News

ျမန္မာနဲ႔ ႏိုင္ငံတကာအေရး ေဆြးေႏြးမယ့္ G7 ဝန္ႀကီးအစည္းအေဝး စတင္

ျမန္မာနဲ႔ ႏိုင္ငံတကာအေရး ေဆြးေႏြးမယ့္ G7 ဝန္ႀကီးအစည္းအေဝး စတင္

ျမန္မာနဲ႔ ႏိုင္ငံတကာအေရး ေဆြးေႏြးမယ့္ G7 ဝန္ႀကီးအစည္းအေဝး စတင္

ျမန္မာ့စစ္အာဏာသိမ္းမႈ အေရးကိုလည္း ေဆြးေႏြးမယ္လို႔ ေျပာဆိုထားတဲ့ G7 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား

ေဆြးေႏြးပြဲမွာ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္း အာဆီယံလည္း ပထမဆုံးအႀကိမ္အျဖစ္ တက္ေရာက္ဖို႔ ရွိေနပါတယ္။

စေနေန႔က က်င္းပတဲ့ G7 ႏိုင္ငံျခားေရးဝန္ႀကီးမ်ားရဲ႕ ၿဗိတိန္ႏိုင္ငံ လီဗာပူးမွာ က်င္းပတဲ့ ေဆြးေႏြးပြဲမွာေတာ့

အာဏာရွင္အစိုးရ စနစ္ေတြကို စည္းလုံးညီၫြတ္စြာ တိုက္ဖ်က္ေရး ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးက

တိုက္တြန္းခဲ့ပါတယ္။ အျပည့္အစုံကို မသိဂႌထိုက္ တင္ျပေပးထားပါတယ္။

ၿဗိတိန္ႏိုင္ငံ လီဗာပူးမွာ စေနေန႔က စတင္လိုက္တဲ့ စီးပြားေရးအင္အားႀကီး ၇ ႏိုင္ငံ G7 ႏိုင္ငံျခားေရးဝန္ႀကီးမ်ား

ေဆြးေႏြးပြဲမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken လည္း တက္ေရာက္ခဲ့ၿပီး ၿဗိတိန္

ႏိုင္ငံျခားေရးဝန္ႀကီး Liz Truss ကေတာ့ အာဏာရွင္အစိုးရ စနစ္ေတြကို တိုက္ဖ်က္ေရးမွာ

စည္းလုံးညီၫြတ္ေရးအတြက္ တိုက္တြန္းခဲ့ပါတယ္။

ယူကရိန္းနယ္စပ္မွာ ႐ုရွားဘက္က စစ္အင္အား တိုးျမႇင့္ တည္ေဆာက္ေနမႈ၊ အီရန္ရဲ႕ န်ဴကလီးယား

ရည္မွန္းခ်က္ေတြကို ထိန္းခ်ဳပ္ေရးနဲ႔ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈအေရး ေျဖရွင္းေဆာင္႐ြက္ေရးတို႔ကို

ေဆြးေႏြးၾကမယ့္ G7 ကမာၻ႔အခ်မ္းသာဆုံး ဒီမိုကေရစီ ႏိုင္ငံႀကီးေတြရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ေဆြးေႏြးပြဲမွာ

ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးက အခုလို တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

“လြတ္လပ္မႈနဲ႔ ဒီမိုကေရစီကို ကန႔္သတ္ ထိန္းခ်ဳပ္ႏိုင္ေရး ႀကိဳးစားေနၾကတဲ့ တိုက္ခိုက္သူေတြကို အတူတကြ

ခိုင္ခိုင္မာမာ ရပ္တည္ ရင္ဆိုင္ၾကဖို႔ လိုအပ္ပါတယ္။” လို႔ ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုခဲ့တာပါ။

G7 ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ ၂ ရက္ၾကာ အစည္းအေဝးကို စတင္တဲ့ စေနေန႔မွာ ၿဗိတိန္ ႏိုင္ငံျခားေရးဝန္ႀကီးက

အခုလို ေျပာဆိုေပမယ့္လည္း ႏိုင္ငံေတြကိုေတာ့ နာမည္တပ္ၿပီး ရည္ၫႊန္းေျပာဆိုမႈ မရွိပါဘူး။

G7 ႏိုင္ငံျခားေရးနဲ႔ ဖြံ႕ၿဖိဳးေရး ဝန္ႀကီးအဆင့္ ေဆြးေႏြးပြဲကို တက္ေရာက္ဖို႔ အာဆီယံကို ၿဗိတိန္ဘက္က

