တချို့သော လူတွေက အသက်ကြီးလာတဲ့အခါမှာ အလုပ်မှအနားယူကြပြီး မိသားစုနဲ့ အချိန်များစွာဖြုန်းကြပါတယ် ။
ဒါပေမဲ့ တချို့မပြည့်စုံတဲ့ လူတွေအတွက်တော့ အသက်က ကြီးပေမဲ့ ဘဝအတွက်နဲ့ပင် ရုန်းကန်နေရတုန်းပါ ။
ဟုတ်ကဲ့ ၊ TikTok အကောင့် @kita_berbagi2 မှ တင်ထားတဲ့ အသက် 89 နှစ်အရွယ် ရေခဲရောင်းသူအဖိုးရဲ့ ဗီဒီယိုကို မကြာသေးမီက မြင်တွေ့ခဲ့ရပြီး လူအများ ဝမ်းနည်းစရာဖြစ်စေမိပါတယ် ။
ရေခဲရောင်းသူအဖိုးက ဇနီးဖြစ်သူနဲ့ ငှားထားတဲ့ အိမ်မှာ နေထိုင်တယ် ။
အဖိုးက ရေခဲချောင်းတွေကို မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ရောင်းချပါတယ် ။
ကလေးတွေအကြောင်း မေးတော့ အဖိုးက ချက်ခြင်း ငိုချသွားတယ် လို့ ဗီဒီယိုထဲကနေ ရေးသားခဲ့ပါတယ် ။
အဘိုးတစ်ယောက်ရဲ့ရုန်းကန်မှုအကြောင်းဒီဗီဒီယိုကိုအကြိမ်ရေ700,000 ကျော်ကြည့်ရှုပြီးLike79,000 ရရှိပြီးနောက် ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ် ။
ထောင်ပေါင်းများစွာသော အင်တာနက်အသုံးပြုသူများကလည်း အဖိုးကို ဆုတောင်းပြီး အားပေးခဲ့ကြပါတယ် ။
Reference : suara
Zawgyi
JRose (KB Chimmy One)