တပ္ထဲတြင္ အသက္မျပည့္ေသးသည့္ ကေလးမ်ား စစ္သင္တန္းတက္ရန္ ဖိအားေပးခံေနရ
အာဏာသိမ္း စစ္ေကာင္စီက ၎တို႔ တပ္ရင္း၊ တပ္ဖြဲ႕မ်ားရွိ တပ္ဖြဲ႕ဝင္မ်ား၏ အသက္မျပည့္ေသးသည့္
သား၊ သမီးမ်ား ကိုပါ စစ္သင္တန္း တက္ခိုင္းၿပီး အရံအင္အားအျဖစ္
ျဖည့္တင္းရန္ စီစဥ္ေနေၾကာင္း တပ္အသိုင္းအဝိုင္းက သိရသည္။
စစ္ေကာင္စီ တပ္ရင္း တပ္ဖြဲ႕အသီးသီးမွ တပ္ဖြဲ႕ဝင္မ်ား၏ အသက္ ၁၅ ႏွစ္ႏွင့္အထက္
ေသနတ္ကိုင္ႏိုင္သည့္ အ႐ြယ္ရွိ သည့္ လူငယ္မ်ားကို ဧၿပီလကတည္း စစ္သင္တန္းမ်ား
စတင္တက္ခိုင္းေနျခင္း ျဖစ္ေၾကာင္း သင္တန္းတက္ေနရသူ မ်ား၏ မိဘမ်ားထံက သိရသည္။
တိုင္းစစ္ဌာနခ်ဳပ္တခုက အာဏာဖီဆန္ေရး လႈပ္ရွားမႈတြင္ ပါဝင္ထားသည့္ (CDM) တပ္ၾကပ္ႀကီး
တဦးက “အသက္ မျပည့္တဲ့ လူေတြ ပါတယ္။ အ႐ြယ္အားျဖင့္ တိုက္ပြဲဝင္လို႔ရၿပီဆိုရင္ စစ္သင္တန္း
မတက္မေနရဆိုၿပီး သင္တန္းဖြင့္လွစ္ ခဲ့တာ ရွိတယ္။ အဲဒီထဲမွာ
အစ္ကို႔ကေလးပါ တက္ခဲ့ရေသးတယ္” ဟု ေျပာသည္။
ၿမိဳ႕ႀကီးမ်ားတြင္ ဆႏၵျပပြဲမ်ား ၿငိမ္သက္သြားၿပီး လူငယ္အမ်ားအျပား လက္နက္ကိုင္ေတာ္လွန္ေရး
လမ္းစဥ္ကို ေ႐ြးခ်ယ္ သြားၾကခ်ိန္တြင္ စစ္သားမ်ား၏ သား၊ သမီးမ်ားကိုပါ စစ္သင္တန္းေပးၿပီး စစ္ေရးျပ၊
လက္နက္ငယ္၊ ျဖဳတ္၊ တပ္ စသည္ မ်ားကို သင္ၾကားေပးေနျခင္း ျဖစ္ေၾကာင္း စုံစမ္းသိရွိရသည္။
စစ္သင္တန္းတက္ရသည့္ ကေလးတဦး၏ မိခင္ျဖစ္သူကလည္း “ရွိသမွ် ကေလးေတြ အကုန္လုံး
၈ တန္းေလာက္က ေန စၿပီး စစ္သင္တန္း တက္ရတာ။ သူတို႔က ကုန္ကုန္ေျပာလိုက္တယ္။
လက္ညႇိဳးေကြးၿပီး လူသတ္တတ္ရင္ကို ရၿပီလို႔ ေျပာၿပီး ရည္႐ြယ္ခ်က္ရွိရွိနဲ႔ကို
သင္တန္း တက္ခိုင္းတာ” ဟု ေျပာသည္။
ယခင္က ထိုကဲ့သို႔ စစ္တပ္မွ ဇနီးသည္မ်ားႏွင့္ သားသမီးမ်ားကို စစ္သင္တန္း တက္ခိုင္းျခင္းမ်ိဳး
ရွိေသာ္လည္း ယခုကဲ့ သို႔ ရည္႐ြယ္ခ်က္ရွိရွိ တက္ရျခင္းမ်ိဳး
မဟုတ္ေၾကာင္း စစ္မႈထမ္းေဟာင္း၏ သားသမီး တဦးက ေျပာသည္။
၎က “က်မတို႔ အထက္တန္း ေက်ာင္းသားဘဝကလည္း ေႏြေက်ာင္းပိတ္ရက္တုန္းက တခါ
တက္ခဲ့ရဖူးပါတယ္။ ဒီအတိုင္း တပ္တြင္း လႈပ္ရွားမႈ တခုအေနနဲ႔ အျဖစ္ေလာက္ပဲ တက္ရတာပါ။
အရမ္း အတင္းအက်ပ္ ဖိအားေပးတာမ်ိဳးေတာ့ မရွိ ဘူး။ ေပါ့ေပါ့ပါးပါးပဲ တက္ရတာပါ။
အခုေနာက္ပိုင္းေတာ့ ဖိအားေပးတာေတြ ရွိလာတယ္လို႔ေတာ့ ၾကားရပါတယ္” ဟု ေျပာသည္။
တပ္ဖြဲ႕ဝင္မ်ား၏ သား၊ သမီးမ်ားကိုသာမက ဇနီးမယားမ်ားကိုပါ စစ္သင္တန္းတက္ခိုင္းၿပီး