ဖိတ္ၾကားထားေၾကာင္း၊ လူကိုယ္တိုင္ တက္ေရာက္မယ့္ ေဆြးေႏြးပြဲကို ျမန္မာစစ္ေကာင္စီကို ၿဗိတိန္ဘက္က

ဖိတ္ၾကားမထားေၾကာင္း ၿဗိတိန္ရဲ႕ အာရွဆိုင္ရာဝန္ႀကီး Amanda Milling က ေအာက္တိုဘာလ

၁၉ ရက္ေန႔မွာ စာနဲ႔ ေရးသား ေျဖဆိုထားပါတယ္။ ဒါေပမယ့္လည္း ျမန္မာစစ္ေကာင္စီဘက္က အြန္လိုင္းကန

ေ တက်ေရာက်လာႏိုင်တယ်လို႔လည်း မြန်မာ့အေရး လႈပ်ရွားနေတဲ့

Burma Campaign UK ဘက္က ေထာက္ျပ ေျပာဆိုထားပါတယ္။

G7 ထိပ္သီးအစည္းအေဝး တက္ေရာက္ဖို႔ ၿဗိတိန္ႏိုင္ငံ လီဗာပူးၿမိဳ႕ကို ေရာက္ရွိလာတဲ့ အေမရိကန္

ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken (ယာ)။ (ဒီဇင္ဘာ ၁၀၊ ၂၀၂၁)

G7 ႏိုင္ငံျခားေရးဝန္ႀကီး အစည္းအေဝး ျမန္မာအက်ပ္အတည္း ေဆြးေႏြးမည္

ၿဗိတိန္ႏိုင္ငံ လီဗာပူးမွာ က်င္းပေနတဲ့ G7 ႏိုင္ငံျခားေရးနဲ႔ ဖြံ႕ၿဖိဳးေရး ဝန္ႀကီးမ်ား အစည္းအေဝးကို

အာဆီယံႏိုင္ငံေတြ တက္ေရာက္တာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။

အာဆီယံရဲ႕ အလွည့္က်ဥကၠ႒ ကေမာၻဒီးယားႏိုင္ငံဘက္ကေတာ့ မၾကာခင္ကပဲ ျမန္မာစစ္ေကာင္စီက

ခန႔္ထားတဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ဦးဝဏၰေမာင္လြင္နဲ႔ ၿပီးခဲ့တဲ့အဂၤါေန႔က ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္

ဟြန္ဆန္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ကလည္း ျမန္မာႏိုင္ငံကို သြားမယ္လို႔ ေျပာထားပါတယ္။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ရပ္တန႔္ၿပီး မူလအေျခအေန ျပန္ေရာက္ဖို႔ တခုတည္းေသာ နည္းလမ္းမွာ

သက္ဆိုင္သူမ်ားအၾကား ေဆြးေႏြးညႇိႏႈိင္းမႈမ်ားႏွင့္ ရင္ၾကားေစ့ေရးျဖစ္ၿပီး တနည္းနည္းနဲ႔ စတင္

ေဆာင္႐ြက္ရမယ္လို႔ စေနေန႔မွာပဲ ျမန္မာဆိုင္ရာ ကေမာၻဒီးယားသံ႐ုံးရဲ႕ လူမႈကြန္ရက္ Facebook မွာ ေျပာဆိုထားပါတယ္။

ကေမာၻဒီးယားႏိုင္ငံ၊ ဖႏြမ္းပင္ၿမိဳ႕ေတာ္ကို ေသာၾကာေန႔က ေခတၱသြားေရာက္ခဲ့တဲ့ အေမရိကန္

ႏိုင္ငံျခားေရးဌာန အႀကံေပးပုဂၢိဳလ္ Derek Chollet ကေတာ့ အာဆီယံ အလွည့္က်ဥကၠ႒

ကေမာၻဒီးယားႏိုင္ငံအေနနဲ႔ ျမန္မာ အာဏာသိမ္းစစ္ေကာင္စီကို အေလွ်ာ့ေပး လိုက္ေလ်ာတာမ်ိဳး မလုပ္ဖို႔

တိုက္တြန္းခဲ့ပါတယ္။ ဘယ္လို ထိေတြ႕ဆက္ဆံမႈမ်ိဳးမဆို စစ္ေကာင္စီကို လိုက္ေလ်ာ႐ုံေလာက္ မဟုတ္ဘဲ

