းခံရတဲ့ Husky ခွေးလေးဟာ သူ့ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့
မီးသတ်သမားတွေကို ကျေးဇူးတင်ကြောင်းပြသဖို့အတွက် ချစ်စရာအကောင်းဆုံးနည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ပါတယ်။
ထို့ပြင် ၎င်းအခိုက်အတန့်ဟာ လုံးဝကို ကြည်နူးစရာကောင်းနေပါတယ် ။
အကြောင်းက လမ်းသွားလမ်းလာအချို့ဟာ အိမ်ခေါင်မိုးပေါ်မှာ Husky ခွေးလေးတစ်ကောင် ရောက်နေတာကို
တွေ့လိုက်တဲ့အတွက် အာဏာပိုင်တွေကို ချက်ချင်းဖုန်းဆက်ခဲ့ကြပါတယ်။
သိပ်မကြာခင်မှာပဲ Wells ရဲဌာနက ကပ္ပတိန် Jeff Nawfel ဟာ အခင်းဖြစ်ပွားရာနေရာကိုရောက်လာခဲ့ပါတယ်။ ပထမတော့အတွေ့အကြုံရှိ မီးသတ်သမားက
၎င်းအခြေအနေကိုကိုင်တွယ်ရန် အလွန်ကြာနေခဲ့ပေမဲ့ မိနစ်အနည်းငယ်ကြာပြီးနောက်မှာတော့
သူဟာအိမ်ခေါင်မိုးပေါ်ပိတ်မိနေတဲ့ခွေးလေးကို ဘေးကင်းစွာ အိမ်ထဲသို့ပို့ပေးနိုင်ခဲ့ပါတယ်။
“ ခွေးလေးက အိမ်ခေါင်မိုးပေါ်မှာ ဟိုသွား၊ဒီသွားနဲ့အငြိမ်လည်းမနေနေသလိုသူ့ပုံစံကြည့်ရတာကလည်းကြောက်နေပုံလည်းမပေါ်နေဘူး” လို့
ကပ္ပတိန် Nawfel က InsideEdition သတင်းသို့ပြောကြားခဲ့ပါတယ်။
သို့ပေမဲ့ ခွေးလေးကကပ္ပတိန် Nawfel အားကျေးဇူးစကားပြောတဲ့အနေနဲ့ ပြသတဲ့အပြုအမူဖြင့် ထိုနေရာရှိ လူတိုင်းကို ထိမိသွားစေခဲ့ပါတယ်။
အကြောင်းက ခွေးလေးဟာ ကယ်တင်ပေးသူအား ကြီးမားတဲ့အနမ်းဖြင့် ကျေးဇူးတင်ကြောင်းပြသခဲ့ခြင်းပါဘဲ။
ကျေးဇူးတင်စွာနဲ့၊ ၎င်းနူးညံ့တဲ့အခိုက်အတန့်ကို ကင်မရာတွေမှာဖမ်းမိခဲ့ပြီး ၎င်းချစ်စရာကောင်းတဲ့ဓာတ်ပုံများကို ဆိုရှယ်မီဒီယာပေါ်သို့ ပြန်လည်မျှဝေခဲ့ကြပါတယ်။
ထို့နောက် “ ဒီခွေးလှလှလေးက သူ့အိမ်ခေါင်မိုးပေါ်ကနေ မဆင်းတတ်တော့လို့ဆိုပြီး ကျွန်တော်တို့ ဖုန်းခေါ်ဆိုမှုမြောက်မြားစွာကို လက်ခံရရှိခဲ့ပါတယ်၊
ဒါပေမဲ့ Wells မီးသတ်ဌာနနဲ့ ပူးပေါင်းပြီး သူ့ကို အန္တရာယ်ကင်းကင်းနဲ့ ကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်၊
သူ့ကို ကယ်တင်ဖို့ ဖုန်းခေါ်ပေးကြတဲ့၊ ကူညီပေးတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ” Wells Maine Police က Facebook မှာ ရေးသားဖော်ပြခဲ့ပါတယ်။
မီးသတ်ဌာနရဲ့အဆိုအရ ၎င်းကံမကောင်းတဲ့ခွေးလေးက ဖွင့်ထားတဲ့ပြတင်းပေါက်ကနေ အိမ်ခေါင်မိုးပေါ် တက်လာခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။
Reference : 3lstories