ကိုယ်ချစ်ရတဲ့ မိသားစု သို့မဟုတ် သူငယ်ချင်းများနှင့်ပြန်လည်ဆုံဆည်းမှုတိုင်းဟာ အဖိုးတန်လှတဲ့ အခိုက်အတန့်တစ်ခုပါဘဲ။
၎င်းအခိုက်အတန့်တိုင်းမှာ ကျွန်တော်တို့အားလုံးဟာ စိတ်ခံစားချက်တွေ အများကြီးပေါက်ထွက်လာပြီး ဝမ်းသာလွန်းလို့ မျက်ရည်တွေ ကျလာကြရပါတယ်။
သင့်အနေနဲ့လည်း အချိန်အတော်ကြာအောင် ချစ်ရတဲ့ မိဘ၊ ညီအစ်ကို၊ ညီအစ်မတွေဒါမှမဟုတ်သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ
သင်ဘယ်လောက်ပျော်နေလဲဆိုတာတွေးကြည့်လိုက်ရင် ပြန်လည်ဆုံဆည်းခြင်းရဲ့မိနစ်တိုင်းကို သင်တန်ဖိုးထားမိသွားပါလိမ့်မယ်။
ဒီနေ့ဇာတ်လမ်းကတော့ ဆင်မိသားစုရဲ့မျိုးဆက် ၃ဆက်ဖြစ်တဲ့ 39နှစ်အရွယ် အဖွားဖြစ်သူ Pori ၊ 19 နှစ်အရွယ် သမီးဖြစ်သူ Tana ၊ 4 နှစ်နှင့် 1 နှစ်အရွယ် မြေးမလေးတို့ဖြစ်တဲ့ Tamika နဲ့ Elani တို့အကြောင်းဘဲဖြစ်ပါတယ်။
အမေနဲ့သမီးဖြစ်တဲ့ Pori နှင့် Tana တို့ဟာ ကွဲကွာနေကြရတာ (၁၂) နှစ်ရှိပါပြီ။ နောက်ဆုံး၎င်းတို့ဟာအချင်းချင်း ပြန်ဆုံတွေ့ကြတဲ့အခါ
၎င်းတို့နှာမောင်းတွေကို အချင်းချင်းထိဖို့ မစောင့်နိုင်ကြတော့ပါဘူး။
၎င်းတို့သားအမိဟာ အချင်းချင်းမတွေ့ဖြစ်တာကြာပြီဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်သိနေကြတုန်းဖြစ်တာကြောင့် လှောင်အိမ်တစ်ခန်းစီကနေ လှမ်းနှုတ်ဆက်နေခဲ့ကြပါတယ်။
၎င်းတို့ဆင်မိသားစုမှာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်မသွားတဲ့အထူးဆက်သွယ်မှုတစ်ခုရှိနေပုံရပါတယ်။
Tana က သူမရဲ့ကလေးတွေကို သူ့အမေနဲ့ ပထမဆုံးအကြိမ် မိတ်ဆက်ပေးတဲ့အခါ၊
အဖွားဖြစ်သူက သူမရဲ့ မျိုးဆက်လေးတွေအတွက် အထူးချစ်ခင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။
Pori ဟာ ၎င်းတို့ကို သူမ၏ နှာမောင်းဖြင့် ဆုပ်ကိုင်ထားခဲ့ပြီး ၎င်းတို့နဲ့တွေ့ရတာထက် အခြားပျော်ရွှင်စရာမရှိနိုင်တော့ဘူးလို့ပြောချင်နေခဲ့ပုံပါဘဲ။
အထူးသဖြင့် ဤမိသားစုပြန်လည်ဆုံစည်းခြင်းဟာ အရှေ့ပိုင်း Halle မြို့ရှိ Bergzoo တိရိစ္ဆာန်ရုံမှာဖြစ်ပွါးခဲ့တာပါ။
ပြန်လည်ဆုံဆည်းခွင့်ရစေရန်အတွက် သက်ဆိုင်သူများကအဖွား Pori ကို Berlin မြို့ရှိ ၎င်းရဲ့အိမ်ဟောင်းမှဤတိရိစ္ဆာန်ရုံသို့ ပြောင်းရွှေ့ပေးခဲ့တာဘဲဖြစ်ပါတယ်။
၎င်းဟာ ထိန်းသိမ်းစောင့်ရှောက်ထားသော တိရိစ္ဆာန်များက ၎င်းတို့ရဲ့မျိုးဆက်များကို ပြန်လည်မြင်တွေ့နိုင်စေသည့်ထိန်းသိမ်းမွေးမြူမှုအစီအစဉ် EEP ၏ အစိတ်အပိုင်းတစ်ခုဘဲဖြစ်ပါတယ်။
ထို့ပြင် ဤတိရိစ္ဆာန်များ အပန်းဖြေရန် အချိန်ပိုရစေပြီးအချင်းချင်း ပြန်လည်ဆက်သွယ်နိုင်စေရန်အတွက်တိရိစ္ဆာန်ရုံဟာဆင်အိမ်အားအချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားမည်ဖြစ်ပါတယ်။
‘ Pori’ ရဲ့ Halle သို့ရောက်ရှိလာမှုက ခေတ်သစ်ဆင်မွေးမြူရေးအတွက် အရေးကြီးတဲ့ခြေလှမ်းဖြစ်ပါတယ်။
အနာဂတ်မှာ ဥရောပတိရိစ္ဆာန်ရုံများရှိ ဆင်မျိုးဆက်များအားလုံးကို ဒီလို သဘာဝမိသားစုပုံစံမျိုးတွေနဲ့ ပြုစုစောင့်ရှောက်လာတော့မှာပါ၊
ဒီနေ့တော့ ကျွန်တော်တို့ ဒီပန်းတိုင်နဲ့ ပိုမိုနီးစပ်လာနေပါပြီ” ဟု တိရိစ္ဆာန်ဥယျာဉ် ဒါရိုက်တာဒေါက်တာ Dennis Muller က ထိုကဲ့သို့လည်း ပြောကြားခဲ့ပါတယ်။
ဒီအစီအစဉ်ဟာ မိသားစုမျိုးဆက်များနှင့်ကွဲကွာနေရတဲ့ တောရိုင်းတိရိစ္ဆာန်များအတွက် အလွန်အဓိပ္ပာယ်ရှိလှတဲ့အစီအစဉ်တစ်ခုပါဘဲဗျာ။
ရုပ်သံကြည့်ရန်
Reference : aubtu