တကယ္တမ္း ရလဒ္ထြက္လာဖို႔ ေမွ်ာ္လင့္တယ္လို႔ အႀကံေပးပုဂၢိဳလ္ Chollet က ေျပာပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken ရဲ႕ ဒီဇင္ဘာလ ၉ ရက္ေန႔ကေန ၁၇ ရက္ေန႔အထိ

ခရီးစဥ္အတြင္းမွာေတာ့ အင္ဒိုနီးရွား၊ မေလးရွား၊ ထိုင္းနဲ႔ ဟာဝိုင္အီ တို႔ကိုလည္း သြားေရာက္မွာျဖစ္ၿပီး

အေရွ႕ေတာင္အာရွႏိုင္ငံမ်ား အသင္းဝင္ ႏိုင္ငံေတြက ႏိုင္ငံျခားေရး ဝန္ႀကီးေတြနဲ႔လည္း လူခ်င္းေတြ႕ဆုံ ေဆြးေႏြးဖို႔ ရွိေနပါတယ္။

လာမယ့္ သီတင္းပတ္အတြင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken ရဲ႕ အင္ဒိုနီးရွားႏိုင္ငံ ၿမိဳ႕ေတာ္

ဂ်ကာတာခရီးစဥ္ အတြင္းမွာလည္း အင္ဒို-ပစိဖိတ္ ေဒသရဲ႕ အေရးပါမႈနဲ႔ အေမရိကန္နဲ႔ အင္ဒိုနီးရွား

မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈ အေရးပါမႈကို အေလးထားေျပာဆိုဖို႔ ရွိေနပါတယ္။

ဒီေနာက္မွာေတာ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Blinken က မေလးရွားနဲ႔ ထိုင္းႏိုင္ငံတို႔ကို

သြားေရာက္မွာ ျဖစ္ပါတယ္။ ခရီးစဥ္အတြင္းမွာေတာ့ ျမန္မာႏိုင္ငံတြင္း ပိုၿပီး ဆိုး႐ြားလာေနတဲ့

ပဋိပကၡေတြ အေရးကိုလည္း ဝန္ႀကီး Blinken ေဆြးေႏြးမယ့္အေၾကာင္း အေမရိကန္

ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာဆိုထားပါတယ္။

Unicode

မြန်မာနဲ့ နိုင်ငံတကာအရေး ဆွေးနွေးမယ့် G7 ဝန်ကြီးအစည်းအဝေး စတင်

မြန်မာ့စစ်အာဏာသိမ်းမှု အရေးကိုလည်း ဆွေးနွေးမယ်လို့ ပြောဆိုထားတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ

ဆွေးနွေးပွဲမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံလည်း ပထမဆုံးအကြိမ်အဖြစ် တက်ရောက်ဖို့ ရှိနေပါတယ်။

စနေနေ့က ကျင်းပတဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများရဲ့ ဗြိတိန်နိုင်ငံ လီဗာပူးမှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာတော့

အာဏာရှင်အစိုးရ စနစ်တွေကို စည်းလုံးညီညွတ်စွာ တိုက်ဖျက်ရေး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက

တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

ဗြိတိန်နိုင်ငံ လီဗာပူးမှာ စနေနေ့က စတင်လိုက်တဲ့ စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G7 နိုင်ငံခြားရေးဝန်ကြီးများ

ဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း တက်ရောက်ခဲ့ပြီး ဗြိတိန်

နိုင်ငံခြားရေးဝန်ကြီး Liz Truss ကတော့ အာဏာရှင်အစိုးရ စနစ်တွေကို တိုက်ဖျက်ရေးမှာ

စည်းလုံးညီညွတ်ရေးအတွက် တိုက်တွန်းခဲ့ပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားဘက်က စစ်အင်အား တိုးမြှင့် တည်ဆောက်နေမှု၊ အီရန်ရဲ့ နျူကလီးယား

ရည်မှန်းချက်တွေကို ထိန်းချုပ်ရေးနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအရေး ဖြေရှင်းဆောင်ရွက်ရေးတို့ကို

ဆွေးနွေးကြမယ့် G7 ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲမှာ

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ကန့်သတ် ထိန်းချုပ်နိုင်ရေး ကြိုးစားနေကြတဲ့ တိုက်ခိုက်သူတွေကို အတူတကွ

ခိုင်ခိုင်မာမာ ရပ်တည် ရင်ဆိုင်ကြဖို့ လိုအပ်ပါတယ်။” လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ၂ ရက်ကြာ အစည်းအဝေးကို စတင်တဲ့ စနေနေ့မှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက

အခုလို ပြောဆိုပေမယ့်လည်း နိုင်ငံတွေကိုတော့ နာမည်တပ်ပြီး ရည်ညွှန်းပြောဆိုမှု မရှိပါဘူး။

G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို တက်ရောက်ဖို့ အာဆီယံကို ဗြိတိန်ဘက်က

ဖိတ်ကြားထားကြောင်း၊ လူကိုယ်တိုင် တက်ရောက်မယ့် ဆွေးနွေးပွဲကို မြန်မာစစ်ကောင်စီကို ဗြိတိန်ဘက်က

ဖိတ်ကြားမထားကြောင်း ဗြိတိန်ရဲ့ အာရှဆိုင်ရာဝန်ကြီး Amanda Milling က အောက်တိုဘာလ

၁၉ ရက်နေ့မှာ စာနဲ့ ရေးသား ဖြေဆိုထားပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်ကောင်စီဘက်က အွန်လိုင်းကန

ေ တကျရောကျလာနိုငျတယျလို့လညျး မွနျမာ့အရေး လှုပျရှားနတေဲ့

Burma Campaign UK ဘက်က ထောက်ပြ ပြောဆိုထားပါတယ်။

G7 ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဗြိတိန်နိုင်ငံ လီဗာပူးမြို့ကို ရောက်ရှိလာတဲ့ အမေရိကန်

နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)။ (ဒီဇင်ဘာ ၁၀၊ ၂၀၂၁)

G7 နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မြန်မာအကျပ်အတည်း ဆွေးနွေးမည်

ဗြိတိန်နိုင်ငံ လီဗာပူးမှာ ကျင်းပနေတဲ့ G7 နိုင်ငံခြားရေးနဲ့ ဖွံ့ဖြိုးရေး ဝန်ကြီးများ အစည်းအဝေးကို

အာဆီယံနိုင်ငံတွေ တက်ရောက်တာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဘက်ကတော့ မကြာခင်ကပဲ မြန်မာစစ်ကောင်စီက

ခန့်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ်

ဟွန်ဆန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း မြန်မာနိုင်ငံကို သွားမယ်လို့ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မူလအခြေအနေ ပြန်ရောက်ဖို့ တခုတည်းသော နည်းလမ်းမှာ

သက်ဆိုင်သူများအကြား ဆွေးနွေးညှိနှိုင်းမှုများနှင့် ရင်ကြားစေ့ရေးဖြစ်ပြီး တနည်းနည်းနဲ့ စတင်

ဆောင်ရွက်ရမယ်လို့ စနေနေ့မှာပဲ မြန်မာဆိုင်ရာ ကမ္ဘောဒီးယားသံရုံးရဲ့ လူမှုကွန်ရက် Facebook မှာ ပြောဆိုထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်ကို သောကြာနေ့က ခေတ္တသွားရောက်ခဲ့တဲ့ အမေရိကန်

နိုင်ငံခြားရေးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet ကတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အလျှော့ပေး လိုက်လျောတာမျိုး မလုပ်ဖို့

တိုက်တွန်းခဲ့ပါတယ်။ ဘယ်လို ထိတွေ့ဆက်ဆံမှုမျိုးမဆို စစ်ကောင်စီကို လိုက်လျောရုံလောက် မဟုတ်ဘဲ

တကယ်တမ်း ရလဒ်ထွက်လာဖို့ မျှော်လင့်တယ်လို့ အကြံပေးပုဂ္ဂိုလ် Chollet က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ

ခရီးစဉ်အတွင်းမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ ဟာဝိုင်အီ တို့ကိုလည်း သွားရောက်မှာဖြစ်ပြီး

အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့လည်း လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

လာမယ့် သီတင်းပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ရဲ့ အင်ဒိုနီးရှားနိုင်ငံ မြို့တော်

ဂျကာတာခရီးစဉ် အတွင်းမှာလည်း အင်ဒို-ပစိဖိတ် ဒေသရဲ့ အရေးပါမှုနဲ့ အမေရိကန်နဲ့ အင်ဒိုနီးရှား

မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု အရေးပါမှုကို အလေးထားပြောဆိုဖို့ ရှိနေပါတယ်။

ဒီနောက်မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ကို

သွားရောက်မှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာတော့ မြန်မာနိုင်ငံတွင်း ပိုပြီး ဆိုးရွားလာနေတဲ့

ပဋိပက္ခတွေ အရေးကိုလည်း ဝန်ကြီး Blinken ဆွေးနွေးမယ့်အကြောင်း အမေရိကန်

နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။