အရံအင္အားအျဖစ္ ျဖည့္ တင္းရန္ ႀကိဳးပမ္းျခင္း၊ စစ္မႈထမ္းေဟာင္းမ်ားကို ေန႔စားျဖင့္
ျပန္လည္ ေခၚယူျခင္းမ်ားလည္း ရွိေနေၾကာင္း သိရသည္။
စစ္သား ဇနီးမ်ားကို သင္တန္းေရာက္ခိုင္းျခင္းသာမက တပ္စခန္းမ်ားကို ကာကြယ္ရန္အတြက္
လက္နက္ကိုင္လုံၿခဳံေရး ယူခိုင္းျခင္းမ်ားလည္း ရွိေနသည္။
စစ္ေကာင္စီတပ္ႏွင့္ တိုက္ပြဲမ်ားျဖစ္ပြားရာ ရွမ္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းႏွင့္
မေကြးတိုင္း စသည့္ ေနရာမ်ားရွိ တပ္ရင္းတပ္မမ်ားတြင္ ေနာက္တန္းမွ စစ္သားဇနီးမ်ားက
လက္နက္ကိုင္ ကင္းေစာင့္ေနၾကရျခင္း ျဖစ္ ေၾကာင္း သိရသည္။
ထိုသို႔ သင္တန္မ်ား ေခၚယူရာတြင္လည္း တပ္ဖြဲ႕ဝင္မ်ားႏွင့္ ကာယကံရွင္မ်ား၏ ဆႏၵ မပါဝင္ဘဲ၊
ျငင္းဆန္ခြင့္မရွိဘဲ အတင္းအက်ပ္ ဖိအားေပးျခင္း၊ ၿခိမ္းေျခာက္ျခင္း
စသည့္ နည္းလမ္းမ်ားကို အသုံးျပဳျခင္းျဖစ္ေၾကာင္း သိရသည္။
တပ္ၾကပ္ႀကီး စာေရးတဦးက “သူတို႔ရဲ႕ ရည္႐ြယ္ခ်က္က စစ္သည္ေတြရဲ႕ ဇနီးမယားေတြရယ္
ကေလးေတြရယ္ လိုအပ္လို႔ရွိရင္ တပ္မေတာ္ရဲ႕ အရံ အင္အားအျဖစ္ အသုံးခ်ဖို႔ အတြက္
ဒီလိုမ်ိဳးေတြ အထိ လုပ္လာတာေတြ ရွိတယ္” ဟု ေျပာသည္။
ယင္းသို႔ တပ္တြင္း လူအင္အား လိုအပ္ခ်က္မ်ားကို စစ္မႈထမ္းေဟာင္းမ်ားအားလည္း
ေန႔စားခ ေပးကာ တာဝန္ထမ္း ေဆာင္းခိုင္မႈမ်ားလည္း ရွိေၾကာင္း သိရသည္။
အၿငိမ္းစားယူထားသည့္ စစ္မႈထမ္းေဟာင္း တဦးက “ျပန္ေခၚၿပီးေတာ့ ေန႔စား ၈ ေထာင္ ေပးတယ္။
ၿမိဳ႕ေတြမွာ ေစာင့္ရ မယ့္ ေနရာေတြ ရဲစခန္းေတြ ဘာေတြမွာေပါ့ ေစာင့္ခိုင္းတယ္။
ေရွ႕တန္းေတာ့ မဟုတ္ဘူး” ဟု ေျပာသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ အာဏာသိမ္းမႈ အၿပီးတြင္ အာဏာသိမ္း စစ္ေကာင္စီကို ျပည္သူလူထုက
ျပင္းျပင္းထန္ထန္ ဆႏၵျပ ေတာ္လွန္မႈမ်ားရွိလာခဲ့ၿပီး ဆႏၵျပပြဲမ်ားကို
စစ္ေကာင္စီကလည္း အၾကမ္းဖက္ၿဖိဳခြဲမႈမ်ား ျပဳလုပ္ခဲ့သည္။
ယင္းေနာက္တြင္ လူထုတရပ္လုံး အုံးအုံးကြၽတ္ကြၽတ္ ဆႏၵျပပြဲမ်ား မရွိေတာ့ဘဲ လူငယ္
၊ လူ႐ြယ္အမ်ားအျပား စစ္အာ ဏာရွင္ကို လက္နက္ကိုင္ ေတာ္လွန္သည့္ လမ္းစဥ္ကို
ေ႐ြးခ်ယ္လာၾကၿပီး ႏိုင္ငံအႏွံ႔ တိုက္ပြဲမ်ား ျဖစ္ပြားလာရာ စစ္ ေကာင္စီ အေနျဖင့္ ၎တို႔
တပ္ရင္း၊ တပ္ဖြဲ႕မ်ားကို အေရးေပၚ အင္အားျဖည့္တင္းရန္ လိုအပ္လာသည့္ အေျခအေန
ရွိေၾကာင္း စစ္တပ္အသိုင္းအဝိုင္းက သိရသည္။
