ဗဟုသုတ

ပျားရည်ရရှိဖို့ သေမင်းကိုအံတုကာ ကြိုးစားရုန်းကန်နေကြတဲ့ ပျားရည်အမဲလိုက်သမားတို့ရဲ့ပုံရိပ်များကို အသေးစိတ်ရိုက်ကူးပြခဲ့တဲ့ ဓာတ်ပုံဆရာ

ပျားရည်အမဲလိုက်ခြင်းဟာ မြောက်မြားစွာသောရှေးဟောင်းယဉ်ကျေးမှု၏အရေးပါသောအစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်သည့်လုပ်ဆောင်မှုများစွာထဲမှတစ်ခုဖြစ်ပါတယ်။ ပျားရည်အမဲလိုက်ခြင်းကို ဘီစီ 13,000 လောက်က ကျင့်သုံးခဲ့ကြတယ်လို့ သိပ္ပံပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

နီပေါနိုင်ငံမှာတော့ ပျားရည်အမဲလိုက်ခြင်းကို နှစ်ထောင်ပေါင်းများစွာကတည်းကကျင့်သုံးခဲ့ကြပြီး ၎င်းဟာ နီပေါယဉ်ကျေးမှုရဲ့အရေးပါသောအစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး ပျားရည်ဟာ ဘယ်တော့မှ မပျက်စီးဘူးဆိုတဲ့အချက်ကြောင့် ၎င်းတို့အတွက် အံ့ဩစရာကောင်းတဲ့အစာအရင်းအမြစ်တစ်ခုပါဘဲ။

ဤကောက်ရိတ်သူအုပ်စုဟာ ၎င်းတို့ရဲ့ဝင်ငွေအတွက် အမှန်တကယ် အလုပ်ကြိုးစားကြပေမဲ့လည်း ကံကောင်းစွာပင် တစ်နှစ်လျှင် နှစ်ကြိမ်သာ ရိတ်သိမ်းကြရပါတယ်။

နီပေါနိုင်ငံရှိ ရေပန်းအစားဆုံး ပျားရည်အမဲလိုက်သည့်နေရာတွေကတော့ Bhujung ၊ Nai Chi ၊ Pasgaon ၊ Naya Gaun ၊ Ludhi နှင့် Dare ကျေးရွာတို့မှာ တည်ရှိပါတယ်။

ဆုရ ယူကေအခြေစိုက် ခရီးသွားဓာတ်ပုံဆရာ Andrew Newey ဟာ အန္တရာယ်များပြီး ရှေးကျသောဓလေ့တစ်ခုဖြစ်သည့် ပျားရည်အမဲလိုက်ခြင်းတွင် ပါဝင်နေသည့် အလယ်ပိုင်းနီပေါ Gurung မျိုးနွယ်ဝင်များရဲ့ပျားရည်အမဲလိုက်နေစဉ်ဓာတ်ပုံများကို အမိအရ သွားရောက်ရိုက်ကူးပေးခဲ့ပါတယ်။

ဒီတော့ ဓာတ်ပုံဆရာ Andrew Newey က ရိုက်ကူးထားတဲ့ ပျားရည်အမဲလိုက်နေကြတဲ့ Gurung မျိုးနွယ်စုတို့ရဲ့အသေးစိတ်ဓာတ်ပုံများကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျာ။

Reference : buzznicked

Zawgyi

ပ်ားရည္အမဲလိုက္ျခင္းဟာ ေျမာက္ျမားစြာေသာေရွးေဟာင္းယဥ္ေက်းမႈ၏ အေရးပါေသာ အစိတ္အပိုင္းတစ္ခုအျဖစ္ပါဝင္သည့္ လုပ္ေဆာင္မႈမ်ားစြာထဲမွ တစ္ခုျဖစ္ပါတယ္။ ပ်ားရည္အမဲလိုက္ျခင္းကို ဘီစီ 13,000 ေလာက္က က်င့္သုံးခဲ့ၾကတယ္လို႔ သိပၸံပညာရွင္ေတြက ခန႔္မွန္းထားၾကပါတယ္။

နီေပါႏိုင္ငံမွာေတာ့ ပ်ားရည္အမဲလိုက္ျခင္းကို ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက က်င့္သုံးခဲ့ၾကၿပီး ၎ဟာ နီေပါယဥ္ေက်းမႈရဲ႕အေရးပါေသာအ စိတ္အပိုင္းတစ္ခုလည္းျဖစ္ၿပီး ပ်ားရည္ဟာ ဘယ္ေတာ့မွ မပ်က္စီးဘူးဆိုတဲ့အခ်က္ေၾကာင့္ ၎တို႔အတြက္ အံ့ဩစရာေကာင္းတဲ့အစာအရင္းအျမစ္တစ္ခုပါဘဲ။

ဤေကာက္ရိတ္သူအုပ္စုဟာ ၎တို႔ရဲ႕ဝင္ေငြအတြက္ အမွန္တကယ္ အလုပ္ႀကိဳးစားၾကေပမဲ့လည္း ကံေကာင္းစြာပင္ တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္သာ ရိတ္သိမ္းၾကရပါတယ္။

နီေပါႏိုင္ငံရွိ ေရပန္းအစားဆုံး ပ်ားရည္အမဲလိုက္သည့္ေနရာေတြကေတာ့ Bhujung ၊ Nai Chi ၊ Pasgaon ၊ Naya Gaun ၊ Ludhi ႏွင့္ Dare ေက်း႐ြာတို႔မွာ တည္ရွိပါတယ္။

ဆုရ ယူေကအေျခစိုက္ ခရီးသြားဓာတ္ပုံဆရာ Andrew Newey ဟာ အႏၲရာယ္မ်ားၿပီး ေရွးက်ေသာ ဓေလ့တစ္ခုျဖစ္သည့္ ပ်ားရည္အမဲလိုက္ျခင္းတြင္ ပါဝင္ေနသည့္ အလယ္ပိုင္းနီေပါ Gurung မ်ိဳးႏြယ္ဝင္မ်ားရဲ႕ပ်ားရည္အမဲလိုက္ေနစဥ္ဓာတ္ပုံမ်ားကို အမိအရ သြားေရာက္႐ိုက္ကူးေပးခဲ့ပါတယ္။

ဒီေတာ့ ဓာတ္ပုံဆရာ Andrew Newey က႐ိုက္ကူးထားတဲ့ ပ်ားရည္အမဲလိုက္ေနၾကတဲ့ Gurung မ်ိဳးႏြယ္စုတို႔ရဲ႕ အေသးစိတ္ဓာတ္ပုံမ်ားကို ဆက္လက္ၾကည့္ရႈသြားခဲ့ၾကပါအုံးဗ်ာ။

Mia (KB Chimmy One)