Local News

လႈိင္သာယာတြင္ စစ္တပ္တပ္စြဲထာေသာ အေနာ္ရထာစက္မႈဇုန္ဝင္းကို ရန္ကုန္ PDF ဝင္ပစ္၊

လႈိင္သာယာတြင္ စစ္တပ္တပ္စြဲထာေသာ အေနာ္ရထာစက္မႈဇုန္ဝင္းကို ရန္ကုန္ PDF ဝင္ပစ္၊

လႈိင္သာယာတြင္ စစ္တပ္တပ္စြဲထာေသာ အေနာ္ရထာစက္မႈဇုန္ဝင္းကို ရန္ကုန္ PDF ဝင္ပစ္၊

စစ္သား ၃ ဦး ေသဆုံးၿပီး ၆ ဦးဒဏ္ရာရ၊ ထန္းတပင္ႏွင့္ တိုက္ႀကီးတို႔တြင္လည္း ရန္ကုန္ PDF က တိုက္ခိုက္

ရန္ကုန္တိုင္းအတြင္းရွိ ထန္းတပင္ၿမိဳ႕နယ္၊ လႈိင္သာယာၿမိဳ႕နယ္ႏွင့္ တိုက္ႀကီးၿမိဳ႕နယ္တို႔တြင္ အၾကမ္းဖက္

စစ္ေကာင္စီတပ္ဖြဲ႕မ်ား တပ္စြဲထားေသာ ေနရာမ်ားကို ရန္ကုန္တိုင္းစစ္ေဒသခြဲ ကြပ္ကဲေရးအဖြဲ႕က

ဒီဇင္ဘာလ ၉ ရက္၊ ၁၁ရက္ႏွင့္ ၁၂ရက္တို႔တြင္ ေဖာက္ခြဲတိုက္ခိုက္ျခင္းမ်ား

လုပ္ေဆာင္ခဲ့ေၾကာင္း ရန္ကုန္ PDF တပ္ဖြဲ႕ထံမွ သိရသည္။

ထန္းတပင္ၿမိဳ႕နယ္ ဒိတ္ကုန္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးတြင္ ဒီဇင္ဘာလ ၉ ရက္ေန႔က

အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕မ်ား လုံၿခဳံေရးယူထားစဥ္ ရန္ကုန္ PDF တပ္ဖြဲ႕က ဗုံးခြဲတိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ လႈိင္သာယာၿမိဳ႕နယ္ ရန္ကုန္-ပုသိမ္ လမ္းမႀကီးေဘးရွိ ဒဂုံဧရာအေဝးေျပး ကားဝင္းေရွ႕

အေနာ္ရထာစက္မႈဇုန္ထိပ္ရွိ အၾကမ္းဖက္ စစ္ေကာင္စီ တပ္စခန္း ဗ်ဴဟာမႉး ႐ုံးထိုင္သည့္ ေနရာကို

ဒီဇင္ဘာလ ၁၁ ရက္ေန႔ ည ၇နာရီခန႔္တြင္ ရန္ကုန္ PDF တပ္ဖြဲ႕ဝင္မ်ားက ၄ဝ မမ ဗုံးသီး ၄လုံးျဖင့္

ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး အဆိုပါ ေနရာသို႔ စစ္ကူလာေသာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားကို

သမကုန္း လမ္းဆုံအနီးတြင္ မိုင္း ၄လုံးျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ စစ္သား ၂ဦးေသဆုံးကာ

၆ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ရန္ကုန္ PDF တပ္ဖြဲ႕ထံမွ သိရသည္။

ယင္းေနာက္ ယေန႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔ နံနက္ ၇နာရီခန႔္တြင္ တိုက္ႀကီးၿမိဳ႕နယ္ အိုးတန္းရပ္ကြက္

အုပ္ခ်ဳပ္ေရးမႉး ႐ုံးေရွ႕တြင္ လုံၿခဳံေရး ယူထားေသာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားကို ရန္ကုန္ PDF

တပ္ဖြဲ႕က လက္ပစ္ဗုံးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ စစ္သား ၁ဦးေသဆုံးကာ ၁ဦး ေပါင္ျပတ္သြားေၾကာင္း သိရသည္။

ဓာတ္ပုံ- စစ္ေကာင္စီတပ္မ်ား တပ္စြဲထားေသာ လႈိင္သာယာ အေနာ္ရထာစက္မႈဇုန္။

Unicode

လှိုင်သာယာတွင် စစ်တပ်တပ်စွဲထာသော အနော်ရထာစက်မှုဇုန်ဝင်းကို ရန်ကုန် PDF ဝင်ပစ်၊

စစ်သား ၃ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရ၊ ထန်းတပင်နှင့် တိုက်ကြီးတို့တွင်လည်း ရန်ကုန် PDF က တိုက်ခိုက်

ရန်ကုန်တိုင်းအတွင်းရှိ ထန်းတပင်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင် အကြမ်းဖက်

စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က

ဒီဇင်ဘာလ ၉ ရက်၊ ၁၁ရက်နှင့် ၁၂ရက်တို့တွင် ဖောက်ခွဲတိုက်ခိုက်ခြင်းများ

လုပ်ဆောင်ခဲ့ကြောင်း ရန်ကုန် PDF တပ်ဖွဲ့ထံမှ သိရသည်။

ထန်းတပင်မြို့နယ် ဒိတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဒီဇင်ဘာလ ၉ ရက်နေ့က

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ လုံခြုံရေးယူထားစဉ် ရန်ကုန် PDF တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေးရှိ ဒဂုံဧရာအဝေးပြေး ကားဝင်းရှေ့

အနော်ရထာစက်မှုဇုန်ထိပ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း ဗျူဟာမှူး ရုံးထိုင်သည့် နေရာကို

ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၇နာရီခန့်တွင် ရန်ကုန် PDF တပ်ဖွဲ့ဝင်များက ၄ဝ မမ ဗုံးသီး ၄လုံးဖြင့်

ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ နေရာသို့ စစ်ကူလာသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို

သမကုန်း လမ်းဆုံအနီးတွင် မိုင်း ၄လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၂ဦးသေဆုံးကာ

၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် PDF တပ်ဖွဲ့ထံမှ သိရသည်။

ယင်းနောက် ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇နာရီခန့်တွင် တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက်

အုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် လုံခြုံရေး ယူထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ရန်ကုန် PDF

တပ်ဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်သား ၁ဦးသေဆုံးကာ ၁ဦး ပေါင်ပြတ်သွားကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်များ တပ်စွဲထားသော လှိုင်သာယာ အနော်ရထာစက်မှုဇုန်။