ယင္းသို႔ ကေလးငယ္မ်ားကို တိုက္ပြဲမ်ားတြင္ အသုံးျပဳရန္ဆိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ စစ္သင္တန္းမ်ား
ေပးျခင္းသည္ ကေလးသူငယ္ အခြင့္အေရးမ်ား ဆိုင္ရာ ဥပေဒ အရေသာ္လည္းေကာင္း ႏိုင္ငံတကာ
ကေလးသူငယ္ သေဘာတူစာ ခ်ဳပ္ အရေသာ္လည္းေကာင္း တားျမစ္ထားသည့္ တားျမစ္ခ်က္
တရပ္ျဖစ္ေၾကာင္း ကေလးသူငယ္ အခြင့္အေရး လႈပ္ ရွားသူတဦးက သုံးသပ္ ေျပာသည္။
၎က “တိုက္ပြဲကို ရည္႐ြယ္ၿပီးေတာ့ က်င့္ သုံးၿပီးေတာ့ ျပင္ဆင္လာၿပီးေတာ့ ေနာက္ပိုင္းမွာ
သုံးလာဖို႔ အစီအစဥ္ ရွိလာတယ္ဆိုရင္ မလုပ္သင့္တာ ျဖစ္တယ္။ ဥပေဒေတြကို ခ်ိဳးေဖာက္တာေတြ
ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ေတြကို ခ်ိဳးေဖာက္တာေတြ ျဖစ္လာမယ္” ဟု ဆိုသည္။
ကေလးသူငယ္မ်ားကို တိုက္ပြဲမ်ားတြင္ အသုံးခ်မႈကို ပေပ်ာက္ေရးအတြက္ အ႐ြယ္မေရာက္ေသးသည့္
ကေလးစစ္ သားမ်ား ပေပ်ာက္ေရးကို၂၀၁၂ ခုႏွစ္ကတည္းက တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံ
ေစာင့္ၾကည္ေလ့လာေရးႏွင့္ အစီရင္ခံ စာ တင္ျပေရးလုပ္ငန္းအဖြဲ႕
(UNCTFMR) အဖြဲ႕တို႔ လက္မွတ္ ေရးထိုးထားသည္။
Unicode
တပ်ထဲတွင် အသက်မပြည့်သေးသည့် ကလေးများ စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ
အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့ တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်ဖွဲ့ဝင်များ၏ အသက်မပြည့်သေးသည့်
သား၊ သမီးများ ကိုပါ စစ်သင်တန်း တက်ခိုင်းပြီး အရံအင်အားအဖြစ်
ဖြည့်တင်းရန် စီစဉ်နေကြောင်း တပ်အသိုင်းအဝိုင်းက သိရသည်။
စစ်ကောင်စီ တပ်ရင်း တပ်ဖွဲ့အသီးသီးမှ တပ်ဖွဲ့ဝင်များ၏ အသက် ၁၅ နှစ်နှင့်အထက်
သေနတ်ကိုင်နိုင်သည့် အရွယ်ရှိ သည့် လူငယ်များကို ဧပြီလကတည်း စစ်သင်တန်းများ
စတင်တက်ခိုင်းနေခြင်း ဖြစ်ကြောင်း သင်တန်းတက်နေရသူ များ၏ မိဘများထံက သိရသည်။
တိုင်းစစ်ဌာနချုပ်တခုက အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသည့် (CDM) တပ်ကြပ်ကြီး
တဦးက “အသက် မပြည့်တဲ့ လူတွေ ပါတယ်။ အရွယ်အားဖြင့် တိုက်ပွဲဝင်လို့ရပြီဆိုရင် စစ်သင်တန်း
မတက်မနေရဆိုပြီး သင်တန်းဖွင့်လှစ် ခဲ့တာ ရှိတယ်။ အဲဒီထဲမှာ
အစ်ကို့ကလေးပါ တက်ခဲ့ရသေးတယ်” ဟု ပြောသည်။
မြို့ကြီးများတွင် ဆန္ဒပြပွဲများ ငြိမ်သက်သွားပြီး လူငယ်အများအပြား လက်နက်ကိုင်တော်လှန်ရေး
လမ်းစဉ်ကို ရွေးချယ် သွားကြချိန်တွင် စစ်သားများ၏ သား၊ သမီးများကိုပါ စစ်သင်တန်းပေးပြီး စစ်ရေးပြ၊
လက်နက်ငယ်၊ ဖြုတ်၊ တပ် စသည် များကို သင်ကြားပေးနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
စစ်သင်တန်းတက်ရသည့် ကလေးတဦး၏ မိခင်ဖြစ်သူကလည်း “ရှိသမျှ ကလေးတွေ အကုန်လုံး
၈ တန်းလောက်က နေ စပြီး စစ်သင်တန်း တက်ရတာ။ သူတို့က ကုန်ကုန်ပြောလိုက်တယ်။
လက်ညှိုးကွေးပြီး လူသတ်တတ်ရင်ကို ရပြီလို့ ပြောပြီး ရည်ရွယ်ချက်ရှိရှိနဲ့ကို
သင်တန်း တက်ခိုင်းတာ” ဟု ပြောသည်။
ယခင်က ထိုကဲ့သို့ စစ်တပ်မှ ဇနီးသည်များနှင့် သားသမီးများကို စစ်သင်တန်း တက်ခိုင်းခြင်းမျိုး
ရှိသော်လည်း ယခုကဲ့ သို့ ရည်ရွယ်ချက်ရှိရှိ တက်ရခြင်းမျိုး
မဟုတ်ကြောင်း စစ်မှုထမ်းဟောင်း၏ သားသမီး တဦးက ပြောသည်။
၎င်းက “ကျမတို့ အထက်တန်း ကျောင်းသားဘဝကလည်း နွေကျောင်းပိတ်ရက်တုန်းက တခါ
တက်ခဲ့ရဖူးပါတယ်။ ဒီအတိုင်း တပ်တွင်း လှုပ်ရှားမှု တခုအနေနဲ့ အဖြစ်လောက်ပဲ တက်ရတာပါ။
အရမ်း အတင်းအကျပ် ဖိအားပေးတာမျိုးတော့ မရှိ ဘူး။ ပေါ့ပေါ့ပါးပါးပဲ တက်ရတာပါ။
အခုနောက်ပိုင်းတော့ ဖိအားပေးတာတွေ ရှိလာတယ်လို့တော့ ကြားရပါတယ်” ဟု ပြောသည်။
တပ်ဖွဲ့ဝင်များ၏ သား၊ သမီးများကိုသာမက ဇနီးမယားများကိုပါ စစ်သင်တန်းတက်ခိုင်းပြီး
အရံအင်အားအဖြစ် ဖြည့် တင်းရန် ကြိုးပမ်းခြင်း၊ စစ်မှုထမ်းဟောင်းများကို နေ့စားဖြင့်
ပြန်လည် ခေါ်ယူခြင်းများလည်း ရှိနေကြောင်း သိရသည်။
စစ်သား ဇနီးများကို သင်တန်းရောက်ခိုင်းခြင်းသာမက တပ်စခန်းများကို ကာကွယ်ရန်အတွက်
လက်နက်ကိုင်လုံခြုံရေး ယူခိုင်းခြင်းများလည်း ရှိနေသည်။
စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်
မကွေးတိုင်း စသည့် နေရာများရှိ တပ်ရင်းတပ်မများတွင် နောက်တန်းမှ စစ်သားဇနီးများက
လက်နက်ကိုင် ကင်းစောင့်နေကြရခြင်း ဖြစ် ကြောင်း သိရသည်။
ထိုသို့ သင်တန်များ ခေါ်ယူရာတွင်လည်း တပ်ဖွဲ့ဝင်များနှင့် ကာယကံရှင်များ၏ ဆန္ဒ မပါဝင်ဘဲ၊
ငြင်းဆန်ခွင့်မရှိဘဲ အတင်းအကျပ် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း
စသည့် နည်းလမ်းများကို အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
တပ်ကြပ်ကြီး စာရေးတဦးက “သူတို့ရဲ့ ရည်ရွယ်ချက်က စစ်သည်တွေရဲ့ ဇနီးမယားတွေရယ်
ကလေးတွေရယ် လိုအပ်လို့ရှိရင် တပ်မတော်ရဲ့ အရံ အင်အားအဖြစ် အသုံးချဖို့ အတွက်
ဒီလိုမျိုးတွေ အထိ လုပ်လာတာတွေ ရှိတယ်” ဟု ပြောသည်။
ယင်းသို့ တပ်တွင်း လူအင်အား လိုအပ်ချက်များကို စစ်မှုထမ်းဟောင်းများအားလည်း
နေ့စားခ ပေးကာ တာဝန်ထမ်း ဆောင်းခိုင်မှုများလည်း ရှိကြောင်း သိရသည်။
အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်း တဦးက “ပြန်ခေါ်ပြီးတော့ နေ့စား ၈ ထောင် ပေးတယ်။
မြို့တွေမှာ စောင့်ရ မယ့် နေရာတွေ ရဲစခန်းတွေ ဘာတွေမှာပေါ့ စောင့်ခိုင်းတယ်။
ရှေ့တန်းတော့ မဟုတ်ဘူး” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှု အပြီးတွင် အာဏာသိမ်း စစ်ကောင်စီကို ပြည်သူလူထုက
ပြင်းပြင်းထန်ထန် ဆန္ဒပြ တော်လှန်မှုများရှိလာခဲ့ပြီး ဆန္ဒပြပွဲများကို
စစ်ကောင်စီကလည်း အကြမ်းဖက်ဖြိုခွဲမှုများ ပြုလုပ်ခဲ့သည်။
ယင်းနောက်တွင် လူထုတရပ်လုံး အုံးအုံးကျွတ်ကျွတ် ဆန္ဒပြပွဲများ မရှိတော့ဘဲ လူငယ်
၊ လူရွယ်အများအပြား စစ်အာ ဏာရှင်ကို လက်နက်ကိုင် တော်လှန်သည့် လမ်းစဉ်ကို
ရွေးချယ်လာကြပြီး နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားလာရာ စစ် ကောင်စီ အနေဖြင့် ၎င်းတို့
တပ်ရင်း၊ တပ်ဖွဲ့များကို အရေးပေါ် အင်အားဖြည့်တင်းရန် လိုအပ်လာသည့် အခြေအနေ
ရှိကြောင်း စစ်တပ်အသိုင်းအဝိုင်းက သိရသည်။
ယင်းသို့ ကလေးငယ်များကို တိုက်ပွဲများတွင် အသုံးပြုရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် စစ်သင်တန်းများ
ပေးခြင်းသည် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အရသော်လည်းကောင်း နိုင်ငံတကာ
ကလေးသူငယ် သဘောတူစာ ချုပ် အရသော်လည်းကောင်း တားမြစ်ထားသည့် တားမြစ်ချက်
တရပ်ဖြစ်ကြောင်း ကလေးသူငယ် အခွင့်အရေး လှုပ် ရှားသူတဦးက သုံးသပ် ပြောသည်။
၎င်းက “တိုက်ပွဲကို ရည်ရွယ်ပြီးတော့ ကျင့် သုံးပြီးတော့ ပြင်ဆင်လာပြီးတော့ နောက်ပိုင်းမှာ
သုံးလာဖို့ အစီအစဉ် ရှိလာတယ်ဆိုရင် မလုပ်သင့်တာ ဖြစ်တယ်။ ဥပဒေတွေကို ချိုးဖောက်တာတွေ
နိုင်ငံတကာ သဘောတူစာချုပ်တွေကို ချိုးဖောက်တာတွေ ဖြစ်လာမယ်” ဟု ဆိုသည်။
ကလေးသူငယ်များကို တိုက်ပွဲများတွင် အသုံးချမှုကို ပပျောက်ရေးအတွက် အရွယ်မရောက်သေးသည့်
ကလေးစစ် သားများ ပပျောက်ရေးကို၂၀၁၂ ခုနှစ်ကတည်းက တပ်မတော်နှင့် မြန်မာနိုင်ငံ
စောင့်ကြည်လေ့လာရေးနှင့် အစီရင်ခံ စာ တင်ပြရေးလုပ်ငန်းအဖွဲ့
(UNCTFMR) အဖွဲ့တို့ လက်မှတ် ရေးထိုးထားသည်။